ylliX - Online Advertising Network

ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Iron Maiden ၏ ပထမဆုံး အဆိုတော်ကြီး Paul Di’ Anno ဆင်းဆင်းရဲရဲဖြင့် အထီးကျန်စွာ ကွယ်လွန်သွားခဲ့သော အင်္ဂလန်ရှိ တန်ဖိုးနည်း လူနေအိမ်ရာမှ လူနေခန်းလေး – iMyanmarHouse.com

[Unicode] Iron Maiden သည် ရော့ခ်ဂီတ၏ လူကြိုက်အများဆုံးနှင့် အောင်မြင်မှုအရဆုံးအဖွဲ့များတွင် ရှေ့ဆုံးမှ ပါဝင်သော အဖွဲ့တစ်ခု ဖြစ်သည်။ Iron Maiden ဟဲဗီးမက်တယ်အဖွဲ့ကြီးကို အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တွင် ၁၉၇၃ ခုနှစ်၌ ဘေ့စ်ဂစ်တာသမား Steve Harris က စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးစတင်ခဲ့ချိန်က ရှေ့ထွက်အဆိုတော်မှာ ပေါလ် ဒီအန်နို (Paul Di’Anno) ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် အဆိုတော် ပေါလ် ဒီအန်နို ထုတ်ပယ်ခံရကာ Bruce Dickinson က အစားထိုး ဝင်ရောက် လာသည်။ Iron Maiden အဖွဲ့ကြီးသည် ဂီတလောကဖြတ်သန်းမှုတလျှောက် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၃၀ ကျော် ရောင်းချထားရပြီး ဖြစ်ရာ Metallica ထက်ပင် […]

ဂျပန်က ကမ္ဘာမှ လူသားတွေကို ကျည်ဆန်ရထားနဲ့ လ နဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်ဖို့ စီစဉ်နေ – MyTech Myanmar

Skip to content ဂျပန်က ကမ္ဘာမှ လူသားတွေကို ကျည်ဆန်ရထားနဲ့ လ နဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်မယ့် စီမံကိန်းကို အဆိုပြုတင်သွင်းထားပါတယ်။ အဲဒီ စီမံကိန်းဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး ကျိုတို တက္ကသိုလ်နဲ့ Kajima Construction တို့ ပူးပေါင်း သုတေသန ပြုလုပ်နေကြပါတယ်။ အဲဒီ အိုင်ဒီယာမှာ ကမ္ဘာ၊ လ နဲ့ အင်္ဂါဂြိုလ်ကို ဆက်သွယ်ထားတဲ့ အာကာသမှာ လူနေထိုင်တဲ့ ပတ်ဝန်းကျင် အတုကို ဖန်တီးဖို့ ဖြစ်ပါတယ်။ အဲဒီ ပတ်ဝန်းကျင်မှာ လူ့ခန္တာကိုယ်ပေါ်မှာ ဆွဲအားနည်းပါးတာနဲ့ ဆွဲအားမဲ့တာကို အံတုနိုင်ဖို့အတွက် ကမ္ဘာ့ ဆွဲအားကို ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းဟာ စိတ်ဝင်စားစရာကောင်းပေမယ့် နည်းပညာ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ရဦးမှာ […]

မိုးကုတ်တွင် အသေးစားကျောက်မျက်တူးဖော်ခွင့် TNLA စတင် ခွင့်ပြု  – Myanmar Now

အရည်အသွေးကောင်း ပတ္တမြားထွက်ရှိရာ မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့နယ်အတွင်း ကျောက်မျက်လုပ်ကွက်ငယ်များကို လုပ်ကိုင်ခွင့်ပြုထားသည်ဟု စုံစမ်းသိရှိရသည်။ တစ်ချိန်က စစ်တပ်နှင့် အပေါင်းအပါများ လက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ်ကွက် လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း၊  အသေးစားလုပ်ကွက်များကိုမူ စက်တင်ဘာလမှစတင်ကာ ခွင့်ပြုပေးနေကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက Myanmar Now ကို ပြောသည်။ “အသေးစားတွေ၊ ပြီးတော့ လက်လုပ်လက်စားပေါ့၊ အဓိကက စားဝတ်နေရေးတွေ ပြေလည်နိုင်ဖို့ ကျွန်မတို့က ဖွင့်ပေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အသေးစား တူးဖော်ခွင့်ရသူများသည် TNLA က သတ်မှတ်သည့် အခွန်နှုန်းထားကို ပေးဆောင်ရမည်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု လွေးယေဦးက ပြောသည်။  လက်ရှိ  […]

