ဒုသမ္မတ ဖြစ်လာမယ့် ဗန့်က ပြောလိုက်ပါပြီ။ (၆) လအတွင်းက တရားမဝင် ဝင်ရောက်လာသူတွေ အထုပ်အပိုးပြင်ထားတော့တဲ့နော်။ ခိုးလှုံနေတဲ့သူတွေလဲ အချိုးမပြင်ရင်၊ ရာဇဝတ် ပြစ်မှု ကျူးလွန်ရင် ပြန်လွှတ်လိမ့်မယ်။ ဒီမိုကရက်တွေက ခိုလှုံခွင့်ပေးထားပြီး နိုင်ငံသားဖြစ်လာမယ့်သူတွေကို ထရမ့်တို့က မျက်စိ ဆံပင်မွှေးစူးနေပါတယ်။ ခိုလှုံခွင့်ပေးထားသူတွေ နိုင်ငံသား ဖြစ်လာပြီး ဒီမိုကရက်ပါတီကို မဲပေးမှာကို ချေမှုန်းချင်နေကြပါတယ်။ ထရမ့်လက်ထက်မှာ အပြီးချေမှုန်းပါလိမ့်မယ်။ ရိုးရိုးတော့ ချေမှုန်းလို့မရဘူး။ ရာဇဝတ်ပြစ်မှု ကျူးလွန်နေကြောင်း မှတ်တမ်းသက်သေပြနိုင်ရပါမယ်။ ပန်ဆယ်လိုတို့ မိသားစုတွေ မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ လှုံဆာ်စေခိုင်းနေတာကို ထရမ့်တို့ပါတီက သိအောင် လုပ်နိုင်ရင် အပျံမ အမေရိကားကနေ ပြေးရပါလိမ့်မယ်။ ကျော်မိုးထွန်း နဲ့ […]
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာတွင် အပြစ်မဲ့ပြည်သူ (၃)ဦးကို ဒလန်ဟု စွပ်စွဲကာ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာလ […] Source link
နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကမ္မမြို့၏ အနောက်တောင်ဘက် မီတာ ၁၅၀၀၀ ခန့်အကွာ ဖလံအိုရွာအနီးတွင် အကြမ်းဖက် PDF များ လှုပ်ရှားသွားလာနေမှုကို ကင်းထောက်တွေ့ရှိသဖြင့် လက်နက်ကြီး များဖြင့် ကြိုတင်ချေမှုန်းပြီး ဝင်ရောက်ရှင်းလင်းခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –(၁) အကြမ်းဖက် PDF ၃ လောင်း(၂) M-22 သေနတ် ၁ လက်(၃) ကျည်အိမ် ၃ ခု၊ ကျည် ၅၅ တောင့်(၄) မိုင်း ၆ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ Related […]
The Print:- တရုတ်လူ့အခွင့်အရေးရှေ့နေ ကျင်းယောင်ဖေးသည် ထောင်ဒဏ်ငါးနှစ် ကျခံပြီးနောက် ထောင်က လွတ်လာပြီဖြစ်ပြီး တရုတ်နိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်သော ကွမ်ရှီးပြည်နယ်ရှိ နန်နင်းမြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ အောက်တိုဘာ ၃၁ ရက်နေ့တွင် ၎င်း ပြန်လည်လွတ်မြောက်လာခြင်းသည် တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေးကို ကာကွယ်ရန် ၎င်း၏ ဥပဒေရေးရာ ဆောင်ရွက်ချက်များကို ပစ်မှတ်ထားသည့် လုပ်ရပ်အဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူများက ရှုမြင်ထားသည့် ပြစ်ဒဏ်ချမှတ်မှု အဆုံးသတ်သွားခြင်းဖြစ်သည်။ “လူ့အခွင့်အရေးရှေ့နေ ကျင်းယောင်ဖေးသည် ထောင်ဒဏ်ငါးနှစ်ကျခံပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထောင်မှ ပြန်လွတ်လာပြီး ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ကျင်းယောင်ဖေးသည် ထင်ရှားသော လူ့အခွင့်အရေးရှေ့နေတဦးဖြစ်ပြီး ၎င်းအား ထောင်ချခြင်းသည် ၎င်း၏ ငြိမ်းချမ်းသော တရားဝင် လူ့အခွင့်အရေး လုပ်ဆောင်ချက်များကို […]
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ အနေဖြင့် အောက်ချင်းတပ်ရင်းနယ်မြေဘက်သို့ စစ်ကြောင်းထိုးခြင်းနှင့် တပ်စခန်းချခြင်းမပြုလုပ်ရန် ထုတ်ပြန် – Ayeyarwaddy Times Source link
၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်း စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်နှင့် ယနေ့တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။ သို့သော် ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ကန့်သတ်ချက်တစ်ခုကို စစ်ကောင်စီဘက်က ကိုင်ဆွဲထားသည်ဟု စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းအချက်မှာ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက် မြောက်ပိုင်းမဟာမိတ်များဘက်က အရင်ပြသရမည်ဟုဆိုသည်။ စစ်တပ်ဘက်ကတောင်းဆိုသည့် အဆိုပါကန့်သတ်ချက်တွင် မည်သည့်တောင်းဆိုချက်များ ပါဝင်သည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။ ဖြစ်နိုင်သည်က မြောက်ပိုင်းအဖွဲ့များက သိမ်းပိုက်ထားသည့် မြို့ရွာများ၊ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် စစ်စခန်းများကို စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးရေးကဲ့သို့သော အချက်များပါဝင်နိုင်သည်။ စစ်ခေါင်းဆောင်သည် တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသည့် နယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ဆို့ပေးရန် အဆိုပါခရီးစဉ်အတွင်း တရုတ်အစိုးရကိုတောင်းဆိုထားသည်။ စစ်ခေါင်းဆောင်သည် မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် တရုတ်နိုင်ငံကူမင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တရုတ်ဝန်ကြီးချုပ်လီချန်းတို့သည် ယနေ့တွင်သီးသန့်တွေ့ဆုံပွဲကို စစ်ကောင်စီကယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။ […]
