သျှမ်းမြောက်၊ လားရှိုးမြို့ကို ယနေ့ (အောက်တိုဘာလ ၁၄ ရက်) ည ၆ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အရပ်သား ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ရှိ အရပ်ဘက် ပစ်မှတ်များကို စစ်ကောင်စီက နေ့စဥ် ဗုံးကြဲ တိုက်ခိုက်နေရာ ယနေ့ညနေ ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ကနဦး သိရှိရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။ “နားမခေါ် ကားကြီးကွင်းနားက ရွှေတောင်ကြားဘက် ဗုံး ၃ လုံးကျတယ် ကြားတယ်။ ဆိုင်ကယ်စီးလာတာ ဗုံးထိလို့ တစ်ယောက်သေတယ်၊ တစ်ယောက် ဒဏ်ရာပြင်းတယ် ကြားတယ်။ လေယာဉ် ထပ်လာအုံးမလား မသိဘူး” ဟု […]
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄ လက်လွှတ်လိုက်ရတဲ့ မြို့အချို့ ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီ ပြင်ဆင်နေ ၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက အချို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့နေရပါတယ်။ ယမန်နှစ် အောက်တိုဘာ လကုန်ခါနီးက စလို့ စစ်ဆင်ရေး ၁၀၂၇ ပထမအကျော့မှာ ရှမ်းမြောက်ဒေသက လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်လုံ၊ သိန္နီ၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ ဟိုပန်၊ ပန်လုံ၊ ကွတ်ခိုင် အစရှိတဲ့ မြို့တွေကို TNLA နဲ့ MNDAA တပ်ဖွဲ့တွေက အခြားသော ပူးပေါင်းတပ်ရင်းတပ်ဖွဲ့တွေနဲ့ အတူ တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ တဖန် ယခုနှစ် ဇူလိုင်လမှာ ပြန်လည်စတင်တဲ့ ဒုတိယအကျော့ စစ်ဆင်ရေးတွေမှာတော့ ကျောက်မဲ၊ […]
ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ KIA သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဗန်းမော်နဲ့မိုးမောက်မြို့ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့သလို ဖားကန့်နဲ့ ဝိုင်းမော်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ထိုးစစ်ပြန်ဆင်လာတဲ့အတွက် ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ Post navigation Source link