ylliX - Online Advertising Network

ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။ “စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။ ပျောက်နေတာတွေရှိသေးတယ်လို့ ကြားတယ်။ အခုတော့ စစ်ကြောင်းက ထွက်သွား​ပြီ […]

Mizzima Weekly Sports အစီအစဉ် I 26 October 2024 – BUR.MIZZIMA.COM

-ထိုင်းဘက်မှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ အပ်နှံခံရချိန် အတင်းအဓမ္မစစ်သားစုဆောင်းတာခံရတဲ့ မြန်မာလူငယ် ၂၇ ဦး အစောင့်စစ်သားနှစ်ဦးကို ပစ်သတ်ကာ သေနတ်ယူဆောင်ထွက်ပြေးကြတဲ့သတင်း -စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်တဲ့သတင်း… Source link

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်း၍ နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော် ထုတ်ရောင်းပေးထား

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်း၍ နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော် ထုတ်ရောင်းပေးထား – Myanmar Transparency News Source link

ရုရှား-မြန်မာ တိုက်ရိုက်လေယာဉ်ခရီးစဉ်ရှိသော်လည်း ခရီးသွားလုပ်ငန်း မအောင်မြင် – Myanmar Now

နိုင်ငံခြားဝင်ငွေရရေး၊ နိုင်ငံတည်ငြိမ်နေကြောင်းပုံဖော်ရေး ရည်ရွည်ချက်များဖြင့် တွန်းတွန်းတိုက်တိုက် လုပ်နေသော စစ်ကောင်စီ၏ ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့လည်ပတ်ရေး အစီအစဉ် အလုပ်မဖြစ်သေးကြောင်း တွေ့ရသည်။  ၂၀၂၂၊ ဇူလိုင်မှ စတင်ကာ ရုရှားခရီးသွားများကို ဗီဇာကင်းလွတ်ခွင့် တစ်နှစ်ခွင့်ပြုထားပြီး ရုရှား-မြန်မာ လေကြောင်းခရီးစဉ် တိုက်ရိုက်ပြေးဆွဲနေသည့်တိုင် ရုရှားခရီးသွား များပြားမလာသေးပေ။  ရုရှားနိုင်ငံ၏ တတိယမြောက်အကြီးဆုံးမြို့ဖြစ်သော၊  လူဦးရေ တစ်သန်းခွဲကျော် နေထိုင်သော နိုဗိုစီဗစ်မြို့ (Novosibirsk) သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း  (MAI -Myanmar National Airlines) က ၂၀၂၃၊ စက်တင်ဘာမှ စတင်ကာ  တစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲနေသည်။   စစ်ကောင်စီလက်အောက်ခံ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၄ နှစ်စမှ ဩဂုတ်လအထိ ရုရှားခရီးသွား ၂၅၄၄ ဦး ဝင်ရောက်လာခဲ့သည်။ ယမန်နှစ် […]

မြန်မာနှင့်လာအို အလုပ်သမားစေလွှတ်ရန် သဘောတူပြီးနောက် အလုပ်သမားအေဂျင်စီများ ဒေါ်လာ ၂၀၀ ကျော်ရရှိမည်ဟု တရားဝင်အလုပ်ခေါ်လာ – Ayeyarwaddy Times

မြန်မာနှင့်လာအို အလုပ်သမားစေလွှတ်ရန် သဘောတူပြီးနောက် အလုပ်သမားအေဂျင်စီများ ဒေါ်လာ ၂၀၀ ကျော်ရရှိမည်ဟု တရားဝင်အလုပ်ခေါ်လာ – Ayeyarwaddy Times Source link

တိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် အမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲဟု AA ဆို – Myanmar Now

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်သည့် အမ်းမြို့နယ်ရှိတပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု အာရက္ခတပ်တော် (AA) က  ယနေ့ (အောက်တိုဘာ ၂၅ ) တွင် ပြောသည်။ အမ်းမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ကာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာကာ မြို့နယ် တစ်ခုလုံး သိမ်းပိုက်ရန်အထိ စစ်ရေးကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။ “အမ်းမြို့မှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ရေး တိုက်ပွဲဆက်ပြင်းထန်နေတယ်။ ဂွမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်လို့ပြင်းထန်နေတယ်။ မောင်တောမှာ၊ နောက်ဆုံးလက်ကျန် စခန်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေတယ် “ဟု AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။ တိုက်ပွဲအခြေအနေအသေးစိတ်အချက်အလက်များကို လတ်တလောထုတ်ပြော၍ မရသေးဟု ၎င်းက ဆိုသည်။ AA သည် စစ်ရေးအရအရေးပါသော မဲတောင်ဗျူဟာကုန်းစခန်းကို […]

ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏နေ့စဉ်ဘဝသင်တန်း (အပတ်စဉ် ၆) ၃။ အဓိပတိပစ္စည်း – DTC – Dhammatrainingcenter

    အောက်ပါ link မှ download ရယူနိုင်ပါသည်                             The post ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏နေ့စဉ်ဘဝသင်တန်း (အပတ်စဉ် ၆) ၃။ အဓိပတိပစ္စည်း appeared first on DTC – Dhammatrainingcenter . Source link

 ကချင်ဒေသတွင် တိုက်ပွဲဆက်နေ၊ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဟု KIA ပြော – Myanmar Now

