ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို တူရကီ romance drama ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားချော Çagatay Ulusoy, မင်းသမီးချော Ebru Sahin, Senay Gürler တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်ရင်းနဲ့ ပိုက်ဆံရှာတဲ့ Saygin ဆိုတဲ့ကောင်လေးဟာ အချစ်ဆိုတဲ့အရာနဲ့ ထိတွေ့မိသွားတဲ့အခါ သူ့ဘဝဟာ လုံးဝပြောင်းလဲ သွားခဲ့ပါတယ်။ ဒါပေမယ့် အတိတ်တုန်းက သူလုပ်ခဲ့တဲ့ကိစ္စတွေဟာ သူ့နောက်ကို အရိပ်လိုလိုက်လာပါတယ်။ သူ့အရင်ဘဝကို ကောင်မလေး မသိအောင် လျှို့ဝှက်ထားရင်း ဗျာများနေတဲ့ Saygin ရဲ့ဘဝဇာတ်လမ်းကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ကြည့်ပြီးသွားတဲ့အခါ ခေါင်းထဲမှာ တွေးစရာတွေကျန်နေခဲ့အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဇာတ်လိုက်မင်းသားရဲ့ သရုပ်ဆောင်ချက်တွေက […]
Skip to content အလိုအလျှောက်မောင်နှင်တဲ့ ကားတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အိပ်မက်လို ဖြစ်ခဲ့ပေမယ့် အခုတော့ တကယ် ဖြစ်လာပါပြီ။ အခုအချိန်က တခြား ပစ္စည်းတွေကိုလည်း အလိုအလျှောက် အလုပ်လုပ်နိုင်အောင် အာရုံစိုက်ရမယ့် အချိန် ဖြစ်ပါတယ်။ အလိုအလျှောက် အလုပ်လုပ်တဲ့ ထီး ပေါ်လာမယ်ဆိုရင် ဒါဟာ ပျော်စရာကောင်းပြီး ထူးခြားဆန်းသစ်စေမှာ ဖြစ်ပါတယ်။ မိုးရွာထဲမှာ သင့်နောက် တကောက်ကောက်လိုက်ပြီး အလိုအလျှောက် မိုးပေးမယ့် ထီးဟာ တကယ်မိုက်မှာပါ။ အခုတော့ အဲဒီထီး တကယ် ပေါ်လာပါပြီ။ နာမည်ကြီး မျက်လှည့်ပညာရှင် Moulla နဲ့ Augmented Magic မှ သူ့ အဖွဲ့က Dronebrella ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ Drone ထီးဟာ လက်နဲ့ […]
Skip to content သိပ္ပံပညာရှင်တွေက AI ကို အသုံးပြုထားတဲ့ အီလက်ထရောနစ် လျှာ အတုကို ဖန်တီးလိုက်ပြီး Coke နဲ့ Pepsi ကို ခွဲခြားနိုင်ပါတယ်။ အစားအစာထဲမှာ ပါတဲ့ ဓါတုဗေဒ ပစ္စည်းတွေကို အသေးစိတ် ခွဲခြားနိုင်ပါတယ်။ Pennsylvania State University မှ သုတေသနပညာရှင်တွေက အဲဒီ လျှာရဲ့ ဆန်ဆာတွေဟာ အစားအစာဟာ လတ်ဆတ်သလား သို့မဟုတ် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ပါနေသလားဆိုတာကို စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ လျှာကို Graphene ကို အသုံးပြုကာ တည်ဆောက်ထားတာ ဖြစ်ပြီး AI Neural Network နဲ့ ချိတ်ဆက်ထားပါတယ်။ ပညာရှင်တွေက အရသာခံနိုင်တဲ့ လူ့ဦးနှောက်ရဲ့ Gustatory Cortex […]
Skip to content OnePlus ဟာ စွမ်းရည်မြင့် ဖုန်းတွေမှာ နောက်ဆုံးထုတ် အကောင်းဆုံး Chipset တွေကို ထည့်သွင်းလေ့ရှိပါတယ်။ အခုလည်း Snapdragon 8 Elite ပါတဲ့ OnePlus 13 ကို ကြေညာလိုက်ပါတယ်။ တရုတ်မှာ အရင်ဆုံး ရောင်းချမှာ ဖြစ်ပေမယ့် လာမယ့်လတွေအတွင်း နိုင်ငံတကာမှာ ဝယ်ယူနိုင်မှာပါ။ Display အကြောင်း စပြောရရင် 6.82” 1440p OLED တပ်ဆင်ထားပြီး 1-120Hz Refresh Rate , 4500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ Ultrasonic Fingerprint Scanner မြှုပ်နှံထားပါတယ်။ တရုတ်ထုတ် စွမ်းရည်မြင့် ဖုန်းတွေမှာ Trend ဖြစ်နေတဲ့ […]
