ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ သီရိလင်္ကာရွေးကောက်ပွဲ လက်ရှိသမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့ အနိုင်ရ သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အနုရာ ကုမာရ (Anura Kumara Dissanayake) ရဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ နေရာအများစု အနိုင်ရသွားပါတယ်။ အမျိုးသားပြည်သူ့အာဏာပါတီ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ ၃ ပုံ ၂ ပုံ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့တာပါ။ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်နေရာ ၂၂၅ နေရာမှာ ၁၅၉ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကတိအရ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားအကြွေးတွေ ပြန်မဆပ်နိုင်လို့ ဒေဝါလီခံခဲ့ရတဲ့အထိ အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လက်ရှိမှာလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ချေးငွေ အစီအစဉ်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ Ref: AP ……………………………….. အိန္ဒိယမှာ ဆေးရုံမီးလောင်လို့ မွေးကင်းစ ကလေးငယ် ၁၀ ဦးသေဆုံး အိန္ဒိယနိုင်ငံ ဥတာပရာဒရှ်ပြည်နယ်က ဆေးရုံတစ်ရုံက မွေးကင်းစ ကလေးငယ်တွေထားတဲ့အဆောင် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ကလေး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ကလေးငယ် ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။ ဆေးရုံထဲ မွေးကင်းစ ကလေးငယ် ၅၅ ဦးကို ကုသမှုပေးနေတဲ့ အဆောင်မှာ မီးချက်ချင်းလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။ အဲဒီအထဲက ကလေးငယ် ၄၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှု ပေးနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ထိခိုက်ခဲ့တဲ့ မိသားစုဝင်တွေကို အစိုးရက ကူညီပေးသွားမယ်လို့ ကြေညာခဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ Ref: BBC ……………………………….. လေထုညစ်ညမ်းလို့ နယူးဒေလီမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ် လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမြို့တော် နယူဒေလီမြို့မှာနိုဝင်ဘာလ ၁၈ ရက်နေ့က စာသင်ကျောင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ လမ်းတစ်လျှောက်ကိုလည်း ထရပ်ကားတွေနဲ့ ဒီဇယ်အသုံးပြုယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ထားပါသေးတယ်။ မြို့တော်တဝိုက် မီးခိုးမြူတွေ ထူထပ်နေသလို မြို့ခံတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါခံစားနေရသူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းထားပါတယ်။ လေထုညစ်ညမ်းမှုအဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့ ဘေးကင်းမှုအဆင့်ထက် အဆ ၅၀ လောက် ပိုဆိုးနေတယ်လို့ သတ်မှတ်ခံထားပါတယ်။ Ref: AP ……………………………….. အမေရိကန်က ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီရန် ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်မယ် အဆင်းရဲဆုံး တိုင်းပြည်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၄ ဘီလီယံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထည့်ဝင်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၄ဘီလီယံ ထည့်ဝင်ဖို့ ကတိပြုခဲ့တာပါ။ ဒါကို ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ G 20 ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ IDA က ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ခွဲတစ်ခုပါ။ အဆင်းရဲဆုံးတိုင်းပြည်တွေရဲ့ ဥတုရာသီဆိုင်ရာ စီမံချက်တွေ အပါအဝင် အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံချက်တွေအတွက် အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးပေးတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ Ref: […]
