ylliX - Online Advertising Network

အနုပညာကြေးမယူဘဲ NUG မှတဆင့်လှူဒါန်းမည့် ဖြူဖြူကျော်သိန်း၏ တကိုယ်တော်ဂီတပွဲ – BUR.MIZZIMA.COM

ပုံအညွှန်း-Phyu Phyu In London” ဂီတပွဲတွင် ဖြူဖြူကျော်သိန်းနှင့် The Federal Music Bandတို့ ဖျော်ဖြေနေစဉ် ဓာတ်ပုံ- Myanmar Event In UK ငုခတ္တာ မဇ္ဈိမ။ ။ အဆိုတော် ဖြူဖြူကျော်သိန်းသည် လန်ဒန်မြို့၌ ကျင်းပမည့် “Phyu Phyu In London” တကိုယ်တော်ဂီတပွဲတွင် ရရှိမည့်ဝင်ငွေအားလုံးကို အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေသည့်နေရာများကို လှူဒါန်းသွားရန် စီစဥ်ထားကြောင်း ပွဲစီစဥ်သူ ဒေါက်တာသက်ကိုကိုထံမှ သိရသည်။ “မဖြူဖြူကျော်သိန်းရဲ့Military Coup အပြီးမှာ ပထမဦးဆုံးလုပ်တဲ့ပွဲဖြစ်တယ်၊ UK Historyမှာလည်း ကျတော်တို့အနေနဲ့ အကြီးမားဆုံး stage show ကြီးဖြစ်သလို ကျတော်တို့ တော်လှန်ရေးအတွက် ဒါဟာအရမ်းကို အရေးကြီးတဲ့ […]

တေးသံရှင် ဆုမြတ်ထက်ကို စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေရဲစခန်းတွင် ချုပ်နှောင်ထား၊ ဖုန်းအား နေပြည်တော်တွင် စစ်ဆေးနေ – Western News

ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားပြီးနောက် မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသည်။ လက်ရှိတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်း၏ ဖုန်းကိုလည်း နေပြည်တော်တွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြာင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက Western News ကို ပြောသည်။ “မရမ်းကုန် စစ်ကြောရေးမှာ […]

ကျောက်မဲမြို့နယ် SSPP/SSA နှင့် TNLA တို့ စစ်ရေးတင်းမာနေ – သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ရေးတင်းမာ နေကြောင်း သိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ရေးတင်းမာ နေကြောင်း စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့က တိုက်ပွဲဖြစ်ဖို့ကလည်း ဖြစ်နိုင်ချေတော့နည်းတယ်။စစ်ရေးတင်းမာတာတွေ အချင်းချင်း ငြိတာ တွေကလည်း ခဏခဏဖြစ်တယ်။အောက်ကလူတွေပဲမကြာမကြာ အချင်းချင်းတင်းနေကြတာ။ပြီးရင် အပေါ်က လူကြီးတွေ အချင်းချင်းတော့ စကားပြန် ပြောကြပါတယ်။”ဟု က စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ ကျောက်မဲမြို့တွင် SSPP/SSA နှင့် TNLA တို့ စစ်ရေးတင်းမာမှုကြောင့် […]

ပေါင် ၅၀၀ တန် ရာဘာဘွတ်ဖိနပ် ဝတ်ဆင်လာလို့ ဝေဖန်ခံနေရတဲ့ ယူကေစိုက်ပျိုးရေးဝန်ကြီး

အခွန်အခ ၊ ဓာတ်မြေဩဇာနှင့်အခြားစရိတ်စကများကြီးမြင့်မှုကြောင့် အခက်ကြုံနေသည့် ဗြိတိသျှ လယ်သမားများကို တွေ့ဆုံပွဲသို့ ယူကေစိုက်ပျိုးရေးဝန်ကြီး Steve Reid က ပေါင် ၅၀၀ ( သိန်း ၄၀ ခန့်တန်) Le Chameau ဒီဇိုင်နာ ဘရန်းဒက် ရာဘာဘွတ်ဖိနပ် ဝတ်ဆင်လာသဖြင့် ဝိုင်းဝန်းဝေဖန်ခံနေရကြောင်း သိရသည်။ Related Source link

NUG လက်အောက်ခံအဖွဲ့တွေကတော့ လူကုန်ကူးခြင်းတွေ လုပ်ဆောင်လာနေပြီ

မန္တလေးတွင် ဖမ်းဆီးရမိသည့် လူကုန်ကူးဂိုဏ်းအဖွဲ့ဟာ NUG အဖွဲ့နှင့် ဆက်စပ်နေသူများဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည့်အမျိုးသမီးငယ်များကို အဓိကထားရောင်းစားနေသူများဖြစ်ကြောင်း စစ်ကြောချက်အရသိရှိရသည်။ NUG ခေါင်းဆောင်များအနေဖြင့် ၎င်းတို့သားသမီးများအား နိုင်ငံခြားတွင် ပညာသင်ခိုင်း/ပျော်ပါးခိုင်းပြီး […] Source link

၃၆ နှစ်ပြည့်ခဲ့ပြီ ABSDF ကျောင်းသားတပ်မတော် – Western News

(တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်မည်ဟုဆို) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (၃၆) နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၊ မြောက်ပိုင်းဗဟိုဌာနချုပ်၊ စစ်ကြောင်း (၂) နှင့် စစ်ကြောင်း (၃) စသည့် နယ်မြေဒေသ အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ABSDF က ထုတ်ပြန်ထားသည်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားတပ်မတော် ABSDF က ပြောသည်။ ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲ က “ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရောက်ဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဘုံသဘောထားတွေချမှတ်ရင်း […]