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီဟာ ဗုံးအလုံးကို ရာနဲ့ချီပြီးချတယ်။ ” […]
ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျောက်ရှိ ကချင် အထူးဒေသ(၁) နယ်မြေတစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ဒေသအတွင်းစည်းရုံးရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု သိရသည်။ အထူးဒေသ(၁)နယ်မြေအတွင်းရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့ဌာနချုပ်ရှိရာ ပန်ဝါမြို့အပါအဝင် ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖီမော်၊ ကန်ဖန့် စသည့် ဒေသများကို KIA တပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။ ထိုဒေသအတွင်း နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် လက်နက်မချသေးသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို စည်းရုံးနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “တော်တော်များများကတော့ ကျွန်တော်တို့ထိန်းချုပ်လို့ရပါတယ်၊ ထိန်းချုပ်ရတယ်ဆိုတာကတော့ ကျွန်တော်တို့ ဝင်စီးတဲ့ ရွာတွေကို စည်းရုံးရေးနဲ့ လုံခြုံရေးကို လုပ်ဆောင်နေပါတယ်။ ထွက်ပြေးသွားတဲ့ ပြည်သူ့စစ်နဲ့ (နယ်ခြားစောင့်တပ်)BGF တချို့ရှိတယ် အဲဒါတွေကိုလည်း ကျွန်တော်တို့ လိုက်ပြီးမှ စည်းရုံးနေတယ်” ဟု […]
ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအကြား ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှု ပိုမြင့်တက်လာတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာသာရေးအဆောက်အအုံအတွင်းနဲ့အနီးဝန်းကျင်မှာ နေရာယူတပ်ချတာ၊ ထိခိုက်ပျက်စီးစေတာတွေ မလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း ရှမ်းပြည်မြောက်ပိုင်းတစ်ခွင် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၄ ခုထက်မနည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။ “လက်နက်ကိုင်တွေအားလုံး ဘယ်သူမဆို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ဘာသာရေးအဆောက်အအုံတွေမှာ တပ်ချတာမျိုးတွေ နေထိုင်တာမျိုးတွေ မလုပ်ဘဲ အများပြည်သူနဲ့မဆိုင်တဲ့နေရာ ဝေးတဲ့နေရာတွေမှာ နေတာမျိုးတွေက ပိုကောင်းမယ်။ စစ်ရေး လုံခြုံရေးကတော့ သူတို့ပိုသိတယ်လေ။ ဒါပေမဲ့ ပြည်သူနဲ့နီးကပ်စွာ နေထိုင်တာမျိုးတွေ မလုပ်ကြဖို့ တောင်းဆိုချင်ပါတယ်”လို့ ရှမ်းပြည်မြောက်ပိုင်း တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကပြောပါတယ်။ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့ လားရှိုးမြို့ ရပ်ကွက် ၁ ရှိ ထင်ရှားကျော်ကြားတဲ့ ၂၅၀၀ ပြည်လုံးချမ်းသာစေတီတော်၊ အောက်တိုဘာလ ၂၇ ရက်နေ့ သိန္နီမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့ လားရှိုးမြို့ပြင် အီနိုင်းရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်း၊ အောက်တိုဘာလ ၄ ရက်နေ့ လားရှိုးမြို့ထဲက တရုတ်မျိုးနွယ်စုတွေရဲ့ အထွဋ်အမြတ်ထားရာ ကွမ်ရင်စန်ဘုံကျောင်းတွေဖြစ်ပါတယ်။ အခုလို စစ်ကောင်စီတပ်တွေဘက်က ဘာသာရေးအဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဘာသာရေးကျောင်းနဲ့အနီး တစ်ဝိုက်တော်လှန်ရေးတပ်ဖွဲ့ နေရာယူလှုပ်ရှားတာတွေရှိတာကြောင့် ဗုံးကြဲတာဖြစ်တယ်လို့ ဒေသခံတွေ ယူဆနေကြပါတယ်။ “ဖြစ်နိုင်ရင် လက်နက်ကိုင်တွေက ပြည်သူတွေနဲ့ ရောရောနှောနှော […]
သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အတွက် ငှားရမ်းမည့်ဆိုင်ခန်းများသည် မြန်မာငွေ ကျပ် သိန်း ၂၀ ဝန်းကျင် ထိ ရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုအဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်နေကြပြီး ငှားရမ်းမည့် ဆိုင်းခန်းများသည် မြန်မာငွေကျပ် ၄ သိန်းစ၍ သိန်း ၂၀ ဝန်းကျင် အထိ ပေါက်ဈေးရှိနေကြောင်း အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆိုင်ခန်းတွေက နေရာတွေပေါ်မူတည်ပြီးတော့ ဈေးတွေက ကွဲကြတယ်။ အပြင်နည်းနည်း ဝေးတဲ့ နေရာတွေ ဆိုရင် ဆိုင်ခန်း […]