(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၄ အရေအတွက် ပိုများပြီး မကြာခဏ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ အင်္ဂလိပ်ဘာသာနဲ့ War Crime လို့ ခေါ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေက မြန်မာနိုင်ငံရဲ့ ၃ နှစ်ကျော်ဝန်းကျင်ရှိလာတဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်စဥ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း ဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားသလဲ လေ့လာကြည့်တဲ့အခါ လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံတကာ စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေ၊ လိုက်နာရမယ့် စည်းမျဥ်းတွေကို ချိုးဖောက်ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းဆဲတာ၊ အရပ်သားနေအိမ် အဆောက်အဦတွေကို မီးရှို့တာ ဖျက်ဆီးတာ၊ အဓမ္မပြုကျင့်တာ၊ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပန်းတာတွေကို စစ်ရာဇဝတ်မှုလို့ ဖွင့်ဆိုပါတယ်။ အခုလို ကျူးလွန်မှုတွေကို နိုင်ငံလို လက်နက်ကိုင်တပ်လို အစုအဖွဲ့ အနေထက် […]
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄ လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက် လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း […]
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၄ တရစ်ပြီးတရစ် ကြပ်လာတဲ့ တရုတ်နိုင်ငံရဲ့ နယ်စပ် ကုန်စည်ပိတ်ဆို့မှု တရုတ်နိုင်ငံအစိုးရ အနေနဲ့ ၄င်းနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ အခြေစိုက်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်တာ၊ ကုန်ပစ္စည်းကန့်သတ်ချက်တွေ ထုတ်ပြန်တာတွေ လွန်ခဲ့တဲ့ ၂ လ ဝန်းကျင်ကစလို့ လုပ်ဆောင်လာရာမှာ တစထက်တစ ပိုမိုတင်းကြပ်လာတာ သတင်းတွေထဲမှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ အနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့တဲ့ လက်နက်ကိုင်အဖွဲ့တွေက TNLA, MNDAA နဲ့ KIA တို့ဖြစ်ပါတယ်။ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ရှိတဲ့အနက် AA ကတော့ တရုတ်-မြန်မာ […]
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အချို့သော နိုင်ငံရေး စစ်ရေး အကဲခတ် သုံးသပ်သူတွေက ပွင့်လင်းရာသီလို့ ဆိုတဲ့ အခုလို နိုဝင်ဘာလကနေ မိုးရာသီစတင်ဝင်ရောက်တဲ့ မေလ အကုန်ကာလအတွင်း ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းပြောဆို လေ့ရှိတာတွေ့ရပါတယ်။ မိုးရာသီကုန်တဲ့အခါ တောတောင်တွေထဲက မြေသားလမ်းတွေ ခြောက်သွေ့သွားချိန် ကားလမ်း၊ ယာယီလမ်းတွေအသုံးပြုနိုင်ပြီဖြစ်လို့ လက်နက်၊ ရိက္ခာတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သယ်ယူနိုင်တဲ့အချက်ကြောင့် ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ကိုခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုမိုများပြားလာမယ့် သဘောမျိုး ဆိုလိုကြတာ ဖြစ်ပါတယ်။ အရင့်အရင် ဆယ်စုနှစ် ၂ ခု […]
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၄ ပြည်တွင်းစစ်၊ ပိတ်ဆို့မှု နဲ့ အငတ်ဘေး ပြည်တွင်းစစ် ဖြစ်ပွားလာတာ ၃ နှစ်နီးပါးရောက်ရှိလာသလို ယခု ၂၀၂၄ ခုနှစ်ထဲမှာ စစ်ပွဲရဲ့ အရှိန်အဟုန် ဖြစ်ပွားတဲ့နေရာ အကျယ်အဝန်း၊ လူထိခိုက်မှု အရေအတွက်၊ မြို့တွေက နေအိမ် အဆောက်အဦ ပျက်စီးမှုတွေက လက်ရှိ အချိန်အထိ အမြင့်ဆုံး အဆင့်ကိုရောက်လာနေတယ်လို့ ဆိုနိုင်ပါတယ်။ သေဆုံးမှုတွေ မှာ ၁၀ ဂဏန်းအောက်ရှိတဲ့ အရေအတွက်တွေက သတင်းမဖြစ်ဘူးလို့ ဆိုရလောက်အောင် ဂရုပြုစရာ ကိန်းဂဏန်းတွေ မဟုတ်ကြတော့ပါဘူး။ အရပ်သား သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်း၊ တိုက်ပွဲအတွင်း သေဆုံးတဲ့ အရေအတွက်၊ မြို့ရွာ ပျက်စီးဆုံးရှုံးခြင်း စတဲ့ အရာတွေက နိုင်ငံရဲ့ နေရာအတော်များများမှာ နေ့စဥ်ဖြစ်နေကျ […]
