— ဂျာမန်ဖလားပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်က မိန့်ဇ်အား သက်သောင့်သက်သာအနိုင်ရရှိ
အောက်တိုဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဖလားပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းအား ၄-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ရကာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဂျမားလ် မူစီယာလာက အသင်းအတွက် ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းယူပေးခဲ့ကာ လီရွိုင်းဆာနေးကလည်း တစ်ဂိုးသွင်းယူခဲ့သည်။
ဂျာမန်ဖလားပြိုင်ပွဲ၏ အခြားပွဲစဉ်များတွင် ယူနီယံဘာလင်က တတိယတန်းမှ Arminia Bielefeld အား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ဟိုင်ဒန်ဟိမ်းအသင်းကလည်း ဒုတိယတန်းမှ ဟာသာဘာလင်အသင်းအား ၁-၂ ဂိုးဖြင့် အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သည်။ အိန်းထရက်ချ် ဖရန့်ဖွတ်က မွန်ချန်ဂလာဘက်ချ်အား ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ဝါဒါဘရီမင်က ပါဒါဘွန်းအား ၁-၀ ဂိုးဖြင့်လည်းကောင်း၊ Darmstadt အသင်းက Dynamo Dresden အား ၃-၂ ဂိုးဖြင့်လည်းကောင်း၊ ဟော့ဖန်ဟိမ်းအသင်းက နုရင်ဘတ်အား ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ဖရိုင်းဘတ်အသင်းက ဟမ်းဘတ်အား ၂-၁ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရခဲ့သည်။
…..
— စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် လာလီဂါအသင်းများ နောက်တစ်ဆင့်သို့တက်ရောက်
စပိန်ဘုရင့်ဖလားပြိုင်ပွဲ (ကိုပါဒယ်ရေး) ပွဲစဉ်များတွင် အောက်တိုဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါအသင်း ၄ သင်းလုံး နောက်တစ်ဆင့်သို့ အလွယ်တကူ တက်ရောက်နိုင်ခဲ့သည်။
ဆယ်လ်တာဗီဂိုအသင်းက San Pedro de Alcantara အသင်းအား တိုက်စစ်မှူး အနာစတာစီယိုစ် ဒူဗီကက်စ်၏ ဒုတိယပိုင်းသွင်းဂိုးနှစ်ဂိုး အပါအဝင် ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဂျီရိုနာအသင်းကလည်း Extremadura အသင်းအား ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဆီဗီလာအသင်းကလည်း Las Rozas အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လီဂါနက်စ်အသင်းကလည်း Ciudad de Lucena အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
— အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲအတွက် မီးရှူးမီးတိုင်၊ ဆုတံဆိပ်များနှင့် အထိမ်းအမှတ်သီချင်းအား ထုတ်ဖော်ပြသ
တရုတ်နိုင်ငံ ဟာအယ်ပင်းမြို့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲအတွက် မီးရှူးတိုင်၊ ဆုတံဆိပ်များနှင့် အထိမ်းအမှတ်သီချင်းတို့ကို အောက်တိုဘာ ၃၀ ရက်က တရားဝင်ထုတ်ဖော်ပြသခဲ့သည်။
မီးရှူးတိုင်၏ အမြင့်မှာ ၇၃၅ မီလီမီတာရှိကာ ထိပ်ပိုင်း၏အချင်းမှာ ၁၁၅ မီလီမီတာရှိပြီး လက်ကိုင်၏အချင်းမှာ ၅၀ မီလီမီတာရှိသည်။ တစ်ဟုန်ထိုးတက်ခြင်းဟူ၍ အဓိပ္ပာယ်ဆောင်သော ဒီဇိုင်းပုံစံက တက်ကြွ၍ အားမာန်ပြည့်ဝမှုကို ပုံဖော်ရန်ရည်ရွယ်ကာ ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲတွင် သက်ဝင်လှုပ်ရှားမှုနှင့် စိတ်အားတက်ကြွမှုများ ပြည့်နှက်နေမည့်အသွင်ကို ဖော်ကျူးထားခြင်းဖြစ်သည်။ မီးရှူးတိုင်၏ ဒီဇိုင်းပုံစံတစ်ခုလုံးတွင် နိုင်ငံတကာ အနုသုခုမ သွင်ပြင်လက္ခဏာများကို ထည့်သွင်းထားကာ တရုတ်နိုင်ငံ၏ ဂန္ထဝင်နှင့် ခေတ်မီအနုလက်ရာများကို ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲအတွက် Spirit of Speed ဟု အမည်ပေးထားသော ဆုတံဆိပ်များကိုလည်း အဆိုပါနေ့၌ပင် ထုတ်ဖော်ပြသခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Bayern ease past Mainz in German Cup
Jamal Musiala’s first-half hat-trick paved the way for Bayern Munich’s 4-0 win over Mainz on Wednesday, advancing them to the last 16 of the German Cup.
Elsewhere, Union Berlin crashed out with a 2-0 defeat at third-division Arminia Bielefeld. Heidenheim were stunned 2-1 by second-division Hertha Berlin. Eintracht Frankfurt clinched a hard-earned 2-1 win against Borussia Monchengladbach. Werder Bremen edged Paderborn 1-0. Darmstadt beat Dynamo Dresden 3-2 after overtime. Hoffenheim downed Nuremberg 2-1, and Freiburg defeated Hamburg 2-1.
…..
Copa del Rey: Top-flight sides progress
The four La Liga teams in action in the Copa del Rey on Wednesday all booked their places in the next round with relatively comfortable wins.
Striker Anastasios Douvikas scored two second-half goals as Celta Vigo enjoyed a 5-1 win away to San Pedro de Alcantara, who play five divisions below them. Girona also made their class count with a 4-0 victory away to Extremadura.
Sevilla won 3-0 away to Las Rozas with an own goal and two efforts from Kelechi Iheanacho seeing them through against a side that plays five categories below them. Leganes are also through, but had to work a lot harder against Ciudad de Lucena, who play in the fifth tier.
…..
Torch, medal, anthem for Asian Winter Games unveiled
The torch, medals and anthem for the 2025 Asian Winter Games in Harbin were officially unveiled on Wednesday.
The height of the torch is 735mm, with a top diameter of 115mm and a grip diameter of 50mm. The theme of the design, “Surging”, aims to capture the vibrant and dynamic energy of life in nature. It symbolizes that the 9th Asian Winter Games will be filled with vitality and passion. The overall torch design incorporates international aesthetic features while blending classical and modern Chinese art. The medals for the Asian Winter Games, titled “Spirit of Speed”, was also released on the same day.
The post ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက် appeared first on Xinhua News Agency.