Yemen နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို တစ်ချိန်က ဂြိုဟ်သားများက အစပြုပေးခဲ့သည်ဟု ဆိုနိုင်မလား။ Yemen နိုင်ငံ Socotra ကျွန်းစုမှ ထူးဆန်းအပင်များသည် ကမ္ဘာလှည့်ခရီးသွားများကို တစ်မျိုးတစ်ဖုံ ဆွဲဆောင်နေလျက် ရှိပါသည်။
Socotra ကျွန်းစုမှ အပင်မျိုးစိတ်များသည် ကမ္ဘာမြေပေါ်ရှိ တခြားဘယ်နေရာမှာမှ ထပ်မရှိနိုင်တော့သည့် ထူးဆန်းအပင်များဖြစ်သလို အပင်ကြီးထွားပုံ၊အရွက်၊အကိုင်းအခက်၊ ပင်စည်ပုံစံ တစ်ခုချင်းစီတိုင်းဟာလည်း ထူးဆန်းလျက်ရှိနေသည်ဟု ဆိုနိုင်သည်။ (ပုံတွင် ကြည့်ရှုလိုက်ပါ)
Socotra ကျွန်းစုတွင် သခွားသီး၊သလဲသီးအပင်များပေါက်ရောက်သော်လည်း သခွားသီးအပင်ပုံစံမှာထူးဆန်ပြီး သလဲသီးအပင်မှာလည်း ပုံမှန်နှင့်မတူ ကွဲပြားခြားနားလျက်ရှိသည်။ Socotra ကျွန်းစုတွင် ခရီးသွားများ စိတ်ဝင်တစားကြည့်ရှုကြသော ထူးဆန်းအပင်မျိုးစိတ်မှာ နဂါးသွေးပင် (Dragon Blood Tree) ပင်ဖြစ်သည်။
နဂါးသွေးပင်၏ ပုံပန်းသဏ္ဌာန်ကိုကြည့်လျှင် မှိုပွင့်၊ဧရာမထီးကြီးတစ်ချောင်းထောင်ထားသကဲ့သို့ ထင်ရပါတယ်။ ပင်စည်ရင်းကို ဓားဖြင့်မွှမ်းပါက သွေးကဲ့သို့အရည်ပျစ်ပျစ်များစီးကျလာခြင်းကြောင့် “နဂါးသွေးပင်”ဟု ခေါ်ဝေါ်ကြပြီး ကမ္ဘာလှည့်ခရီးသွားများအတွက်တော့ ဂြိုဟ်ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားမှုမျိုး ဖြစ်ပေါ်လာစေနိုင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com