တော်လှန်ရေးပူးပေါင်းတပ်က  အင်းတော်မြို့ကိုသိမ်းရန်ထိုးစစ်ဆင်နေ – Myanmar Now

ကချင်ပြည်နယ်နှင့်နယ်စပ် စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် မြို့တွင်းမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုက  တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ  NUG  ၏ PDF၊ ကချင်တပ် KIA နှင့် ကျောင်းသားတပ် ABSDF တို့ ပူးပေါင်းပြီး သြဂုတ်လလယ်မှစတင်ခဲ့သည့် ထိုးစစ်အတွင်း မြို့၏ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအချို့အပါအဝင် မြို့တွင်းရှိ နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သည်။ အောက်တိုဘာလတွင် နှစ်ဘက်တပ်များ တပ်ဆိုင်ထားသည့် အခြေအနေဖြင့် တိုက်ပွဲများငြိမ်သက်နေခဲ့ရာမှ နိုဝင်ဘာ ၁ ရက်နေ့တွင် မြို့တွင်းရှိ  လက်ကျန် စခန်းကုန်းကို တော်လှန်ရေးတပ်များက တကျော့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  လက်ရှိအချိန်တွင် ဂျပန်လှိုင်ဂူကုန်းစခန်းဟု လူသိများသည့်၊ မြို့၏ အမြင့်ဆုံးနေရာတွင် တည်ဆောက်ထားသည့် စစ်စခန်းကို အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု တော်လှန်ရေးတပ်များနှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]

10 Lives (2024) – Channel Myanmar

10 Lives ဆိုတဲ့ ဇာတ်ကားက Beckett ဆိုတဲ့ ကြောင်တစ်ကောင်ရဲ့ ဘဝအတွေ့အကြုံတွေကို အဓိကဖော်ပြထားပါတယ်။ သူ့ရဲ့ အမျိုးမျိုးသော အိမ်ရှင်တွေမှာ ကျင်လည်သွားရင်း ကြောင်အဖြစ်ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်သွားဖို့ ကြိုးစားရတဲ့ ခရီးလမ်းကို ပုံဖော်ထားတာပါ။ ဒီကားက ကြောင်တစ်ကောင်ရဲ့ ခံစားချက်တွေနဲ့ လူတွေကြားက ခင်မင်မှုတွေအပေါ် အမြင်တွေကို ကောင်းကောင်းပြနိုင်ပါတယ်။ ဇာတ်ကားက ပေါ့ပေါ့ပါးပါး ဟာသဆန်တဲ့ စကားပြောတွေ၊ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ထားပြီး မိသားစုကြည့်ဖို့အတွက်လည်း အထူးသင့်တော်ပါသေးတယ်။ Beckett ရဲ့ အခွင့်အရေးဖြစ်တဲ့ အသက် ၉ ချောင်းကနေမှ ဘဝရဲ့ တန်ဖိုးကို နားလည်သွားတာကို မြင်ရမှာဖြစ်ပြီး၊ အမြင်ပြောင်းလဲဖို့ လိုအပ်တဲ့အခါမှာ ဘယ်လိုကြိုးစားရလဲဆိုတာလည်း သင်ခန်းစာဖြစ်စေပါတယ်။ ဒီဇာတ်ကားကို ကြောင်ချစ်သူတွေ၊ ကလေးတွေနဲ့ မိသားစုတွေ ကြည့်ရင်း ပျော်စရာ […]

