OnePlus ဟာ စွမ်းရည်မြင့် ဖုန်းတွေမှာ နောက်ဆုံးထုတ် အကောင်းဆုံး Chipset တွေကို ထည့်သွင်းလေ့ရှိပါတယ်။ အခုလည်း Snapdragon 8 Elite ပါတဲ့ OnePlus 13 ကို ကြေညာလိုက်ပါတယ်။ တရုတ်မှာ အရင်ဆုံး ရောင်းချမှာ ဖြစ်ပေမယ့် လာမယ့်လတွေအတွင်း နိုင်ငံတကာမှာ ဝယ်ယူနိုင်မှာပါ။
Display အကြောင်း စပြောရရင် 6.82” 1440p OLED တပ်ဆင်ထားပြီး 1-120Hz Refresh Rate , 4500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ Ultrasonic Fingerprint Scanner မြှုပ်နှံထားပါတယ်။
တရုတ်ထုတ် စွမ်းရည်မြင့် ဖုန်းတွေမှာ Trend ဖြစ်နေတဲ့ IP69 စံနှုန်း ထည့်သွင်းထားပြီး ဖိအားမြင့်တဲ့ အရည်တွေကို ခံနိုင်တဲ့အတွက် IP68 ထက် ပိုမိုက်ပါတယ်။ Gaming Controller Level Feedback ရှိတဲ့ Vibration Motor ထည့်သွင်းထားပါတယ်။ 602mm3 Volume ရှိတဲ့အတွက် OnePlus က Android ဖုန်းမှာ ပါတဲ့ အကြီးမားဆုံး Vibration Motor လို့ ကြွားထားပါတယ်။
OnePlus 13 အနောက်ဘက်မှာ Hasselblad-branded 50MP ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Main 23mm Shooter မှာ OIS ပါတဲ့ Sony LYT-808 Sensor ကို သုံးထားပါတယ်။ အဲဒါနဲ့အတူ 3x Periscope ကင်မရာနဲ့ 15mm Ultrawide ကင်မရာ (Macro လိုလည်း သုံးနိုင်)ကို တပ်ဆင်ထားပါတယ်။
တရုတ်မှာ Android 15 အခြေပြု ColorOS 15 မောင်းနှင်ထားပြီး နိုင်ငံတကာမှာ OxygenOS 15 ထည့်သွင်းထားမှာပါ။ ကြီးမားတဲ့ 6,000mAh Silicon-carbon Battery ပါလာပြီး 100W Wired နဲ့ 50W Wireless Charging ထည့်သွင်းထားပါတယ်။
OnePlus 13 အတွက် White, Obsidian နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၄,၄၉၉ ယွမ်နဲ့ တန်ဖိုးအများဆုံး 24GB/1TB ကို ၅,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာ ငွေ ၂၇ သိန်း ဝန်းကျင် ကျသင့်ပါတယ်။ ဈေးနှုန်း အပြည့်အစုံကို အောက်မှာ ကြည့်နိုင်ပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။
Ref: gsmarena
Share This Story, Choose Your Platform!
Go to Top