မြန်မာနွေဦး ခရိုနီကယ် – နိုဝင်ဘာ ၈ မြင်ကွင်း (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၄ မျက်မှောက် အပြောင်းအလဲ အမေရိကန်၊ တရုတ်နဲ့ မြန်မာတို့၏ တုံ့ပြန်ချက်တွေ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်နဲ့ တပတ်တည်းမှာပဲ အမေရိကန်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲရလဒ်က အမေရိကန်ပြည်တွင်း ပြည်ပသာမက မြန်မာလူမျိုးတွေကြားမှာပါ ကြီးမားသောဂယက်ကို ထိခိုက်စေပါတယ်။ မင်းအောင်လှိုင်၏ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့လည်း မြန်မာတွေအကြားမှာ ဆွေးနွေးပြောဆိုစရာတွေ ဝေဖန်အငြင်းပွားစရာတွေ ဖြစ်နေကြတာလည်း တွေ့ရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတခုမှာ ထုတ်ပြန်ရာမှာ – မြန်မာဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ သင့်မြတ်သာယာရေးကို အကောင်အထည် ဖော်ဆောင်ရန် အားပေးထောက်ခံသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆိုတယ်လို့ ဆိုပါတယ်။ အသေးစိတ်ဖော်ပြချက်ကတော့ – မိမိတို့သည် […]
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၄ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်က ဘာအကျိုးအမြတ် ရမလဲ၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း အဖြေရှာဖို့ အိန္ဒိယရဲ့ ချဥ်းကပ်မှု ၅ ရက်တာ ကြာမြင့်မယ့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခရီးစဥ်အတွင်း မဟာမဲခေါင်ဒေသ အစည်းအဝေးတက်ရောက်ရုံတင် မကပဲ၊ အာဆီယံနဲ့ တရုတ်တို့လို ဒေသတွင်း နိုင်ငံတွေအကြား သီးခြား အစည်းအဝေးတွေလည်း လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ သံတမန်ရေးအရေ အကျိုးအမြတ်ရရှိစေတဲ့ အခွင့်အရေးတခုလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ခရီးစဥ်ရဲ့ အဓိက ရည်ရွယ်ချက်၊ ရည်မှန်းချက်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် တိုက်ပွဲတွေကို ရပ်ဆိုင်းစေဖို့ စစ်ကောင်စီကို စည်းရုံးတာ၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစေဖို့ တိုက်တွန်းဖိအားပေးတာ၊ တဖက်မှာလည်း တရုတ်နိုင်ငံရဲ့ […]
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၄ ဘာကြောင့် ဒီမိုကရက်တွေ ရှုံးသွားသလဲ ထရန့် နိုင်တဲ့ နောက် ဘာတွေဖြစ်မလဲ ရွေးကောက်ပွဲ ကျင်းပရာ အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်နေ့ ည သန်းခေါင်ဝန်းကျင်၊ အာရှမှာတော့ ၆ ရက်နေ့ နံနက်ပိုင်း ရောက်ချိန်မှာ မဲတွေအားလုံး မရေတွက်ရသေးတဲ့တိုင် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရတဲ့အကြောင်း အမေရိကန် အစိုးရက တည်ထောင်ထားတဲ့ VoA မီဒီယာမှာ ဖော်ပြလိုက်တဲ့အခါ ဒါတော့သေချာသွားပြီ ဆိုတာ နားလည်သဘောပေါက်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံ မှာ မွေးဖွားသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ကူညီဆောင်ရွက်နေကြတဲ့ အမေရိကန်ရောက် မြန်မာတွေ ၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ […]
အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင်
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှု၊ စစ်ကောင်စီ ခေါင်းဆောင် တရုတ်ခရီးစဥ် စတင် ၄ နှစ်တကြိမ် ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ခုနှစ် ဒီမိုကရက်တစ် ပါတီက လက်ရှိဒုသမ္မတ ကမ်မလာဟဲရစ် နဲ့ ယခင်က သမ္မတ ၄ နှစ်တာဝန်ထမ်းဆောင်ဖူးသူ ရီပတ်ဗလစ်ကန် ပါတီက ဒေါ်နယ်ထရန့်တို့ ယှဥ်ပြိုင်နေကြပြီး ဒီရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေတာပါ။ စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေး အရေး နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေကြတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း […]
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ စစ်အာဏာ သိမ်းပြီး ၃ နှစ်ကျော် ၄ နှစ်နီးပါး ရောက်လာချိန်မှာ စစ်အာဏာသိမ်း ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ပြည်ကို သွားမယ့် ခရီးစဥ်က ထူးခြားတဲ့ ခရီးစဥ်တခုဖြစ်နေတယ် ဆိုတာ အငြင်းပွားဖွယ်မရှိတဲ့ အချက်လို့ဆိုနိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးကာစကတည်းက စစ်ကောင်စီ အနေနဲ့ တရုတ်ရဲ့ အပြည့်အဝ ထောက်ခံမှုကို လိုနေတာ ဖုံးကွယ်ထားတဲ့ ကိစ္စတခုတော့မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေး၊ နယ်စပ်ကူးလူးဆက်ဆံမှု၊ စစ်လက်နက်ခဲယမ်း ဝယ်ယူမှု သို့မဟုတ် ထောက်ပံ့မှု စတဲ့အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ စိတ်မသက်မသာ […]