စစ်အာဏာရှင်ပြုတ်ကျရန် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ထုတ်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက  ယနေ့ (အောက်တိုဘာ ၂၅) ကျရောက်သည့် အဖွဲ့ ထူထောင်ခြင်း ၆၄ နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် ဖြစ်ပေါ်လာသည့် မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းပြီး အာဏာရှင်စနစ်ကို တွန်းလှန်ချေမှုန်းနိုင်မည့် အချိန်ကောင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုသည်။ “KIO အနေနဲ့လည်း မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း တော်လှန်ရေးအင်အားစုတိုင်းနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ်အမြတ်ပြတ်ဖို့ တော်လှန်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် ကိုယ်စားလှယ်များနှင့် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်အချို့ တရုတ်နိုင်ငံ ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့သည်။ […]

အင်တာနက်ပိတ်ထားမိသည့် စစ်ကောင်စီလည်း  Starlink သုံးနေရ – Myanmar Now

နိုင်ငံတွင်း ဒေသအများအပြားကို အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ထားသည့် စစ်ကောင်စီလည်း ၎င်း၏တပ်များ ဆက်သွယ်ရေး အဆင်ပြေနိုင်ရန်အတွက် Starlink ဂြိုဟ်တုအင်တာနက် သုံးနေကြောင်း  အထောက်အထား မကြာသေးမီက ပေါ်ပေါက်လာသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်ကာလအတွင်း စစ်ရဟတ်ယာဉ်က  ပင်လည်ဘူးရဲစခန်းသို့ ချပေးသော အထုပ်များ ထိုစခန်းကို  ဝိုင်းထားသည့် တော်လှန်ရေးအင်အားစုထံ ရောက်သွားရာ ထိုအထုပ်များထဲတွင် ကျည်ဆန်အများအပြား ၊ အီနာဂါဗုံးသီးများနှင့် ဆက်သွယ်ရေးစက် တချို့အပြင် Starlink ဂြိုလ်တု အင်တာနက်စက်တစ်လုံးပါဝင်နေခြင်း ဖြစ်သည်ဟု   တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။  “လာချပေးတာတော့ ရဲစခန်းထဲကို လာချပေးတာ။  Mi- 17နဲ့လာပို့တာဆိုတော့ အောက်ကနေ လေယာဥ်ပစ် စက်သေနတ်နဲ့ ပစ်တော့ ရဲစခန်းထဲ မချနိုင်ဘဲ ချလို့ရတဲ့နေရာချပေးခဲ့တာ” ဟု Guerilla Ranger တပ်ဖွဲ့  ခေါ် […]

နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်နိုင်‌ သေးတဲ့အတွက် ဒေသခံများ သွားလာရေး ခက်ခဲ – Kachin News Group (KNG)

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့အဝင်တံတား ပြန်မဆောက်ပေးသေးတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ခက်ခက်ခဲခဲ သွားလာနေရဆဲလို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ နန်းယွန်းမြို့မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရေစီးနဲ့မျှောပါပျက်စီးသွားတဲ့ နန်းယွန်းမြို့အဝင်တံတားဟာ ၆ လကျော်ကြာလာတဲ့အထိ တံတားသစ်ပြန်တည်ဆောက်ပေးခြင်းမရှိသေးဘူးလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “တံတားကမထိုးပေးသေးဘူးဗျာ။ဒီတိုင်းပဲစက်လှေနဲ့ကူးနေရတာ လူတစ်ယောက်ငါးထောင်ပေးရတယ် ဆိုင်ကယ်လည်းအလွတ်ဆိုရင်တစ်စီးငါးထောင်ကုန်နဲ့ဆိုရင်တော့တစ်စီး ၁၀၀၀၀ ၊၁၅၀၀၀ အထိပေးရတယ်”လို့သူကပြောပါတယ်။ ကျိုးသွားတဲ့တံတားဟာ နန်းယွန်းမြို့နဲ့၃ မိုင်ကျော်အကွာမှာရှိတာဖြစ်ပြီး ဒေသခံတွေအဓိကအသုံးပြုနေတဲ့တံတားဖြစ်သလို ရှင်ဗွေယန်–နန်းယွန်းကြားလီဒိုကား လမ်းမပေါ်မှာတည်ရှိတဲ့ အရေးပါတဲ့တံတားတစ်ခုလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့နန်းယွန်းသားတွေကအဓိက တောင်ယာခုတ်စားကြတာလေ။တံတားဟိုဘက်ကမ်းမှာတောင်ယာခင်တွေအများကြီးရှိတယ် တစ်နေ့တစ်နေ့မပေးနိုင်ဘူးလေပိုက်ဆံအဲ့တော့တောင်ယာခုတ်တဲ့လူတွေလည်း ဘာမှလုပ်လို့မရတော့ဘူးဖြစ်နေတယ်”လို့  နောက်ထပ် ဒေသခံအမျိုးသား တစ်ဦးဆက်ပြောပါတယ်။ ဒါ့အပြင် နန်းယွန်းဒေသအတွက် ကုန်စည်တွေ တင်သွင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းမှာရှိပြီး ခုလိုတံတားကျိုးသွားတာကြောင့် ကုန်တွေကိုနှစ်ဆင့်ခံပြီးသယ်ယူနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် နန်းယွန်းဒေသထဲမှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့အခြားကုန်စျေးနှုန်းမဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။ တံတားပြန်ဆောက်ပေးဖို့အတွက် […]