[Unicode] အကယ်၍ သင်ကံကောင်းမည်ဆိုပါက တခါတရံတွင် စာတစ်စောင်ဖြင့် သင့်ဘဝကို ပြောင်းလဲပစ်နိုင်သည်။ ထိုစာတစ်စောင်မျှဖြင့် သင်အလွန်လိုချင်ဖူးသော အလုပ်အကိုင်မျိုး ရတတ်၏။ Humans of Bombay အမည်ရှိ Facebook စာမျက်နှာမှ မကြာသေးမီက တင်ခဲ့သော ပို့စ်တစ်ခုတွင် အသက် ၂၇ နှစ်အရွယ် ရှန်တနူး နိုင်ဒူ (Shantanu Naidu) ဟူသည့် အမျိုးသားက စက်မှုလုပ်ငန်းရှင် သူဌေးကြီး ရာတန် တာတာထံသို့ စာတစ်စောင်ပေးပို့ခဲ့ရာမှတဆင့် သူဌေး၏ လက်ထောက်အဖြစ် အလုပ်ရရှိသွားပုံကို ရေးသားဖော်ပြထားသည်။ ရှန်တနူးသည် ဘွဲ့ရပြီးနောက် ၂၀၁၄ ခုနှစ်တွင် Tata Group ၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သူဌေးကြီး တာတာနှင့် ရှန်တနူးတို့နှစ်ဦးက အလွန်ရင်းနှီးသော မိတ်ဆွေများအဖြစ်သို့ ပို့ဆောင်ပေးခဲ့သည်မှာ ၎င်းတို့၏ တိရ စ္ဆာန်များအပေါ် […]
Apocalypse Z: El principio del fin (The Beginning of the End ) ဒါကတော့ ဇွန်ဘီးကမ္ဘာပျက်ကိန်းအကြောင်း စပိန်ရုပ်ရှင်သစ်ပဲ ဖြစ်ပါတယ်။ နာမည်ကြီး နိုင်ငံတကာအရောင်းရဆုံး စပိန်ဝတ္ထု တွဲတွေထဲက ပထမဆုံးစာအုပ်ကို ရိုက်ကူးထားတာဖြစ်လို့ အဆက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** မာနဲဆိုတဲ့ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ဇနီးဆုံးသွားပြီးနောက်မှာ ကြောင်ကလေး လူကူလိုနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။ သူ့မှာ အရမ်းချစ်ရတဲ့ ဘယ်လန်ဆိုတဲ့ အစ်မမိသားစုလည်းရှိပါတယ်။ ဘယ်လန်ရဲ့ အမျိုးသားက စစ်တပ်ကပါပဲ။ ရုရှားစမ်းသပ်ခန်းတစ်ခုကနေ ပြန့်လာတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ဇွန်ဘီး ကမ္ဘာပျက်ကိန်းကြီး စတင်လာချိန်မှာ သူ့အစ်မ လင်မယားက ဘေးကင်းတဲ့ ဌာနချုပ်ကိုရောက်သွားပေမဲ့ မာနဲနဲ့ ကြောင်ကလေးက မြို့ပျက်ကြီးထဲမှာ ကျန်နေခဲ့ပါတယ်။ […]
Lubber Pandhu (2024) “ချည်သောကြိုးများ” ကမ္ဘာမှာ ခရစ်ကတ်ကစားနည်းကို အနှစ်သက်ဆုံးရောအအောင်မြင်ဆုံးအသင်းအဖြစ်ရောပါဝင်နေတဲ့နိုင်ငံတွေထဲမှာ အိန္ဒိယဆိုတာ ထိပ်ဆုံးမှာပါဝင်နေတာအိန္ဒိယရုပ်ရှင်ပရိသတ်တွေသိကြမှာပါ။ အခုတင်ဆက်ပေးမှာက ဒါရိုက်တာ Tamizharasan Pachamuthuရဲ့ ပွဲဦးထွက်လက်ရာ တမီးလ်ရုပ်ရှင်။ခရစ်ကတ်အားကစား၊ အချစ်နဲ့ ဟာသကို အချိုးညီညီချက်ပြုတ်ထားတဲ့ဟင်းကောင်းတစ်ခွက်မို့ မြည်းစမ်းကြည့်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဂျိုလီဖရန့်ဆိုတဲ့ ခရစ်ကတ်အသင်းမှာ ဝင်ကစားရမယ်ဆိုတဲ့စိတ်နဲ့ ရောက်လာခဲ့တဲ့ အန်ဘူး။သဘောထားချင်းမတိုက်ဆိုင်လို့ ဂျိုလီဖရန့်မှာ ဝင်မကစားတော့ဘဲ တစ်ဘက်အသင်းမှာကစားနေတဲ့ဒူဘိုင်းပြန် မြို့ရဲ့ဂုဏ်ဆောင် ဂီသူးဆိုတဲ့လူကြီးရဲ့ အံ့မခန်းရိုက်ချက်တွေကို ရပ်ကြည့်နေခဲ့တဲ့ကောင်လေး။ ဂျိုလီဖရန့်အသင်းဝင်မဖြစ်ခဲ့တဲ့အန်ဘူးတစ်ယောက် ဆယ်နှစ်ဆိုတဲ့အချိန်ကာလကိုဖြတ်ကျော်ပြီးချိန်မှာဘယ်အသင်းသားမှမလုပ်ဘဲ ကြုံရာအသင်းမှာ ဧည့်သည်ကစားသမားအဖြစ်နဲ့ ဝင်ကစားနေပြီးအားကစားဝတ်စုံဆိုင်လေးဖွင့်ထားခဲ့တာပေါ့။ တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုမှာကောင်မလေးတစ်ယောက်ကို ကြွေမိသွားရာကစ သူငယ်ငယ်က ရပ်ကြည့်ခဲ့ရတဲ့ဆရာကြီးဂီသူးရဲ့သမီးဆိုတာကိုသိရတဲ့နောက်မှာတော့…။ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို မြူးမြူးကြွကြွတင်ဆက်ရိုက်ကူးထားမှုမှာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 3.2 GB / […]
စစ်ကောင်စီသစ္စာခံ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်များကိုတိုက်ထုတ်ပြီး မြေရှားသတ္တု အများအပြားထွက်ရှိရာ ကချင်ပြည်နယ်ထဲရှိ ချီဖွေနှင့်ပန်ဝါဒေသများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားနိုင်သော်လည်း တရုတ်အစိုးရ၏ နယ်စပ်ပိတ်ဆို့မှုများကြောင့် သတ္တုတူးဖော်မှုလုပ်ငန်းအများစု ရပ်ဆိုင်းထားသည်ဟု သိရသည်။ လျှပ်စစ်ကား(EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည့် မြေရှားသတ္တုသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ချီဖွေ၊ ပန်ဝါဒေသများတွင် အများအပြားထွက်ရှိသည်။ ထိုဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်များနှင့် စစ်ကောင်စီသစ္စာခံ ပြည်သူ့စစ်တို့က အများအပြားတူးဖော်ခဲ့ကြသည်။ယခုနှစ် မတ်လဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး အောက်တိုဘာလတွင် တရုတ်နိုင်ငံက အများဆုံးဝယ်ယူနေသည့် မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ ပန်ဝါမြို့များကိုပါ သိမ်းယူနိုင်ခဲ့သည်။ ပြည်နယ်အရှေ့ပိုင်းက ကချင်တောင်တန်းများသည့် စစ်တပ်နှင့်ပြည်သူ့စစ်လက်အောက်၌ မြေရှားသတ္တု အလွန်အကျံတူးဖော်ရာနေရာဖြစ်ခဲ့သည်။ ဓာတ်ပုံ – […]
Dark Figure of Crime (2018) **************************** 2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ဒီမှုခင်းဇာတ်ကားလေးမှာတော့Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့အဓိက ပါဝင်ထားပါတယ် .. တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့********************ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက်ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုကစုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။ သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲလူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကိုရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ […]
အားလုံးပဲ မင်္ဂလာပါ။ ဒီအပတ်မှာတော့ ကျန်းမာရေးဆိုင်ရာဗဟုသုတအဖြစ် peripheral neuropath (အာရုံကြောအားနည်းခြင်း) အကြောင်းအရာကို sharing လုပ်ပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ စာဖတ်သူတို့ အာရုံကြောအားနည်းခြင်းဆိုတာကိုသိကြပါသလားရှင့်။ အာရုံကြောအားနည်းခြင်းဆိုတာကတော့ အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီးဆီကနေ သတင်းအချက်အလက်တွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ အာရုံကြောတွေပျက်စီးခြင်းကိုခေါ်ပါတယ်။ အာရုံံံကြောအားနည်းခြင်း အမျိုးအစားပေါင်းများစွာရှိပါတယ်။ ထိုအထဲကမှ အဓိကအားဖြင့် လေးမျိုးမှာအောက်ပါအတိုင်းဖြစ်ပါသည်။ Motor Neuropathy : ကြွက်သားနဲ့ ကိုယ်ခန္ဓာလှုပ်ရှားခြင်းကို ထိန်းချုပ်ပေးသော အာရုံကြောစနစ်များ ထိခိုက်ပျက်စီးခြင်း။ Sensory Neuropathy : အာရုံခံစားမှုများဖြစ်သော အထိအတွေ့ ၊ အပူအအေး နှင့် နာကျင်မှု စသော အာရုံခံစနစ်ကို ထိန်းချုပ်ပေးနိုင်သော အာရုံကြောတွေ ပျက်စီးခြင်း။ Autonomic Neuropathy : အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းစသည့်တို့ကို အလိုအလျောက်လုပ်ဆောင်ပေးသော အာရုံကြောစနစ်ထိခိုက်ပျက်စီးခြင်း။ […]