ylliX - Online Advertising Network
13th နှင့် 14th Generation processor များ၏ မတည်ငြိမ်မှုပြဿနာအတွက် နောက်ဆုံး update ဖြစ်လာမည့် 0x12B microcode update

13th နှင့် 14th Generation processor များ၏ မတည်ငြိမ်မှုပြဿနာအတွက် နောက်ဆုံး update ဖြစ်လာမည့် 0x12B microcode update


Image: Intel


13th နဲ့ 14th Generation processor တွေရဲ့ မတည်ငြိမ်မှုပြဿနာဟာ အံ့သြဖွယ်မဟုတ်ဘဲ Intel အနေနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတည်းက microcode BIOS updates များစွာ ထုတ်ဝေပြီး အဆိုပါပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေခဲ့ပါတယ်။  Intel အနေနဲ့ 0x125 ကို စတင်ထုတ်ပြန်ခဲ့ပြီး ဒီနောက်မှာ 0x129 အထိထုတ်ပေးခဲ့ပေမဲ့ ဒီအဆင့်မှာ Intel ရဲ့ပူပန်မှုကို များများစားစားမလျော့ချပေးနိုင်ခဲ့ပါဘူး။

အခြေအနေကို ရှင်းရှင်းလင်းလင်းပြောရရင် ဒီပြဿနာရဲ့ဟာ ကြီးလွန်းလို့ 13900K နဲ့ 14900K တွေကိုအစားထိုးပေးဖို့အတွက် ပစ္စည်းပြတ်လပ်တာတွေပါရှိလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ 0x12B microcode update ကို ထုတ်ပေးခဲ့ပြီး Intel က “0x125 နဲ့ 0x129 microcode update တွေကို အကျုံးဝင်အောင်ပြုလုပ်ထားပြီး idle နဲ့ light activity အချိန်တွေမှာ processor ရဲ့ အလွန်အမင်း voltage တောင်းဆိုမှုပြဿနာကို ဖြေရှင်းပေးထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

0x12B microcode update က နောက်ဆုံးလား

ပြဿနာရဲ့ အခြေအနေကို စဉ်းစားရင် 2024 Q4 မှာ နောက်ထပ် microcode update ထပ်ထုတ်မယ်လို့ လူအများက မျှော်လင့်နေခဲ့ပေမဲ့ အဲလိုမဟုတ်ပါဘူး။ Gigabyte Z790 AORUS Elite AX motherboard ရဲ့ နောက်ဆုံး BIOS update မှတ်ချက်ထဲမှာ “Intel ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ 13th/14th Gen desktop processor တွေရဲ့ Vmin Shift Instability ပြဿနာကို ဖြေရှင်းပေးတဲ့ နောက်ဆုံး update အဖြစ် 0x12B microcode ကို ထည့်သွင်းထားပါတယ်” လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဒါကြောင့် Intel ဘက်က microcode update ထပ်မံထွက်ရှိလာတော့မှာမဟုတ်ပဲ ၄င်းတို့အနေနဲ့ Vmin shift instability ပြဿနာကို အပြီးတိုင်ဖြေရှင်းမဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိသွားပြီလို့ ယူဆရပါတယ်။ ဒီ update က တကယ်အလုပ်ဖြစ်မှာလားဆိုတာကို motherboard တွေမှာ အသက်ဝင်လာတဲ့အချိန်မှာ တွေ့မြင်ရမှာဖြစ်ပြီး အချို့  Z790 motherboards တချို့မှာတော့ ဒီ update က မရောက်လာသေးပါဘူး။

ဆိုလိုတာက ယခင် update တွေဟာ အကျိုးသက်ရောက်မှုသိပ်မရှိခဲ့ကြောင်းယူဆရပြီး Intel ရဲ့ ဒီနောက်ဆုံး BIOS update က ပြဿနာကို အဆုံးသတ်ဖြေရှင်းပေးနိုင်မယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဒီ BIOS update တကယ်ကို အောင်မြင်မလား၊ အမှန်တကယ်ဖြေရှင်းပေးနိုင်မလားဆိုတာကိုတော့ စမ်းသပ်မှုတွေ၊ ဝေဖန်မှုတွေနဲ့ အတူ ပြန်လည်သိရှိရမှာဖြစ်ပါတယ်၊ Intel အနေနဲ့ ဒီတစ်ခေါက်မှာတော့ အခွင့်အရေးကို လက်လွှတ်ခွင့်မရှိတော့ပါဘူး။

AMD အနေနဲ့ Ryzen 9000 series မိတ်ဆက်ချိန်မှာ ပြဿနာအချို့ရှိခဲ့တာကြောင့် Intel ကို အသက်ရှုချောင်ခွင့်ပေးသလို ဖြစ်စေခဲ့ပေမဲ့ Intel ရဲ့ 15th-generation processors တွေကလည်း ထွက်ရှိဖို့နီးကပ်လာပြီမို့ အနာဂတ်မှာထုတ်ကုန်အသစ်တွေကိုမိတ်မဆက်ခင် သူတို့အနေနဲ့ သုံးစွဲသူတွေ ယုံကြည်မှုကို ပြန်လည်ရယူဖို့ လိုအပ်နေပါတယ်။

ဒါဟာ အရေးကြီးပါတယ် ဘာလို့ဆို 13th နဲ့ 14th Generation processors တွေဟာ သုံးစွဲသူတွေကို ထိခိုက်စေခဲ့ပါတယ်။ Intel အနေနဲ့ ယခင်ပြဿနာတွေကို မဖြေရှင်းပဲ ရှေ့ဆက်ဖို့သာဆောင်ရွက်နေတယ်ဆိုရင် သုံးစွဲသူတွေကိုဂရုမစိုက်တဲ့ကုမ္ပဏီအဖြစ် မြင်ကြမှာဖြစ်သလို ကုမ္ပဏီအပေါ် ယုံကြည်မှုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါဟာ ဘယ်လိုကုမ္ပဏီမှ မကြုံတွေ့ချင်တဲ့ အခြေအနေဖြစ်ပါတယ်။

Source: PCguide





Source link

Leave a Reply

Your email address will not be published. Required fields are marked *