ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်ရှိ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာတွင် ပေါင် ၃၆၀၀၀ ဖြင့် လေလံပြီးဆုံးသွားခဲ့သည်။ အဆိုပါတွင်းမှာ စစ်အေးခေတ်က အနုမြူစစ်ပွဲကြီးဖြစ်ပါက ရှောင်ပုန်းရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော တွင်းကြီးဖြစ်ပြီး အတွင်းပိုင်းတွင် ရီနေးဆင်းဗိသုကာဟန်မွမ်းမံမှုများ တွေ့ရသည်။ ဗြိတိန်မှ ဒါဘီရှိုင်းယားခရိုင်ရှိ ကွင်းပြင်တစ်ခုထဲတွင် တည်ရှိပြီး ရည်ညွှန်းဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ သာဖြစ်ရာ ဈေးနှုန်း ၂ ဆကျော်ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။ လေလံပွဲနေ့က ဗြိတိန်တဝန်းမှ လေလံဆွဲသူ တစ်ဒါဇင်ကျော် အပြိုင်အဆိုင် ဈေးပေးခဲ့ကြသည်။ ယခင်ပိုင်ရှင်တို့က အလှဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြရာတွင် နံရံပြည့် ကတ္တီပါလိုက်ကာကြီးများ၊ မွှေးပွ ကော်ဇောကြီးများ၊ ရွှေပေါင်ကွပ်အလှဆင်ထားသော မှန်များ အပါအဝင်ဖြစ်သည်။ အိပ်ယာဘေးတွင် ထင်းသုံးမီးလင်းဖိုတစ်ခုရှိရာ တတိယကမ္ဘာစစ်ကြီးဖြစ်ကာ ဆောင်းကာလများတွင် ပုန်းခိုနေထိုင်ရမည်ဆိုပါက အပူဓာတ်ရရန် အသုံးပြုနိုင်မည် ဖြစ်သည်။ ရေချိုးခန်း […]
An anonymous caller, whom we name “Samantha,” and her husband are financially strained and feeling torn. Shortly after purchasing two rental properties, their income dropped dramatically. Should they sell? Tina is a full-time environmentalist. She’s worried that her index funds don’t align with her values on sustainability. Is there a world where she can be […]
Tata Group ၏ ပဲ့ကိုင်ရှင် ကမ္ဘာ့အထင်ကရ အိန္ဒိယသူဌေးကြီး ရာတန် တာတာ ကွယ်လွန်ချိန်တွင် ညီအကို မောင်နှမများကို အမွေအနည်းငယ်သာ ပေးခဲ့ပြီး သူ၏ အချစ်ရဆုံး ဂျာမန်သိုးထိန်းခွေးကလေး တီတိုးကို ဒေါ်လာ သန်းရာချီ အမွေပေးခဲ့ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။ သူဌေးကြီးတာတာ၏ သေတမ်းစာတွင် ရူပီး ကုဋေ ၁၀,၀၀၀ ကို အမွေခွဲဝေပေးခဲ့ရာ၌ ခွေးကလေး တီတိုးကို အများဆုံးပေးခဲ့ပြီး မိမိကွယ်လွန်ပြီးနောက်ပိုင်းတွင် တီတိုးကို အထူးစောင့်ရှောက်ပေးရန် မှာကြားသွားခဲ့သည်။ တာတာသည် Tata Group ကို ကမ္ဘာသိကုမ္ပဏီကြီးဖြစ်လာစေရန် ပြောင်းလဲပေးခဲ့သူဖြစ်ပြီး မွမ်ဘိုင်းမြို့တွင် ယခုနှစ်အတွင်း ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။ အိန္ဒိယ၏ ထုံးစံအတိုင်းဆိုလျှင် အိမ်ထောင်မရှိ၊ သားသမီးမရှိသူ […]