BPLA တပ်များ အညာတွင် အခြေချမည်ကို တော်လှန်ရေးအင်အားစုများကြိုဆိုပြီး စစ်ကောင်စီအတွက် ရိုက်ခတ်မှုများရှိလာမည် – Ayeyarwaddy Times

BPLA တပ်များ အညာတွင် အခြေချမည်ကို တော်လှန်ရေးအင်အားစုများကြိုဆိုပြီး စစ်ကောင်စီအတွက် ရိုက်ခတ်မှုများရှိလာမည် – Ayeyarwaddy Times Source link

တိုက်ပွဲပြင်းထန်နေသည့်အမ်းမြို့တွင် ဌာန၃ခုမှအရာရှိနှင့်ဝန်ထမ်းများထွက်ခွာခွင့် စစ်ကောင်စီပိတ် – BUR.MIZZIMA.COM

ပုံအညွှန်း-စစ်ကောင်စီခေါင်းဆောင်နှင့်ဌာနဆိုင်ရာများ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်က တွေ့ဆုံစဉ် ဓါတု တိုက်ပွဲပြင်းထန်​နေသည့် အမ်းမြို့တွင် လူဝင်မှုကြီးကြပ်​ရေး(လဝက)နှင့်အထွေ​ထွေအုပ်ချုပ်​ရေးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့အရာရှိနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မြို့မှထွက်ခွင့်မ​​ပေး​​​ကြောင်းနီးစပ်သူများထံကသိရသည်။ တရား​ရေး၊စားသုံးသူ​ရေးရာ၊အခွန်ဦးစီးဌာန၊စာရင်းစစ်နှင့် ပညာရေးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် ထွက်ခွာခွင့်ပြုခဲ့သော်လည်း အထက်ပါ ဌာနသုံးခုမှ တာဝန်ရှိသူများကို နေရပ်ပြန်ခွင့်မပြုခြင်းဟု ဆိုသည်။ “သူတို့ကို ထွက်ခွင့်မ​ပေးတဲ့အပြင် ခွင့်တင်လည်းမရဘူး”ဟု အမ်းမြို့မှ ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးကမဇ္စျိမကို​ပြောသည်။ ပြီးခဲ့သည့် ​အောက်တိုဘာလလယ်ပိုင်းကလည်း အဆိုပါဌာနများမှ အရာရှိတဦးနှင့်ဝန်ထမ်းအချို့သည် ​တောလမ်းမှ ထွက်​ပြေးတိမ်း​ရှောင်​ရန်ကြိုးပမ်းခဲ့​သော်လည်းတိုက်ပွဲပြင်းထန်မှု​ကြောင့် လှည့်ပြန်ခဲ့ရ​ကြောင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၏ မိသားစုဝင်များထံမှသိရသည်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးနှင့်အ​ထွေ​ထွေအုပ်ချုပ်​​ရေးမှူးသည် လက်ရှိတွင်တပ်မိသားစုဝင်များ၊အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးနှင့်နီးစပ်သည့်​ဒေသခံများကို မြို့မှထွက်ခွာခွင့်​ပေးပြီး သာမာန်အရပ်သားများကိုထွက်ခွင့်မ​ပေး​​​ကြောင်း သတင်းရရှိသည်။ “​​ထွေအုပ်တို့နဲ့ နီးစပ်တဲ့ ပိုက်ဆံချမ်းသာတဲ့သူ​တွေကျထွက်ခွင့်ရတာကြာလှပြီ။ ထွေအုပ်ဆီခရီးသွားလာခွင့်တင်ထားတာကြာပြီ မကျ​သေးဘူး။ ​​မေ့​မေ့​ပျောက်​ပျောက်လိုပုံစံလုပ်ပြ​နေတာ။ ​အခုကျ AA ကလမ်းပိတ်ဆို့ထားလို့ မသွားခိုင်းတဲ့စကားမျိူး​ပြောလာတယ်”ဟုအမ်းမြို့သစ်​ဒေသခံတဦးကမဇ္စျိမကို​ပြောသည်။ လက်ရှိအမ်းမြို့​ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် […]

စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီ

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ အာဏာကိုမတရားနည်းဖြင့် ရယူထားသော စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီဟု ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောကြားသည်။ ဖက်ဒရယ်စနစ်ကို ပုံဖော်မည့် ပြည်ထောင်စုသစ်တခု တည် ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်ကို ရောက်ရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား ဘုံသဘောထားများ ချမှတ်ပြီး လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမည် စသဖြင့် ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့) တွင်ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်ထုသို့ ပေးပို့သည့် ရဒဘော်သံခဲ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။ “စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်မှုက […]

မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်ကို AA တိုက်စစ်ဆင်နေ – Myanmar Now

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ် တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ ထိုမြို့များမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောင်မြို့နယ်၊ ငပလီကမ်းခြေအနီး မြို့နယ်များဖြစ်သော  အမ်း၊ ဂွ၊ တောင်ကုတ်တို့ ဖြစ်ကြသည်။ ဂွနှင့်တောင်ကုတ်တိုက်ပွဲ   AA တပ်သည်   မြို့နှင့် မိုင် ၂၀ ခန့် အကွာကိုရောက်ရှိနေကာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေသည်၊ စစ်ကောင်စီတပ်၏ အားသာချက်မှာ လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးပစ်ကူပေးနေခြင်း ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီသည် ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်ကပင် AA ကို ခုခံလာသော်လည်း ကျိန္တလီမြို့ကို လက်လွှတ်လိုက်ရကာ ဂွနှင့် မိုင် ၂၀ ခန့်ဝေးသော တိုင်ကျိုးရွာအနီးသို့ တပ်ဆုတ်လိုက်ရပြီးနောက် AA က လိုက်လံတိုက်ခိုက်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက […]