ကုလသမဂ္ဂ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)ကျူးဘားနိုင်ငံအပေါ် စီးပွားရေးနှင့် ကုန်သွယ်ရေးအရ ကာလကြာမြင့်စွာ ပိတ်ဆို့အရေးယူခြင်းကို အဆုံးသတ်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းထားသော နှစ်စဉ် ဆုံးဖြတ်ချက်အဆိုကို ကုလသမဂ္ဂ အထွေထွေညီလာခံက အောက်တိုဘာ ၃၀ ရက်၌ တစ်ခဲနက် အတည်ပြုခဲ့သည်။ယင်းဆုံးဖြတ်ချက်အဆိုအား နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ထောက်ခံခဲ့ကာ အမေရိကန်နှင့် အစ္စရေးတို့သာ ကန့်ကွက်မဲပေးခဲ့ပြီး မော်လ်ဒိုဗာနိုင်ငံက မဲမပေးခဲ့ပေ။ကုလသမဂ္ဂ အထွေထွေညီလာခံက အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ တန်းတူရည်တူရှိရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ကြားဝင်နှောင့်ယှက်ခြင်းနှင့် စွက်ဖက်ခြင်းမပြုရေး မူဝါဒများကို ထပ်လောင်းအတည်ပြုခဲ့သည်။ နိုင်ငံအားလုံးအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်နှင့် နိုင်ငံတကာဥပဒေများကို လိုက်နာကာ ကန့်သတ်ပိတ်ပင်ရေး ဥပဒေများ၊ အစီအမံများအား ပြဋ္ဌာန်းခြင်း သို့မဟုတ် ကျင့်သုံးခြင်းအား ရှောင်ကြဉ်ကြရန်လည်း အထွေထွေညီလာခံက ထပ်လောင်းတိုက်တွန်းခဲ့သည်။ယင်းအား မဖြစ်မနေလိုက်နာရန် […]
— ဂျာမန်ဖလားပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်က မိန့်ဇ်အား သက်သောင့်သက်သာအနိုင်ရရှိ အောက်တိုဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဖလားပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းအား ၄-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ရကာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဂျမားလ် မူစီယာလာက အသင်းအတွက် ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းယူပေးခဲ့ကာ လီရွိုင်းဆာနေးကလည်း တစ်ဂိုးသွင်းယူခဲ့သည်။ ဂျာမန်ဖလားပြိုင်ပွဲ၏ အခြားပွဲစဉ်များတွင် ယူနီယံဘာလင်က တတိယတန်းမှ Arminia Bielefeld အား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ဟိုင်ဒန်ဟိမ်းအသင်းကလည်း ဒုတိယတန်းမှ ဟာသာဘာလင်အသင်းအား ၁-၂ ဂိုးဖြင့် အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သည်။ အိန်းထရက်ချ် ဖရန့်ဖွတ်က မွန်ချန်ဂလာဘက်ချ်အား ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ဝါဒါဘရီမင်က ပါဒါဘွန်းအား ၁-၀ ဂိုးဖြင့်လည်းကောင်း၊ Darmstadt အသင်းက Dynamo Dresden […]
လိုက်ပ်ဇစ်နှင့် စတုဂတ်တို့ ဂျာမန်ဖလား နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်အောက်တိုဘာ ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဖလား ပွဲစဉ်များတွင် လိုက်ပ်ဇစ်အသင်းက စိန့်ပေါ်လီအား ၄-၂ ဂိုးဖြင့် အနိုင်ယူကာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ စတုဂတ်အသင်းကလည်း ကိုင်ဇာစတော့တန်အား နောက်ကျအနိုင်ဂိုးသွင်းယူကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။အောက်တိုဘာ ၂၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် အခြားပွဲစဉ်များတွင် ဝုဖ်ဘတ်က ဒေ့ါမွန်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ကိုလုံးအသင်းကလည်း ဟိုလ်စတိန်းကီရယ်လ်အား ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ လေဗာကူဆင်အသင်းက တတိယတန်းမှ အက်စ်ဗီ အယ်လ်ဗာဘတ်အား ၃-၀ ဂိုးဖြင့်လည်းကောင်း၊ အော့စ်ဘတ်အသင်းက ဒုတိယတန်းမှ ရှော်ကေးအသင်းအား ၃-၀ ဂိုးဖြင့်လည်းကောင်း၊ […]
