တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို ယနေ့ (နိုဝင်ဘာ ၁) နံနက်တွင် စစ်လေယာဉ်က သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသည်ဟု မြို့ခံများက ပြောကြသည်။ TNLA ကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ထားပြီး အရုဏ်တက်ချိန်တွင် စစ်လေယာဉ် ၂ စီးက ၂ ကြိမ်ခွဲ၍ မြို့ပေါ်ကို ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်၊ ၅ နေရာထက် မနည်းတွင် ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မပေါက်ကွဲသေးသည့်ဗုံးတစ်လုံးလည်း ရှိသည်ဟု ဆိုသည်။ မြို့အဝင် အေးရှားဝေါလ်တိုးဂိတ်အနီးရှိ မူးယစ်ရုံး၊ ကိုဗစ်စင်တာတစ်ခု၊ မီးသတ်ရုံး၊ အမှတ် (၂) ရပ်ကွက်ရှိ အကောက်ခွန်ဌာနရုံး၊ EPC ရုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများနှင့် […]
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာများကို လိုက်လံမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃၇ ဦးကို ဖမ်းထားပြီး ယနေ့ (နိုဝင်ဘာ ၁) တွင်လည်း ကျေးရွာတစ်ရွာကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။ ထိုလက်နက်ကိုင် အင်အား ၁၅၀ ခန့်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တင့်ကားတပ်မှ ကား ၃ စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်၊ မြို့တောင်ဘက် ကာဘိုးကျေးရွာမှ တဆင့် ထိုရွာအရှေ့ဘက် ကပ်လျက်ရှိ အိုင်ပေါင်းချောင်ရွာ၊ ကျီစုရွာတို့ကို စီးနင်းခဲ့ခြင်းဖြစ်သည်။ အိုင်ပေါင်းချောင်ရွာသို့ ရောက်စဉ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ရွာခံများအနက် လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၃၄ […]
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ထမ်းစမ်းဂူတွင် ပြန်လည်ထူထောင်ရေးကာလ၌ အခက်အခဲကြားမှ ပွဲတော်ပြန်လည်ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်)တွင် ဟိုပုံးမြို့နယ် ထမ်းစမ်းကျေးရွာရှိ ထမ်းစမ်းဂူ ဘုရားပွဲတော်ကို ပြန်လည်ကျင်းပပြုလုပ်ခဲ့ပြီး မဲနယ်တောင်ကြောမှ ရေဘေးသင့် ကျေးရွာများ အပါအဝင် ရွာပေါင်း (၈၀) ကျော်မှ ဒေသခံများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ သဘာဝဘေးနှင့် စစ်ဘေးကြုံရသူများက အဆိုပါ ထမ်းစမ်းဂူ မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်ထက် ဒေသပြန်လည်ထူထောင်ရေးကို ပိုပြီး အာရုံစိုက်သင့်ကြောင်း၊ ဒုက္ခရင်ဆိုင်နေရသည့်ကြား ပွဲတော်ကျင်းပသည်မှာ အဆင်မပြေမှုများစွာ ရှိကြောင်း ပအိုဝ်းလူငယ် တစ်ဦးက ပြောသည်။ “ကိုးကွယ် ယုံကြည်မှု တစ်ခုလို့ပဲ မြင်တယ်ပေါ့လေ။ ဒါပေမယ့် ကိုယ်တွေက ဒီလို ရေဘေးဖြစ်လိုက်၊ စစ်ဘေးဖြစ်လိုက်နဲ့ သောကမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာ […]
ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိိိရိစ္ဆာန်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ လယ်မော်ဝါကျီ၊နမ်ရှယ်၊နာမ်ရှယ်ကော့၊ခင်ဖန်စတဲ့ကျေးရွာတွေမှာ အိမ်ဖောက်ထွင်းခိုးခံရတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်မကျန် ခိုးယူခံနေရတယ်လို့ နာမ်ရှယ်ကော့ကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ရွာထဲမှာဆိုခနခနပဲ ကြက်ခိုးခံရတာနဲ့ဆိုင်ကယ်ပျောက်တာနဲ့ကြက်ဆိုခနခနခိုးခံရတယ်ပြီးခဲ့တဲ့အပတ်ကဆို ကြက်ခြံတစ်ခုမှာဝင်ခိုးတာ sunday နေ့မှာဟုတ်တယ် ကြက်မတစ်ကောင်ပဲ ကျန်တယ်။ အကောင် သုံးဆယ်ကျော်ခိုးသွားတယ်။ပြီး တော့ ဝက်လည်းပျောက်တယ် ခနနပဲ”လို့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦး ကပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း နာမ်ရှယ်ကျေးရွာထဲက ကျောင်းဆရာမတွေနေတဲ့အဆောင်ဖောက်ထွင်းခံရပြီး လက်ကိုင်ဖုန်း(ခလုတ်ဖုန်း)၊ပါဝါဘတ်နဲ့ ငွေသားတွေခိုးယူခံလိုက်ရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။ “ဆရာမတွေနေတဲ့အိမ်တောင်ဝင်ခိုးသွားတယ်လူလစ်တဲ့ချိန်ဝင်ခိုးတာ ပိုက်ဆံက ကျောင်းရံပုံငွေတွေဆယ်သိန်းကျော်ခိုးသွားတယ်ပြီးတော့ဆရာတွေရဲ့ဖုန်းနဲ့ ပါဝါဘတ်တွေပါသွားတယ် မိတဲ့ခိုးတဲ့လူကိုတော့ အခုအချုပ်ခန်းပို့လိုက်တယ်”လို့ နောက်ထပ် ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ကျောင်းဆရာမတွေရဲ့နေအိမ်ဖောက်ထွင်းခိုးယူသူနှစ်ဦးဟာ နမ်ရှယ်ကျေးရွာနေ အသက် ၂၀ ကျော်အမျိုးသားတစ်ဦးနဲ့အသက် ၃၀ ကျော်အမျိူးသားတစ်ဦးတို့ဖြစ်ပြီး ကျေးရွာတာဝန်ရှိသူတွေကဖမ်းဆီးကာပူတာအိုမြို့မရဲစခန်း ရှိချုပ်ခန်းမှာပို့ဆောင်ထားတယ်လို့သိရပါတယ်။ […]
