ylliX - Online Advertising Network

မြန်မာဝတ်စုံလေးနဲ့ Close door interview မှာ အလှကြီးလှနေတဲ့ သဲစုညိမ်း –

Miss Grand International ရဲ့ National Costume ပြိုင်ပွဲကို ၂၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ဒီပွဲမှာ သဲသဲ ၀တ်ဆင် အသုံးပြုတဲ့ နားတောင်းကတော့ ကုန်ဘောင်ခေတ်နှောင်းပိုင်းကာလ အေဒီ ၁၈-၁၉ရာစု ခန့်တွင် အသုံးပြုခဲ့သော မြန်မာ့နားတောင်းဖြစ်သည်။ ဖြုတ်နိုင်တတ်နိုင်သော အဆင့်ငါးဆင့်ပါ၀င်ပြီး ရွှေ၊ ငွေ၊ ပတ္တမြားတို့ဖြင့် ပြုလုပ်ထားသည်။ ခြေကျင်းကတော့ ရတနာပုံခေတ်နှောင်းပိုင်းကာလ အေဒီ ၁၉ ရာစုခန့်တွင် အသုံးပြုခဲ့သော ကျားခေါင်းခြေကျင်း ဖြစ်သည်။ ထိုခေတ်က ခြေကျင်းကို အဆန်းတကြယ်ဖြစ်အောင် ကျားခေါင်း၊ နရားခေါင်း၊ နဂါးခေါင်း စသည့်ဖြင့် အမျိုးမျိုး ပြုလုပ် သုံးစွဲခဲ့ကြသည်။ ဆံထိုးကတော့ ရှိရင်းစွဲမြန်မာ့ဆံထိုးလက်ရာများကို အခြေခံပြီး ပိုမိုခံ့ညားထည်ဝါအောင် ပြုလုပ်ဖန်တီးထားသော မြန်မာ့ ကနုတ်လက်ရာပါဆံထိုးကြီးဖြစ်သည်။ တိမ်မြှပ်နေသော မြန်မာ့အဆင်တန်ဆာအလှတရားများကို […]

ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (အောက်တိုဘာလ ၁၃ မှ ၁၉ ရက်အထိ)

(၁) “ဒီတစ်ပတ် စစ်ခေါင်းဆောင်တွေ ဘယ်တွေသွားပြီး ဘာတွေပြောခဲ့ကြသလဲ”(၂)“NCA ကိုးနှစ်ပြည့် စစ်ခေါင်းဆောင်ပေးတဲ့ မက်ဆေ့”(၃)“မြန်မာမှာ ပြည်ပအဖျက်အမှောင့်တွေရှိတယ်ဆိုတဲ့ စစ်ခေါင်းဆောင် တရုတ်သွားမယ်”(၄) “စစ်ကောင်စီသီပေါ ပါတော်မူခန်း”(၅)“နှစ် ၂၀ ကျော်စခန်းကုန်းသိမ်းပွဲ”(၆)“တရုတ်ဖိအားအောက်က KIA ရဲ့ ရုန်းထမှု(သို့မဟုတ်) ပန်ဝါမြို့သိမ်းပွဲ”(၇)“ဗစ်တိုးရီးယားအမှုလိုက်ရှေ့နေ အီတလီက လူ့အခွင့်အရေးဆုရ” Source link

TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန် – iMyanmarHouse.com

[Unicode] အိမ်မှာ အသုံးပြုနေတဲ့ LCD / LED TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်အတွက်နည်းလမ်း ကောင်းများ… မိတ်ဆွေတို့ အိမ်မှာအသုံးပြုနေတဲ့ LCD /LED TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့်အသုံးပြုနိုင်ရန်အတွက်နည်းလမ်း ကောင်းများပြောပြလိုပါတယ်။ သုံးစွဲသူ အများစု ဖြစ်လေ့ရှိတဲ့ပြဿနာများနဲ့ ဖြေရှင်းချက်အချို့ကို ဖော်ပြလို့ပါတယ်။ (၁) ရေဝင်ခြင်း ၊ ကြောင်သေးဝင်ခြင်း၊ (၂) ပြုတ်ကျခြင်း ၊ ဆောင့်မိ ခိုက်မိခြင်း ၊ ကလေးကြောင့် ထိခိုက်မိခြင်း၊ (၃) TV မှန်ပြင်အနီးခြင်ရိုက် ဘက်တံဖြင့် ရိုက်မိခြင်း၊ (၄) မီးအား ဆောင့်တက်ခြင်း၊ မိုးကြိုးစက်ကွင်းမိခြင်း၊ (၅) TVကို stand by […]