-သမ္မတရှီက ဖင်လန်နိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေး -သမ္မတရှီနှင့် ဇမ်ဘီယာနိုင်ငံ သမ္မတတို့က သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြု သဝဏ်လွှာများ ဖလှယ် -ဂါဇာဒေသမြောက်ပိုင်းတွင် အစ္စရေး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေဆုံးသူအရေအတွက် ၆၅ ဦးထိ မြင့်တက်လာ – အာဖဂန်နစ္စတန်နိုင်ငံက ကန်ဒေါ်လာ ၁၆၃ သန်းတန် ဘိလပ်မြေစက်ရုံ သဘောတူစာချုပ် လက်မှတ်ရေးထိုး – အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင် မီးရှူးမီးပန်း မတော်တဆဖြစ်စဉ်ကြောင့် လူ ၁၅၀ ကျော် ဒဏ်ရာရရှိ – တရုတ်နိုင်ငံက အာကာသစခန်းမစ်ရှင်အတွက် ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများအား ထုတ်ဖော်ပြသ -တရုတ်နိုင်ငံက မိတ်ဖက်နိုင်ငံများမှ အာကာသယာဉ်မှူးများအား ရွေးချယ်လေ့ကျင့်ပေးရန် စီစဉ်လျက်ရှိ -တရုတ်နိုင်ငံက လူလိုက်ပါသော လကမ္ဘာဆင်းသက်ရေးအစီအစဉ်အား အပြည့်အဝတိုးတက်လျက်ရှိ […]
ယခုဘောလုံးရာသီ၏ ပထမဆုံး El Clasico ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားမည် ယခုနှစ် ဘောလုံးရာသီ၏ ပထမဆုံး El Clasico ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် ခါးသီးပြိုင်ဘက်များဖြစ်သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ရီးရဲလ်အသင်း၏အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူး၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ လက်ရှိ လာလီဂါအမှတ်ပေးဇယား ရပ်တည်မှုတွင် ဘာစီလိုနာအသင်းက အဆင့်-၁၊ ရီးရဲလ်အသင်းက အဆင့်-၂ နေရာတို့တွင် အသီးသီးရပ်တည်နေကာ ဘာစီလိုနာအသင်းက ယခုနှစ် ဘောလုံးရာသီတွင် ၁၀ ပွဲကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၁ ပွဲ ရှုံးနိမ့်ကာ ရီးရဲလ်အသင်းအား ၃ မှတ် အသာရထားသည်။ ….. ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပွဲစဉ်၌ ဖရန့်ဖွတ်က ရီဂါ အက်ဖ်အက်စ်အား အနိုင်ရရှိ […]
– ဝမ်ရိနှင့် ဂျပန် အမျိုးသားလုံခြုံရေးတာဝန်ရှိသူတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး– တရုတ်နိုင်ငံက Tianping-3 ဂြိုဟ်တုလွှတ်တင်– BRICS ခေါင်းဆောင်များ ကာဇန်မြို့တွင် တွေ့ဆုံပြီး ကမ္ဘာ့တောင်ဘက်ခြမ်းပူးပေါင်းဆောင်ရွက်မှုအတွက် ဦးဆောင်ဦးရွက်ပြု– CPC ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်– FTZ က တရုတ်-အာဆီယံ စီးပွားရေး၊ ကုန်သွယ်ရေး ဆက်ဆံမှု နက်ရှိုင်းစေရန် ပြုပြင်ပြောင်းလဲပေး– ပြန်လည်ရွေးကောက်ခံ တူနီးရှား သမ္မတ ကျမ်းသစ္စာကျိန်ဆို– ယူကရိန် သမ္မတနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး တွေ့ဆုံကာ ကာကွယ်ရေးကိစ္စရပ်များ ဆွေးနွေး– ဟစ်ဇ်ဘိုဘာက အစ္စရေးမြောက်ပိုင်း တဲလ်အဗစ်မြို့ကို ဒုံးကျည် အစင်း ၂၀ ဖြင့် ပစ်ခတ်– အစ္စရေးက ဘေရွတ်မြို့ရှိ ဟာရီရီဆေးရုံကို လေကြောင်းတိုက်ခိုက်ပြီးနောက် လူ ၁၃ ဦး သေဆုံး၊ ၅၇ […]
…………………………… (English Version) Xi says China, Russia find right way for neighboring major countries to get along with each other The post တရုတ်နှင့် ရုရှားက အိမ်နီးချင်းနိုင်ငံကြီးများ၏ မှန်ကန်သောဆက်ဆံရေးနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သမ္မတ ရှီပြော appeared first on Xinhua News Agency. Source link
ဂျကာတာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုက ပါလီမန်အဆောက်အအုံ၌ အင်ဒိုနီးရှားနိုင်ငံ၏ ရှစ်ဦးမြောက် သမ္မတအဖြစ် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံအား ဆယ်စုနှစ်တစ်ခုကြာ ဦးဆောင်ခဲ့သည့် ဂျိုကိုဝီဒိုဒို၏ နေရာအား ဆက်ခံခဲ့သည်။ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပရာဘိုဝိုနှင့် ၎င်း၏ ဒုသမ္မတလောင်းဖြစ်သူ ဂျီဘရန် ရာကာဘူမင်ရာကာတို့သည် ဖေဖော်ဝါရီ ၁၄ ရက်၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ဂျီဘရန်မှာ ဆူရာကာတာ မြို့တော်ဝန်ဟောင်းဖြစ်ကာ သမ္မတဟောင်း ဝီဒိုဒို၏ အကြီးဆုံးသားလည်းဖြစ်သည်။ ပရာဘိုဝိုက ၎င်းအနေဖြင့် အင်ဒိုနီးရှား ပြည်သူအားလုံးအတွက် အလုပ်အကျွေးပြုမည်ဟု ပထမဆုံးမိန့်ခွန်း ပြောကြားစဉ်အတွင်း ကတိပြုခဲ့သည်။ […]
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) လက်ဘနွန်နှင့် အစ္စရေးနိုင်ငံအကြား အပြာရောင်စည်း အနီးဝန်းကျင်ရှိ နေရာများမှ ထွက်ခွာကြရန် အစ္စရေး အာဏာပိုင်များက တိုက်တွန်းလျက်ရှိသော်လည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအနေဖြင့် လက်ဘနွန်ရှိ ၎င်းတို့၏ နေရာအားလုံးတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ အကြီးအကဲက ပြောကြားခဲ့သည်။”အပြာရောင်စည်းရဲ့ အနီးဝန်းကျင်က နေရာတွေကနေ ထွက်ခွာဖို့ အစ္စရေး ကာကွယ်ရေးတပ်က တိုက်တွန်းထားပေမဲ့လည်း လက်ဘနွန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) အနေနဲ့ မိမိတို့ရဲ့ နေရာအားလုံးမှာ လတ်တလော ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု လက်ဘနွန်နိုင်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများဆိုင်ရာ under-secretary-general ဖြစ်သူ Jean-Pierre Lacroix […]
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) သီတင်းကျွတ်လပြည့်နေ့နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံတစ်ဝန်းတွင် ပွဲတော်ကာလအတွက် ပြင်ဆင်မှုများဖြင့်အလုပ်များနေကြပြီး နေအိမ်များနှင့် ဈေးဆိုင်များ၌ ရောင်စုံမီးပုံးများဖြင့် အလှဆင်သူများရှိသလို အချို့မှာလည်း မိသားစုနှင့်ပြန်လည်ဆုံစည်းရန် မွေးရပ်မြေသို့ပြန်သူများလည်း ရှိကြသည်။သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာသည့် နေ့ထူးနေ့မြတ်ဖြစ်ကာ သီတင်းကျွတ်လပြည့်ဆီမီးထွန်းပူဇော်ပွဲနှင့် မိသားစုဆုံစည်းကြသည့် အခါသမယလည်းဖြစ်ပေသည်။ ဘုရားစေတီများနှင့် မိမိတို့၏နေအိမ်များတွင် မြန်မာ့ရိုးရာနှင့် ခေတ်မီ ရောင်စုံမီးပုံးများ၊ဆီမီးခွက်များနှင့် ဖယောင်းတိုင်များ မီးထွန်းပူဇော်ခြင်းဖြင့် မီးရောင်စုံထိန်ထိန်လင်းနေသည်။ မစုမာလွင်တစ်ယောက် ဆင်ခြေဖုံးရပ်ကွက်မှ ရန်ကုန်မြို့လယ်ရှိလူစည်ကားသောဈေးသို့ လာရောက်ကာ မီးပုံးများနှင့် ပွဲတော်အလှဆင်ပစ္စည်းများဝယ်ယူရန် လူအုပ်ကြားထဲတရွေ့ရွေ့သွားလာလှုပ်ရှားနေသည်။ “ဒီနှစ်တော့ အိမ်ရှေ့မှာ မီးပုံးအလှလေးတွေအလှချိတ်မယ်” ဟုမစုမာလွင်က အသစ်ဝယ်ယူလာသော တရုတ်ရောင်စုံမီးပုံးများကို ပြသလျက်ပြောသည်။ “ဒီမီးပုံးလေးတွေကို ချစ်လို့၊ လှလို့၊သေသပ်လို့ ဝယ်ဖြစ်တာပါ။ နှစ်တိုင်းတော့ အသစ်အဆန်းလေးတွေ တွေ့ရင် ဝယ်ပြီးအိမ်မှာချိတ်ထားတယ်။ အထူးသဖြင့်တရုတ်မီးပုံးလေးတွေ […]