Catnado (2024) – Channel Myanmar

ရုပ်ရှင်သမိုင်းမှာ အဓိပ္ပါယ်မရှိဆုံး ကြောင်တောင်တောင်အဖြစ်ဆုံးတွေထဲကနေ ပေါက်ခဲ့တာတွေရှိပါတယ်။ ဥပမာ လေဆင်နှာမောင်းထဲ ငါးမန်းတွေပါလာတဲ့ ကားမျိုးပေါ့။ အခုကားကလည်း အဲဒီလို စတိုင်နဲ့ ကြောင်ဆင်နှာမောင်းလုပ်ထားတာပါ။ ကြောင်တွေက ဗီလိန်တွေဖြစ်လို့ ကြောင်မုန်းသူတွေဆို ပိုကြိုက်ကြမှာပါ။ ဒီကားမတိုင်ခင် Sharknado ဆိုတဲ့ကားလဲထွက်ထားပါသေးတယ်။ ဒီတခါတော့ မြီးညောင်တို့အလှည့်ပေါ့နော်။ လေဆင်နှာမောင်း မဟုတ်တဲ့ ကြောင်ဆင်နှာမောင်းဇာတ်ကားလေးပါ။ ကြောင်တွေကို မကောင်းတဲ့နေရာက ရိုက်ပြထားတာဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2.3 GB)/(1 GB)Quality….Webrip HEVC 1080p / 720pFormat…mp4/ mkvDuration….01:48:00Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub)Encoder….Swan Min HtetTranslated by Ivy Noe ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App […]

ကန့်ဘလူမြို့မှ တပ်သားသစ်မပေးနိုင်သည့်ရွာများ မီးရှို့ခံနေရ – Myanmar Now

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးတပ်အတွက် တပ်ဖွဲ့ဝင်သစ် မပေးသည့်ရွာများ မီးရှို့ခံနေရသည်ဟု သိရသည်။ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က  အောက်တိုဘာ ၃၀ ရက်နေ့တွင်စတင်ပြီး ဝင်ရောက်စီးနင်းကာ အရွယ်ရောက်ပြီးအမျိုးသားများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။ လတ်တလောတွင်  အရပ်သား ၁၃၀ ကျော်ကို ဖမ်းဆီးထားရပြီး ဖမ်းဆီးခံရသူအများစုသည် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသားများဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်သားများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းသည် ကျီစု ကျောက်တိုင်၊ ဝက်တိုးတောင်၊ ဝက်တိုးမြောက်၊  ညောင်ပင်ဆိပ်၊ အိုင်ပေါင်းချောင်၊ ဝက်တိုး၊ ဘူးကြီးတောင်၊ ဘူးကြီးမြောက်နှင့် ကျီကုန်းခံ စသည့်ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။  စစ်တပ်သည် ကျေးရွာများသို့ဝင်ရောက်ချိန်တွင် […]

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် သိန်း ၃၀၀ ကျော်တန်ဖိုးရှိ အိပ်ရာများ ဆက်လက်လှူဒါန်းခဲ့တဲ့ OPPO Myanmar AED | Myanmar Tech Press

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးအခြေအနေတွေအတွက် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းတွေထဲကမှ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို  ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကလော ၊ အင်းလေး တို့အပြင် ဆင်တောင်ရွာနဲ့ ပလောင်တောင်ရွာတို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အနွေးဓာတ် ရရှိစေဖို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ OPPO Myanmar AED အနေနဲ့ ကျန်ရှိတဲ့ သိန်း ၃၀၀ ကျော် တန်ဖိုးရှိ အိပ်ရာတွေကို ပြည်သူများ အေးချမ်းစွာ အိပ်စက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တို့မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ Image: OPPO OPPO Myanmar AED ဟာ မြန်မာပြည်သူတွေအတွက် လိုအပ်မဲ့အကူအညီတွေကို နေရာဒေသတိုင်းမှာ ဆက်လက် ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ကတိကဝတ်ပြုအပ်ပါတယ်။ Image: OPPO OPPO အကြောင်း OPPO သည် ကမ္ဘာ့ထိပ်တန်း Smart […]