ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
လက်ဘနွန်နှင့် အစ္စရေးနိုင်ငံအကြား အပြာရောင်စည်း အနီးဝန်းကျင်ရှိ နေရာများမှ ထွက်ခွာကြရန် အစ္စရေး အာဏာပိုင်များက တိုက်တွန်းလျက်ရှိသော်လည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအနေဖြင့် လက်ဘနွန်ရှိ ၎င်းတို့၏ နေရာအားလုံးတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ အကြီးအကဲက ပြောကြားခဲ့သည်။”အပြာရောင်စည်းရဲ့ အနီးဝန်းကျင်က နေရာတွေကနေ ထွက်ခွာဖို့ အစ္စရေး ကာကွယ်ရေးတပ်က တိုက်တွန်းထားပေမဲ့လည်း လက်ဘနွန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) အနေနဲ့ မိမိတို့ရဲ့ နေရာအားလုံးမှာ လတ်တလော ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု လက်ဘနွန်နိုင်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများဆိုင်ရာ under-secretary-general ဖြစ်သူ Jean-Pierre Lacroix က ပြောကြားခဲ့သည်။”ဒီဆုံးဖြတ်ချက်အတိုင်း ဆက်ရှိနေဦးမယ်ဆိုတာကို မိမိအနေနဲ့ အလေးအနက်ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကာ ထိုဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၁၄ ရက် အစောပိုင်း၌ အတည်ပြုခဲ့ခြင်းဖြစ်ပြီး အလေးအနက်ထားရမည့် အကြောင်းအရာများနှင့် စံနှုန်းများကို အခြေခံ၍ စေ့စပ်သေချာစွာ သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုက အဓိကအကျဆုံး ဦးစားပေးကိစ္စပဲဖြစ်ပါတယ်” ဟု Lacroix က ဆိုသည်။ထိုအတောအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြာရောင်စည်းတစ်လျှောက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း အောက်တိုဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။ “အပြာရောင်စည်းတစ်လျှောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း UNIFIL က တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက သူတို့ရဲ့ လေးလေးနက်နက် စိုးရိမ်မှုကို ပြသခဲ့ပါတယ်” ဟု အောက်တိုဘာလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ၊ ကုလသမဂ္ဂဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ပါစကဲ ဘဲရစ်စ၀ဲလ်က ဆိုသည်။ “ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ပါတယ်” ဟု လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးအပြီး၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ၎င်းက ထည့်သွင်းဖော်ပြခဲ့သည်။UNIFIL တပ်ဖွဲ့ဝင်များနှင့် ကုလသမဂ္ဂ အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို လေးစားရန် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက သက်ဆိုင်သူအားလုံးကို တိုက်တွန်းခဲ့ကာ အဆိုပါမစ်ရှင်အား ထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ဒေသတွင်းတည်ငြိမ်မှုကို အထောက်အကူပေးလျက်ရှိသော ထိုမစ်ရှင်၏ အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြခဲ့သည်ဟု ၎င်းက ဆိုသည်။လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက အရပ်သားများ သေကျေပျက်စီးမှုနှင့် ထိခိုက်ခံစားရမှု၊ အရပ်ဘက် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု၊ ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ မြင့်တက်လာမှုတို့အပေါ် အလေးနက်ဆုံး စိုးရိမ်မှုကို ပြသခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ဆက်လက်၍ သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအား လိုက်နာစောင့်ထိန်းရန်၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်-၁၇၀၁ အား အပြည့်အဝ အကောင်အထည်ဖော်ရန် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းခဲ့ကာ ပဋိပက္ခအား အချိန်ကြာကြာ ရပ်တန့်နိုင်ရေး၊ အပြာရောင်စည်း တစ်ဖက်တစ်ချက်စီမှ အရပ်သားများအနေဖြင့် ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းသွားရန် လိုအပ်ကြောင်းကိုလည်း အလေးထားပြောကြားခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
#UN #Lebanon #ကုလသမဂ္ဂ #လက်ဘနွန်
————————-
(English Version)
UN peacekeepers to stay in positions in Lebanon: peacekeeping chiefUNITED NATIONS, Oct. 14 (Xinhua) — UN peacekeepers will stay in all their positions in Lebanon in spite of the calls made by Israeli authorities to vacate the positions that are in the vicinity of the Blue Line between Lebanon and Israel, the UN peacekeeping chief said on Monday. “The decision was made that UNIFIL (UN Interim Force in Lebanon) would currently stay in all its positions in spite of the calls that were made by the Israel Defense Forces to vacate the positions that are in the vicinity of the Blue Line,” said Jean-Pierre Lacroix, the UN under-secretary-general for peace operations, after briefing the Security Council on the situation in Lebanon. “I want to emphasize that this decision still remains,” he said, adding that the decision was confirmed earlier Monday by UN Secretary-General Antonio Guterres, and was carefully considered based on “a number of elements and criteria.” “Of course the safety and security of the peacekeepers is a paramount priority,” said Lacroix. Meanwhile, the UN Security Council on Monday expressed its strong concern over the ongoing hostilities across the Blue Line. “Against the backdrop of the ongoing hostilities along the Blue Line, the members of the Security Council expressed their strong concern after several UNIFIL positions under fire in the past days,” said Pascale Baeriswyl, president of the Security Council for October and permanent representative of Switzerland to the United Nations. “Several peacekeepers have been wounded,” she said in a statement after closed-door Security Council consultations. The members of the Security Council urged all parties to respect the safety and security of UNIFIL personnel and UN premises, reiterating their support to the mission, and underscoring its role in supporting for regional stability, she said. Baeriswyl noted that the council members expressed their deepest concern over civilian casualties and sufferings, the destruction of civilian infrastructure, and the rising number of internally displaced people. They called on all parties to abide by international humanitarian law, called for the full implementation of Security Council resolution 1701, and emphasized the need for “diplomatic endeavors that would bring a durable end” to the conflict and allow civilians on both sides of the Blue Line to return safely to their homes, she added. EnditemEnglish CaptionJean-Pierre Lacroix (at podium), the UN under-secretary-general for peace operations, speaks to the press at the UN headquarters in New York, on Oct. 14, 2024. (Loey Felipe/UN Photo/Handout via Xinhua)