“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

“တက်ဈေးနဲ့ ငြိမ်နေတဲ့ စက်သုံးဆီ”   ဒီတစ်ပတ် စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ကတည်းက တက်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ငြိမ်နေတာတွေ့ရပါတယ်။   အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို နာရီနဲ့ချီ ကြာအောင် တန်းစီဝယ်ယူရတာမျိုးမရှိပေမဲ့ ဆိုင်ကြီးတချို့မှာပဲ စက်သုံးဆီအမျိုးအစားအားလုံး ရပြီး ဆိုင်ငယ်အများစုမှာတော့ စက်သုံးဆီ မရတစ်ချက်၊ ရတစ်ချက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။   ဒါကြောင့် တချို့ဆိုင်တွေ အချိန်ပိုင်းပဲ ဖွင့်လှစ်နေရသလို တချို့လည်း ပိတ်ထားရတာမျိုးတွေရှိနေတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။   စစ်ကောင်စီဗဟိုဘဏ်ဘက်ကလည်း ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေကြောင့် အရင်ပတ်တွေတုန်းကလို စက်သုံးဆီတင်သွင်းရာမှာအဓိကသုံးစွဲတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ပဲ ဈေးကွက်ထဲ ရောင်းပေးခဲ့ပြီး တရုတ်ယွမ်တော့ လုံးဝမရောင်းပေးခဲ့ပါဘူး။   ဒီတစ်ပတ် ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေက ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ […]

“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

“ကျပ်ငွေဈေး ပြန်ကျ”   ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေများခဲ့ပြီး အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်တွေပဲ စစ်ကောင်စီလက်အောက်ခံရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။   စစ်ကောင်စီဗဟိုဘဏ်က အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၅၄ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းကိုရောင်းချပေးခဲ့သလို ထိုင်းတစ်ဘတ်ကို ၁၁၆ ကျပ်နီးပါးနှုန်းနဲ့ သန်း ၂၀၀ နီးပါးအထိ ရောင်းချပေးခဲ့တယ်လို့ သူတို့ရဲ့ FX အွန်လိုင်းဈေးကွက်မှာ ကြေညာထားပါတယ်။   ဒါပေမဲ့ ဒီတစ်ပတ် နိုင်ငံခြားငွေဈေးတွေဟာ အမြင့်ဈေးတွေနဲ့ ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာက အဲဒီအမြင့်ဈေးတွေနဲ့ ပြန်ပိတ်သွားခဲ့ပါတယ်။   ဒီတစ်ပတ် အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ လေးရက်လုံး အကျဈေးမှာသာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီရက်တွေအတွင်း ငွေကြေးဈေးကွက်ထဲ […]

တပ်ကုန်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့) မှ စားနပ်ရိက္ခာများ လှူဒါန်း

တပ်ကုန်း၊ အောက်တိုဘာ ၁၆ ပြည်ထောင်စူနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) မှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန် ၁၅ ကီလိုဂရမ် (၇ ပြည် ၄ ဗူး)၊ အာဟာရဖြည့်ဘီစကစ်  ၁၅  ထုပ်၊  ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ်၊ ၆ လမှ ၅၉ လ အရွယ် ကလေးငယ်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် (နို့ပါဝင်သော) ၁.၅  ကီလိုဂရမ်ပါ ၂ ထုပ် […]

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ – iMyanmarHouse.com

[Unicode] (KISS ဘာလဲ) Kiss သည် အမေရိကန် ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်ပြီး ၁၉၇၃ ခုနှစ်တွင် နယူးယောက်မြို့၌ အဆိုတော် ပေါလ် စတန်လေ (Paul Stanley) ၊ ဘေ့စ်ဂစ်တာသမား (Gene Simmons) ၊ ဂစ်တာသမား (Ace Frehley) နှင့် ဒရမ် (Peter Criss) တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ Kiss အဖွဲ့ကြီးသည် ပါးစပ်တွင်းမှ မီးမှုတ်ထုတ်ခြင်း၊ သွေးများမှုတ်ထုတ်ခြင်း၊ မီးခိုးထွက်နေသော ဂစ်တာများ၊ ဒုံးများ ပစ်ခတ်ခြင်း၊ မီးရှုးမီးပန်းဖောက်ခြင်းများ အစရှိသည့် ထူးခြားသောတင်ဆက်ပုံများဖြင့် ၁၉၇၀ ပြည့်လွန် ကာလများအတွင်း စတင်ကျော်ကြားလာခဲ့သည်။ ရှေ့ထွက်အဆိုတော် ပေါလ်စတန်လေနှင့် ဘေ့စ်ဂစ်တာသမား Simmons တို့ ၂ ဦးမှလွဲပြီး အဖွဲ့သား အပြောင်းအလဲ မကြာခဏဖြစ်ပေါ်ခဲ့သည်။ […]