အိမ်တစ်လုံးပိုင်ဆိုင်ရန်ခက်ခဲသော ယနေ့ခေတ်တွင် ကျဉ်းမြောင်းလှသောအိမ်တစ်လုံးပင်ဖြစ်စေကာမူ သင့်အနေဖြင့် ပိုင်ဆိုင်လိုစိတ်ရှိမည်သာ ဖြစ်သည်။ ပိုလန်နိုင်ငံ၊ ဝါဆောမြို့တွင် Keret House ဟုအမည်ပေးထားသော အိမ်တစ်လုံးမှာ အကျဉ်းဆုံးနေရာတွင် ၉၂ စင်တီမီတာ (၃ ဒသမ ၀၂ ပေ) သာရှိပြီး အကျယ်ဆုံးနေရာမှာ ၁၅၂ စင်တီမီတာ (၄ ဒသမ ၉၉ ပေ) သာရှိသည်။ ဗိသုကာပညာရှင် Jakub Szczesny က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အမြဲနေထိုင်ရန် နေအိမ်အဖြစ် ဆောက်လုပ်ခြင်းမဟုတ်ဘဲ ခရီးသွားများအတွက် ယာယီတည်းခိုရာနေရာအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ကျဉ်းမြောင်းလှသောအိမ်လေးတွင် ပထမဆုံး စတင်တည်းခိုနေထိုင်ခဲ့သူမှာ စာရေးဆရာ Etgar Keret ဖြစ်ပြီး ၎င်းကို အစွဲပြုကာ Keret House ဟု အမည်ပေးခဲ့သည်။ Jakub က […]
မလေးရှားနိုင်ငံတွင် သန့်ရှင်းရေးအလုပ်သမားတစ်ဦးသည် မိသားစုကို ရှာဖွေကျွေးမွေးရန်အတွက် ၂၇ နှစ်တာလုံး သူ၏ဘဝကို အလုပ်ထဲတွင် မြှုပ်နှံထားခဲ့ကာ ခွင့်တစ်ရက်မှ နားခဲ့ခြင်း မရှိချေ။ ထိုသို့ ကြိုးစားရင်း သားသမီးများကို ကောင်းစွာပြုစုပျိုးထောင်နိုင်ခဲ့ရာ သားသမီးများမှာ တရားသူကြီး၊ ဆရာဝန်၊ အင်ဂျင်နီယာများ ဖြစ်လာခဲ့ကြသည်။ အဘူဘေကာသည် ယခုအခါ အသက် ၇၀ အရွယ်ရှိပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဇာတိဖြစ်၏။ လွန်ခဲ့သော ၃၁ နှစ်ခန့်က သူ၏ဇာတိမြေကို ကျောခိုင်းကာ မလေးရှားတွင် လာရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ မလေးရှားသတင်းဌာနတစ်ခုဖြစ်သော Humans of Kuala Lumpur နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အဘူဘေကာက ပြောသည်မှာ မလေးရှားတွင် အလုပ်အကိုင်ပေါသည်ဟု သတင်းများကြားရပြီးနောက် မလေးရှားသို့ သွားရောက်အလုပ်လုပ်လိုစိတ် ပြင်းပြခဲ့ကြောင်း၊ မိမိ၏ အသိအကျွမ်းများမှာမူ ထိုသို့ အလုပ်လုပ်လိုမှု မရှိကြကြောင်း ပြောသည်။ […]
Yemen နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို တစ်ချိန်က ဂြိုဟ်သားများက အစပြုပေးခဲ့သည်ဟု ဆိုနိုင်မလား။ Yemen နိုင်ငံ Socotra ကျွန်းစုမှ ထူးဆန်းအပင်များသည် ကမ္ဘာလှည့်ခရီးသွားများကို တစ်မျိုးတစ်ဖုံ ဆွဲဆောင်နေလျက် ရှိပါသည်။ Socotra ကျွန်းစုမှ အပင်မျိုးစိတ်များသည် ကမ္ဘာမြေပေါ်ရှိ တခြားဘယ်နေရာမှာမှ ထပ်မရှိနိုင်တော့သည့် ထူးဆန်းအပင်များဖြစ်သလို အပင်ကြီးထွားပုံ၊အရွက်၊အကိုင်းအခက်၊ ပင်စည်ပုံစံ တစ်ခုချင်းစီတိုင်းဟာလည်း ထူးဆန်းလျက်ရှိနေသည်ဟု ဆိုနိုင်သည်။ (ပုံတွင် ကြည့်ရှုလိုက်ပါ) Socotra ကျွန်းစုတွင် သခွားသီး၊သလဲသီးအပင်များပေါက်ရောက်သော်လည်း သခွားသီးအပင်ပုံစံမှာထူးဆန်ပြီး သလဲသီးအပင်မှာလည်း ပုံမှန်နှင့်မတူ ကွဲပြားခြားနားလျက်ရှိသည်။ Socotra ကျွန်းစုတွင် ခရီးသွားများ စိတ်ဝင်တစားကြည့်ရှုကြသော ထူးဆန်းအပင်မျိုးစိတ်မှာ နဂါးသွေးပင် (Dragon Blood Tree) ပင်ဖြစ်သည်။ နဂါးသွေးပင်၏ ပုံပန်းသဏ္ဌာန်ကိုကြည့်လျှင် မှိုပွင့်၊ဧရာမထီးကြီးတစ်ချောင်းထောင်ထားသကဲ့သို့ ထင်ရပါတယ်။ ပင်စည်ရင်းကို ဓားဖြင့်မွှမ်းပါက သွေးကဲ့သို့အရည်ပျစ်ပျစ်များစီးကျလာခြင်းကြောင့် “နဂါးသွေးပင်”ဟု […]
လိုင်စင်မြေအား အမည်ပေါက် ချထားပေးခြင်းခံရသူ၊ (၁)နှစ်တစ်ကြိမ်ဖြင့် (၃)နှစ်သက်တမ်းတိုး ဆောင်ရွက်ပြီးသူမှ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ၊ မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေငှားဂရန် လျှောက်ထားခြင်းပြုနိုင်ပါသည်။ လူနေထိုင်ရန် အိမ်ရာအဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုထားသော လိုင်စင်မြေကို သာ မြေငှားဂရန် လျှောက်ထားခြင်း ပြုနိုင်ပါသည်။ (၁)နှစ် ခွင့်ပြုထားသော ယာယီလိုင်စင်မြေအား သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ လိုင်စင် အမည်ပေါက် ချထားပေးခြင်းခံရသူ (သို့) အသင်းအဖွဲ့အမည်ဖြင့် ချထားပေးပါက အဆိုပါ အသင်းအဖွဲ့ (သို့) ဌာနဆိုင်ရာအမည်ဖြင့် ချထားပေးပါက အဆိုပါဌာနဆိုင်ရာမှ သက်တမ်းတိုး လျှောက်ထားခွင့်ရှိပါသည်။ ထို့ပြင် အသင်းအဖွဲ့ အမည်ပေါက်ဖြင့် သက်တမ်းတိုးခြင်းများ၌ အစည်းအဝေးမှတ်တမ်းပါ တင်ပြပေးရမည်။ လိုင်စင်မြေအား သက်တမ်းတိုးရာတွင် အောက်ပါစာရွက်စာတမ်းများလိုအပ်ပါသည်။ – လိုင်စင်လက်မှတ်မိတ္တူ – နိုင်ငံသားမှတ်ပုံတင်မိတ္တူ – မြေပိုင်ဆိုင်မှုနှင့် ပတ်သတ်သော […]
ဂျာမနီနိုင်ငံရှိ တောနက်ကြီးတစ်ခုထဲတွင် တောရိုင်းသစ်ပင်များကြားမှ ငွါးငွါးစွင့်စွင့် ထွက်ပေါ်နေသော မိုးမျှော်တိုက်ကြီးတစ်ခုရှိနေသည်။ ကြီးမားလှသော မိုးမျှော်တိုက်ကြီးတစ်ခုဖြစ်သော်လည်း လူသူတစ်ဦးတစ်လေမှ နေထိုင်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုလျှင် ဓာတ်လှေကားများ စမ်းသပ်ရန်အတွက် ရည်ရွယ်ကာ ဆောက်လုပ်ထားခြင်းကြောင့် ဖြစ်သည်။ (ဓာတ်လှေကားစမ်းသပ်သည့် မိုးမျှော်တိုက်ကြီးသည် ဆိတ်ငြိမ်အေးချမ်းသော တောတွင်းမြို့လေးတစ်ခု အနီးတွင် တည်ရှိသည်။ ဓာတ်ပုံ-Getty) (မိုးမျှော်တိုက်၏ အမြင့်မှာ ၈၀၇ ပေရှိသည်။ ဓာတ်ပုံ-Getty) မိုးမျှော်တိုက်ကြီးကို The TK Elevator Testturm ဟု အမည်ပေးထားပြီး ဓာတ်လှေကားနည်းပညာ တိုးတက်ဆန်းသစ်မှုများရှိလာစေရန် ရည်ရွယ်ကာ စမ်းသပ်မှုများပြုလုပ်ရန် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ TK Elavator Engineering ကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မျိုးဆက်သစ် ဓာတ်လှေကားများ စမ်းသပ်ရန်နေရာ ၁၂ […]
ယေရှုခရစ်၏ အဆုံးအမအတိုင်း မိမိပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ဆင်းရဲသားများကို လှူဒါန်းခဲ့သော သြစတေးလျ ပန်းချီဆရာ သမ္မာကျမ်းစာ မဿဲ ၁၉း၂၁ တွင် “ယေရှုကလည်း ..သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့။ ကိုယ့်ဥစ္စာများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏” ဟု ဖော်ပြပါရှိသည်။ သြစတေးလျမှ ပန်းချီပညာရှင် အာရွန်မိုးရ် (Aaron Moore) သည် ပန်းချီပြပွဲတစ်ခု ကျင်းပခဲ့ကာ ထိုပွဲတွင် ပန်းချီကားများနှင့်အတူ ၎င်းပိုင်ဆိုင်သော ပစ္စည်းများအားလုံးကိုလည်း ပြသထားခဲ့ပြီး ဆင်းရဲသားများကို လှူဒါန်းရန်အတွက် လေလံတင်ရောင်းချခဲ့သည်။ ဆစ်ဒနီမြို့တောင်ပိုင်း Cronulla အရပ်တွင်နေထိုင်သူ အာရွန်မိုးရ်သည် ပိုင်ဆိုင်မှုအားလုံးကို ထိုသို့ ရောင်းချလှူဒါန်းခဲ့ချိန်က အသက် […]
ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် ဝိုင်ဝါသနာကြီးသူများ တဆိတ်လောက် အာရုံစိုက်ပေးပါ။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများအတွက် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်မှာ တကယ်အမိုက်စား အငှားချအိမ် ၄ လုံးပါတဲ့ ခြံဝန်းကြီးတစ်ခု အရောင်းဈေးကွက်ဝင်နေသည်။ ခြံဝန်းအကျယ် ၅ ဒသမ ၁၂ ဧကရှိပြီး ကန်ဒေါ်လာ ၂ သန်းကျော်လေးသာ ဈေးခေါ်ထားသည်။ အတိအကျဆိုလျှင် ကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းဖြစ်သည်။ ဝိုင်စည်ကြီး ၄ ခုထဲမှာ Cabin အိမ် ဆောက်ထားတဲ့ အိမ် ၄ လုံးပါဝင်သည်။ အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်၊ Fredericksburg မြို့တွင်ရှိသည်။ အရောင်းကြော်ငြာတွင် ဖော်ပြချက်အရ Hickory Haus ဟု အမည်ပေးထားသော ပင်မအိမ်တွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း […]