ylliX - Online Advertising Network

၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင် – Western News

လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတပ်တို့သည့် […]

တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက် – Western News

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီဟာ ဗုံးအလုံးကို ရာနဲ့ချီပြီးချတယ်။ ” […]

Western drivers remain sceptical of in-vehicle AI

A global study has unveiled a stark contrast in attitudes towards embracing in-vehicle AI between Eastern and Western markets, with European drivers particularly reluctant. The research – conducted by MHP – surveyed 4,700 car drivers across China, the US, Germany, the UK, Italy, Sweden, and Poland, revealing significant geographical disparities in AI acceptance and understanding. […]

အမ်း နပခ ကျလျှင် ရခိုင်မှာ အာဏာချိန်ခွင်လျှာ ပြောင်းနိုင်သလား – Western News

ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုနှစ်ရှိသည့်အနက် ၁၀ မြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ချင်းပြည်နယ်ထဲက ပလက်ဝမြို့နှင့်ဆို ၁၁ မြို့အထိ သိမ်းထားပြီဖြစ်သည်။ သို့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိသည့် အမ်းမြို့၊ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့် မြို့တော်စစ်တွေ၊ ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူ၊ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် ရှိသည့် တောင်ကုတ်မြို့ စသဖြင့် မြို့တော်ကြီးများကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်သည်။ ယင်းအပြင် မာန်အောင်၊ ဂွ၊ မောင်တော ဒေသများမှာလည်း စစ်အင်အား အများအပြားဖြင့် စစ်ကောင်စီရှိနေဆဲဖြစ်သည်။ လက်ရှိ အမ်း၊ မောင်တော၊ ဂွနှင့် တောင်ကုတ် ဒေသများမှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြပြီး […]

အမ်းမြို့ထဲ ပိတ်မိနေသူများမှာ စစ်ကောင်စီက ရမ်းသမ်းဗုံးကြဲမှာကို စိုးရိမ်နေ – Western News

တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲသို့ စစ်ကောင်စီ လေကြောင်းက ရမ်းသမ်းဗုံးကြဲမှာကို မြို့ထဲပိတ်မိနေသူများက စိုးရိမ်နေကြသည်။ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းကလည်း လက်နက်ကြီးများအပြင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပိတ်မိနေသူများ စစ်ရှောင်ရာ အမှတ် ၄ ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်နှင့် မြို့မြောက်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီ၏ ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ နီးပါး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး နာမည်များကို စုံစမ်းနေဆဲဖြစ်သည်။ မြို့ထဲပိတ်မိနေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “တိုက်ပွဲကမြို့ထဲကို ဝင်လာရင် AA ရှိတယ်ဆိုပြီး အကုန်လုံးကို ရမ်းသမ်းဗုံးကြဲသွားမှာ ကျနော်တို့ စိုးရိမ်နေတယ်။ အခုတိုက်ပွဲက မြို့အထဲကိုတော့ မရောက်လာသေးဘူးပေါ့။ ဒါပေမယ့် အချိန်မရွေး ရောက်လာနိုင်တဲ့အနေအထားဖြစ်နေပြီ” ဟု […]

တေးသံရှင် ဆုမြတ်ထက်ကို စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေရဲစခန်းတွင် ချုပ်နှောင်ထား၊ ဖုန်းအား နေပြည်တော်တွင် စစ်ဆေးနေ – Western News

ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားပြီးနောက် မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသည်။ လက်ရှိတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်း၏ ဖုန်းကိုလည်း နေပြည်တော်တွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြာင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက Western News ကို ပြောသည်။ “မရမ်းကုန် စစ်ကြောရေးမှာ […]

၃၆ နှစ်ပြည့်ခဲ့ပြီ ABSDF ကျောင်းသားတပ်မတော် – Western News

(တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်မည်ဟုဆို) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (၃၆) နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၊ မြောက်ပိုင်းဗဟိုဌာနချုပ်၊ စစ်ကြောင်း (၂) နှင့် စစ်ကြောင်း (၃) စသည့် နယ်မြေဒေသ အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ABSDF က ထုတ်ပြန်ထားသည်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားတပ်မတော် ABSDF က ပြောသည်။ ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲ က “ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရောက်ဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဘုံသဘောထားတွေချမှတ်ရင်း […]

Taqueria Chingón Closing On Western Avenue This Month — But Owners Hope To Reopen Elsewhere

BUCKTOWN — A popular Mexican restaurant on the Bucktown-Logan Square border known for its gourmet tacos and quesadillas is closing this month. Taqueria ChingĂłn, 2234 N. Western Ave., will close Nov. 26, the restaurant announced in an Instagram post Friday morning. The closure won’t be permanent, however. The taqueria will reopen elsewhere, although no details […]