AMD မှ Data Center များအတွက် 5th Gen EPYC CPU နှင့် Instinct MI325X accelerator များကို မိတ်ဆက်

AMD ဟာ San Francisco မှာကျင်းပခဲ့တဲ့ Advancing AI ပွဲမှာ 5th Generation EPYC CPUs နဲ့ Instinct MI325X accelerator များကို မိတ်ဆက်လိုက်ပြီး AI workload တွေ၊ data center နဲ့ high-performance computing (HPC) ကဏ္ဍမှာ အထူးကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ငန်းစွမ်းရည်တွေပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီထုတ်ကုန်အသစ်တွေဟာ လက်ရှိရှိတဲ့ ယှဉ်ပြိုင်သူများထက် စွမ်းဆောင်ရည်နဲ့ ပေါ်လစီအရ ဦးဆောင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ ထုတ်ကုန်တွေဖြစ်ပြီး လာမယ့်နှစ်တွေမှာ လုပ်ငန်းတွေအတွက် အလွန်အရေးပါတဲ့ အခွင့်အလမ်းတွေနဲ့ အသုံးချနိုင်မယ့်နည်းပညာတွေ ပါဝင်ပါတယ်။ 5th Generation EPYC CPUs AMD ဟာ 5th Generation EPYC […]

13th နှင့် 14th Generation processor များ၏ မတည်ငြိမ်မှုပြဿနာအတွက် နောက်ဆုံး update ဖြစ်လာမည့် 0x12B microcode update

Image: Intel 13th နဲ့ 14th Generation processor တွေရဲ့ မတည်ငြိမ်မှုပြဿနာဟာ အံ့သြဖွယ်မဟုတ်ဘဲ Intel အနေနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတည်းက microcode BIOS updates များစွာ ထုတ်ဝေပြီး အဆိုပါပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေခဲ့ပါတယ်။  Intel အနေနဲ့ 0x125 ကို စတင်ထုတ်ပြန်ခဲ့ပြီး ဒီနောက်မှာ 0x129 အထိထုတ်ပေးခဲ့ပေမဲ့ ဒီအဆင့်မှာ Intel ရဲ့ပူပန်မှုကို များများစားစားမလျော့ချပေးနိုင်ခဲ့ပါဘူး။ အခြေအနေကို ရှင်းရှင်းလင်းလင်းပြောရရင် ဒီပြဿနာရဲ့ဟာ ကြီးလွန်းလို့ 13900K နဲ့ 14900K တွေကိုအစားထိုးပေးဖို့အတွက် ပစ္စည်းပြတ်လပ်တာတွေပါရှိလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ 0x12B microcode update ကို ထုတ်ပေးခဲ့ပြီး Intel က “0x125 နဲ့ 0x129 microcode […]

Mini Jeans Skirt ကို စတိုင်ကျကျဝတ်လို့ရစေမယ့် Styling Tips များ

Skip to content အကြီးဆုံး Denim ခေတ်ရေစီးကြောင်းတွေထဲမှ တစ်ခုဖြစ်တဲ့ Denim Skirt တွေက အခုဆို လူငယ်တွေကြားမှာ တစ်ခေါက်ပြန်ပြီး ခေတ်စားလာပြန်ပါပြီ။ ဒါကြောင့် ပိုစမတ်ကျပြီး မိန်းမဆန်တဲ့ Look မျိုးရဖို့အတွက် ဂျင်းစကတ်ကို ဘာနဲ့တွဲဝတ်ရမလဲဆိုတာ ရွေးရခက်နေသူတွေအတွက် Styling Tips တချို့ကို ဝေမျှလိုကိ်ပါတယ်။ Collar Bones ကိုပေါ်စေတဲ့ ဒီလို Top မျိုးလေးနဲ့ တွဲဝတ်တာကလည်း သင့်ကိုပိုဆွဲဆောင်မှုပိုစေပါတယ်။ ရာသီဥတုအေးချိန်ဆို ဒီလို လည်ပင်းမြင့်မြင့်လေးတွေနဲ့ တွဲဝတ်တာကလည်း အအေးသက်သာပြီး စတိုင်လည်းကျစေပါတယ်။ Night Out ထွက်တဲ့အခါမှာလည်း ဒီလို အမိုက်စား အင်္ကျီတစ်ထည်နဲ့တွဲပြီး စတိုင်ကျလို့ရပါသေးတယ်။ ခပ်ဟော့ဟော့ဝတ်ရတာကြိုက်ရင်တော့ ဒီလို Top လေးနဲ့ တွဲဝတ်လိုက်ပါ။ ဘယ်တော့မှမရိုးသွားတဲ့ ရိုးရိုးတီရှပ်လေးနဲ့ဘဲတွဲဝတ်ချင်ရင်တော့ အမိုက်စားနဲ့ […]