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ တပ်ကြီးကုန်း ကျေးရွာသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၄) ကြိမ်လာရောက်ကြဲချမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်မှ ပြည်သူများကိုဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် လာနေသောကြောင့် ဒေသခံများကို လူစုလူဝေးမပြုလုပ်ရန် နှင့် လေကြောင်းရန် ကာကွယ်ရန် အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောဆိုထားသည်။ နောင်ချို […]
စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အထိနာနေလင့်ကစား အုပ်စုနှစ်စုခွဲကာ ကျေးရွာများကို ၅ ရက်ကြာ ဆက်လက် စစ်ကြောင်းထိုးနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ပြင်းထန်နေသည်။ မန္တလေးမြို့မှ လာသည့် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းသည် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များအထိုင်ချထားသည့် ဧရာဝတီမြစ်ကမ်းဘေးရှိ သဖန်းဒေါက် ကျေးရွာနှင့် ဆောက်ခြုံပေါက်ကျေးရွာတို့ကို စီးနင်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် မတ္တရာမြို့ပေါ်မှ ထွက်လာသည့် အင်အား ၁၅၀ ကျော်ခန့် ပါဝင်သော စစ်ကြောင်းက မတ္တရာအနောက်မြောက်ဘက် တော်လှန်ရေးတပ်ဖွဲ့များအခြေပြုသည့် မြွေတလှိုင်း၊ ဥဒိန်၊ သူဌေးကုန်း၊ ရှင်လှ၊ ပိုဝ စသော ကျေးရွာတို့ကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “သဖန်းဒေါက်နဲ့ဆောက်ခြုံပေါက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိုင်ထားတာ။ အဲဒီဆောက်ခြုံပေါက်နဲ့ ရွှေ ချောင်းရွာဆိုတာကတော့ လယ်ကွက်တွေပဲခြားပြီး (ရွှေချောင်းရွာက) […]
မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း ပုလောမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမတွင် နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ပုလောမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ကာ မြိတ်မြို့နှင့် ပုလောမြို့ကို ဆက်သွယ်ထားသည့်လမ်းတစ်လျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ “မြိတ် – ပုလောလမ်းပိုင်းက တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ ရွာတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်ရေးလုပ်ပါတယ်။ ပုလော – ပလောက်လမ်းပိုင်း ကားလမ်းရွာတွေနဲ့ လမ်းအောက်ဘက်ရွာတွေကိုလည်း နယ်မြေရှင်းစစ်ကြောင်းထိုးပါတယ်” ဟု ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူ အမျိုးသားက ပြောသည်။ စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ခန့်ဖြင့် ပလောက်မြို့မှ မြိတ်မြို့အထိ ၇၈ မိုင်ကျော်ရှည်လျားသော ပြည်ထောင်စုလမ်းအစိတ်အပိုင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟုလည်း အထက်ပါ အမျိုးသားက […]
Is World War III COMING? ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နျူကလီးယားတိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်မှုပြုလုပ်ပြီးနောက် ပထမဆုံးသော တိုက်ချင်းပစ်ဒုံးပျံတိုက်ခိုက်မှုကို မနေ့ညက ပြုလုပ်ခဲ့ပါတယ်။ Intermediate Range Ballistic Missile အဆင့်ရှိတဲ့ ဒုံးပျံနဲ့ ယူကရိန်းကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ NATO အုပ်စုဝင် ဥရောပနိုင်ငံတွေအနေနဲ့ တတိယကမ္ဘာစစ်ကြီးကို ပိုမိုနီးကပ်လာပြီလို့စိုးရိမ်ပူပန်မှုတွေရှိလာပြီပဲဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ယူကရိန်းစစ်တပ်ကို သူတို့ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးပျံတွေနဲ့ ရုရှားနယ်နမိတ်အတွင်းပိုင်းထဲကို ပစ်ခတ်ဖို့ သဘောတူပြီးနောက်ပိုင်း ရုရှားသမ္မတကလည်း အဲ့ဒီလို ပစ်မယ်ဆို နျူကလီးယားလက်နက်ကို သုံးသင့်သုံးရမယ်ဆိုပြီး စည်းမျဉ်းတွေ ပြင်ဆင်ရေးဆွဲခဲ့တာပါ။ ယူကရိန်းဘက်က ပထမဆုံး အသုံးပြုပြီးနောက်မှာတော့ ရုရှားဘက်ကလည်း နျူကလီးယားထိပ်ဖူးမပါဝင်တဲ့ IRBM ဒုံးပျံကို ပစ်ခတ်တုံ့ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် တတိိယကမ္ဘာစစ်ဖြစ်ဖို့ ခြေလှမ်းတစ်ခု တိုးလာတာပဲလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ […]
သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည် ၂ နှစ် မဖြစ်မနေစစ်မှုထမ်းရမည်ဟု နိုဝင်ဘာလ ၂၀ ရက် က ပြုလုပ်သည့် အစည်းအဝေးအတွင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။ “အခုက လူငှားလည်း မယူရတော့ဘူး။ ကိုယ်တိုင် သွားရမယ်တဲ့။ လူစာရင်းတွေက ထွေအုပ်မှာ အကုန်ရှိပြီးသားမို့ ဘယ်သူကံကောင်းမလဲတော့ မသိတော့ဘူးဗျာ။ ထွက်ပြေးရင်လည်း ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောထားတယ်။ ညဘက်အပြင်ထွက်လို့ ဖမ်းသွားရင်လည်း တာဝန်မယူဘူးလို့ ပြတ်ပြတ်သားသားပြောထားတယ်” ဟု […]
ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူ အရေအတွက်မှာ ဆီးရီးယားနိုင်ငံကိုကျော်တက်ပြီး အများဆုံးနိုင်ငံဖြစ်လာကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ၏ စစ်တမ်းမှာ ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် ဖြစ်စဉ်အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ “မြေမြုပ်မိုင်းကြောင့် အသေအပျောက်အများဆုံး နိုင်ငံစာရင်းမှာတော့ မြန်မာပြီးရင် ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ရပ်တည်နေတယ်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာလည်း မြေမြုပ်မိုင်းများရှိလာကြောင်း ICBL စစ်တမ်းက ဆိုသည်။ မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က […]
မကွေးတိုင်းအတွင်း ခရီးသွားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တချို့ ယခုလအတွင်း စစ်တပ်နှင့်ထိပ်တိုက်တွေ့ပြီး သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ “ သရက်ခရိုင် တပ်ရင်း (၁) က ရဲဘော်တွေပဲ။ ၆ ယောက်မှာ တစ်ယောက်က အဖမ်းခံရ။ ၅ ယောက်က ကျဆုံးပေါ့ အဲ့လိုဖြစ်သွားတယ်” ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်ကြစဉ် တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦး ဖမ်းဆီးခံရသည်။ ထိုပစ်ခတ်မှုတွင် လွတ်မြောက်လာသူ ၄ ဦးမှာ ဆက်လက် ခရီးထွက်လာရာ နှစ်ပတ်အကြာ နိုဝင်ဘာ ၁၇ ရက်နေ့က မြို့သစ်မြို့မှ မိုင် ၂၀ကျော်ခန့်အကွာတွင် စစ်တပ်နှင့် ထပ်တွေ့ကြသည်ဟု ဆိုသည်။ တောင်တွင်းကြီးမြို့နယ်၊ […]
ယူကရိန်းသည် US ATACMS ဒုံးကျည်များကို အသုံးပြုပစ်ခတ်ပြီးနောက် တစ်ရက်အကြာတွင် ရုရှားပစ်မှတ်များကို နောက်ဆုံးပေါ် အနောက်တိုင်းလက်နက်အသစ်ဖြစ်သည့် ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည်များဖြင့် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုကို ရုရှားစစ်သတင်းထောက်များက Telegram မှာ ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံခဲ့ပြီး အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက အတည်ပြုထားကြောင်း သိရသည်။ ရုရှားပိုင်နက်ကို အနောက်နိုင်ငံ လက်နက်များသုံးပြီး တိုက်ခိုက်ခြင်းသည် ပဋိပက္ခကို ပိုကြီးမားလာမည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။ ယူကရိန်းအရှေ့မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော Kursk ဒေသတွင် ကြီးမားသော ပေါက်ကွဲသံ ၁၄ ခုထက်မနည်းကြားရပြီး အများစုမှာ ဒုံးကျည်ကဲ့သို့ စူးရှသော ဝီစီသံများနှင့်အတူ လူနေရပ်ကွက်တစ်ခုတွင် အနက်ရောင် မီးခိုးများ တက်လာသည့် ရိုက်ကူးထားသည့် […]
အောက်ပါ link မှ PDF File ကို download ရယူနိုင်ပါသည်။ The post ပါဠိအခြေခံသင်ခန်းစာ (တတိယနေ့) appeared first on DTC – Dhammatrainingcenter . Source link