လက်ရှိ ရှမ်းမြောက်နဲ့ ရခိုင်မှာ သောင်းကျန်းသူအဖွဲ့တွေ စခန်းတစ်ခုကို ခဏလေးနဲ့ တိုက်နိုင်တာ သူတို့တွေရဲ့မြေပြင်တိုက်စွမ်းရည်ကြောင့်မဟုတ်ဘူး။ Drone နည်းပညာပိုင်း အရေးသာမှုကြောင့် အချိန်အနည်းငယ်အတွင်းမှာ Drone နဲ့ ဗုံးတွေအများကြီး […] Source link
RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏တပ်တွင် အထက်အောက်မညီမျှမှုများ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများ၊ မြေပြင်အခြေအနေနှင့်မကိုက်ညီသည့် မတရားသည့် အမိန့်များကို လွန်ဆန်ပြီး ဗိုလ်မှူး အောင်မျိုးသွင်နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်ပြီး ဗိုလ်ကြီး (၄) ဦးနှင့်အတူ ကောင်စီလက်အောက်ခံ (၆၁) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည်။ ဗိုလ်မှူး အောင်မျိုးသွင် ဦးစီး အရာရှိ၊ စစ်သည် (၃၅) ဦးနှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးစီး အရာရှိ၊ စစ်သည် (၂၆) ဦး စုစုပေါင်း စစ်ကောင်စီဘက်သား (၆၁) ဦးသည် လက်နက်မျိုးစုံ (၁၈) လက်၊ ဆက်စပ် ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေးအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ […]
အောက်တိုဘာ ၃၁ ရက် နေ့လည်ပိုင်းအချိန်တွင် တောင်ခမ်းဒေသအတွင်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းနှင့် အကြမ်းဖက် TNLA/PDF ၃၀ ဦးတို့ ၂ ကြိမ် ထိတွေ့မှုဖြစ်ပြီး ရန်သူထွက်ပြေးသွားခဲ့။ […] Source link
အောက်ပါ link မှ download ရယူနိုင်ပါသည် The post ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏နေ့စဉ်ဘဝသင်တန်း (အပတ်စဉ် ၆) ၄။ အနန္တရပစ္စည်း appeared first on DTC – Dhammatrainingcenter . Source link
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “၁၀၀၁ ကတော့ကျသွားပြီ ဒါပေမဲ့ အဲ့ဒီကနေဆုတ်သွားတဲ့ တပ်ဖွဲ့တွေနဲ့ KIA နဲ့က ပစ်ခတ်မှုတွေဖြစ်နေ တုန်းပဲ။ လောလောဆယ်တော့ အဲ့ဒီအနီးနားတစ်ဝှိုက်ကရွာတွေကတော့ ရှောင်ကုန်၊ပြေးကုန်ကြပြီပေါ့”လို့ ပြောပါတယ်။ အမှတ် ၁၀၀၁ ဌာနချုပ်တပ်ရင်းဟာ ဖီမော်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ဆိုရင် ၁နာရီကျော်လောက်သွားရတဲ့အကွာ အဝေးမှာရှိပြီး ဖီမော်မြို့ပေါ်ဒေသခံတွေအပါအဝင် အဲ့ဒီအနီးတစ်ဝှိုက်ဒေသခံတွေကတော့ ဘေးလွှတ်ရာတွေ မှာ တိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ပြန်ကြားရေးတာဝန်ခံကတော့ ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်သိမ်းပိုက်တဲ့အခြေနေနဲ့ပတ်သက်လို့ KNG ကို ဒီကနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်မှာ အခုလိုပြောပါတယ်။ “ဖီမော်သိမ်းတာကတော့ ကျနော်တို့တရားဝင်မကြားရသေးဘူး။ လူမှုကွန်ယက်မှာပြန့်တာကိုပဲတွေ့တယ်။ တရားဝင်တော့သတင်းပို့တာမရှိသေးဘူး။ တိုက်ပွဲအခြေနေလည်း အသေးစိတ်တော့ မသိဘူး။”လို့ပြောပါတယ်။ တစ်ဖက်မှာ ဖီမော်ဒေသအတွင်းမှာရှိတဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းတွေကတော့ဆက်လက်လည်ပတ် နေပြီး ဖီမော်မြို့ပေါ်နယ်စပ်ဂိတ်မှာလည်း ကျောက်ဖြူလုပ်ငန်းကားတွေသာ သွားလာခွင့်ရှိနေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်ပြီးတော့ ကချင် အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ဆဒုံး၊ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေအပါအဝင် ၁၀၀၂လုပ်ီတပ်ရင်း၊ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်အားလုံးကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ By – အမိုး The post နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက် appeared first on Kachin News Group (KNG). Source link
အမ်းမှာ ရဟတ်ယာဉ်တိုက်ခိုက်ခံရတယ်ဆိုတဲ့ ဗီဒီယိုက စစ်ကိုင်းတိုင်း ပင်လည်ဘူး ကျောက်တိုင်နားက ဖြစ်စဉ် အဟောင်း ဖြစ်ပါတယ်။ ဗီဒီယိုမှာ တပ်မတော်ရဲ့ Mi-17 ရဟတ်ယာဉ်ရဲ့ port side […] Source link