တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုတဲ့ ခူကောင်မှိုတစ်မျိုးဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုနှုန်းကို နှေးကွေးစေတဲ့ အာနိသင်ရှိကြောင်း ဗြိတိန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ နော်တင်ဟမ်တက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာကျောင်းမှ သိပ္ပံပညာရှင်တွေဟာ ကပ်ပါးမှိုက ရောဂါတွေကုသရာမှာ ဘယ်လိုအစွမ်းရှိသလဲဆိုတာကို လေ့လာခဲ့ကြပြီး သူတို့ရဲ့တွေ့ရှိမှုတွေကို FEBS စာစောင်မှာ ရေးသားခဲ့တာပါ။ ခူကောင်မှာ ကပ်ငြိပြီး ဖြစ်ပေါ်လာသော လိမ္မော်ရောင်မှို(Cordyceps)က ထုတ်ပေးတဲ့ Cordycepin ကွန်ပေါင်းဟာ ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိနေတာ တွေ့ရှိခဲ့တာပါ။ ကင်ဆာဆဲလ်တွေ ကြီးထွားလာတာဟာ ဆဲလ်ကြီးထွားမှုအချက်ပြလှိုင်းတွေကြောင့်ဖြစ်ပြီး Cordycepin ကွန်ပေါင်းက အဲဒီလှိုင်းတွေကို တားဆီးပိတ်ပင်ပေးနိုင်စွမ်း ရှိပါတယ်။ ” စိတ်လှုပ်ရှားစရာကောင်းတာတစ်ခုကတော့ စမ်းသပ်မှုတွေလုပ်ဖို့ တော်တော်လည်းလွယ်တယ်။ ကုန်ကျစရိတ်လည်း အရမ်းသက်သာတယ်။ အဲဒီတော့ ထောင်နဲ့ချီတဲ့မျိုးဗီဇတွေကို တပြိုင်တည်းခွဲခြမ်းစိတ်ဖြာကြည့်လို့ ရတယ်”လို့ ဒီသုတေသနကို ဦးဆောင်တဲ့ ဆေးဘက်ဆိုင်ရာကျောင်းမှ […]
မောင်ဖြစ်သူကို ပြန်ပေးဆွဲ သတ်ဖြတ်ပြီး တိမ်းရှောင်နေတဲ့ တရားခံကို ဖမ်းဆီး အရေးယူနိုင်ရေးအတွက် တရုတ်အမျိုးသမီးတစ်ဦးက ဆယ်စုနှစ် ၃ ခုတိုင်တိုင် ကြိုးပမ်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ လီဟိုင်ယုရဲ့ဖခင်နဲ့ သူစိမ်းအမျိုးသားတစ်ဦး လစာကိစ္စ စကားများခဲ့ကြပြီး အဲဒီအမျိုးသားက လီဟိုင်ယုရဲ့ ၉ နှစ်အရွယ် မောင်ဖြစ်သူကို ပြန်ပေးဆွဲခဲ့ပါတယ်။ ကျောင်းက ပြန်လာချိန် ပျောက်ဆုံးသွားတဲ့ ကလေးငယ် လီဟွမ်ပင်းကို ဟီနန်ပြည်နယ်တစ်ဝိုက် ပိုက်စိပ်တိုက် ရှာဖွေကြပေမဲ့ သူ့ရဲ့အင်္ကျီကိုပဲ တွေ့ခဲ့ကြပါတယ်။ နောက်တစ်နှစ် ဖေဖော်ဝါရီလမှာတော့ လီဟွမ်ပင်းရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ပြီး ပြန်ပေးဆွဲသူကိုတော့ လုံးဝရှာမတွေ့ခဲ့ပါဘူး။ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ လီဟွမ်ပင်းကို ဓားနဲ့ထိုးသတ်ပြီး ကြံခင်းထဲ လာပစ်ထားတာလို့ ဆိုပါတယ်။ လီဟိုင်ယုရဲ့ဖခင်ကတော့ ဝမ်းနည်းစရာကောင်းတဲ့ ဒီသတင်းကို သူ့မိသားစုမသိအောင် ဖုံးကွယ်ထားခဲ့တာကြောင့် မိသားစုဝင်တွေကတော့ […]
တရုတ်အရှေ့ပိုင်း သက်မွေးဝမ်းကျောင်းတက္ကသိုလ်မှာ ဓားထိုးမှုဖြစ်စဉ်ကြောင့် လူ (၈) ဦး သေဆုံးကာ (၁၇) ဦး ဒဏ်ရာရ – Ayeyarwaddy Times Source link
စမတ်ဖုန်းထဲမှ တုန်ခါမှုကို အသုံးပြုပြီး နွားနို့ ချဉ်နေပြီလား၊ ကောင်းသေးလားဆိုတာကို အဖုံးမဖွင့်ဘဲ စစ်ဆေးနိုင်မယ့် နည်းလမ်းသစ်တစ်မျိုးကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ကြပါတယ်။ နယူးဆောက်ဝေးလ်ပြည်နယ် ကွန်ပျူတာသိပ္ပံနဲ့ အင်ဂျင်နီယာဌာနမှ သုတေသီတွေဟာ ဖုန်းတိုင်းမှာ ပါဝင်တဲ့ တုန်ခါစေသော မော်တာနဲ့ အင်နားရှားတိုင်းတာမှုယူနစ်(IMU) တို့ကို အသုံးပြုပြီး VibMilk ဆိုတဲ့ စမတ်ဖုန်းဆင်ဆာကို တီထွင်ခဲ့တာပါ။ အဖုံးဖွင့်စရာမလိုဘဲ နွားနို့ လတ်ဆတ်မှု ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် အဲဒီနည်းလမ်းသစ်ကြောင့် (လက်ရှိကာလ နို့ထွက်ပစ္စည်း ၂၀ ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးရမှုကို) လျှော့ချပေးနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ ” နွားနို့ဘူးကို ဖွင့်လိုက်ရင်တော့ အနံ့၊ အရသာ သိနိုင်တာပေါ့။ ဒါပေမဲ့ အဲ့လိုဆို ဘက်တီးရီးယားတွေနဲ့ ထိတွေ့မှုဖြစ်ပြီး ချဉ်လွယ်၊ သိုးလွယ်တယ်။ VibMilk […]
အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်မှ အမျိုးသားတစ်ယောက်ဟာ ဖုန်းကြည့်ရင်း ထီလက်မှတ်အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရပြီးနောက်မှာတော့ လွင့်ပစ်လုဆဲဆဲ ဖြစ်နေတဲ့ ထီလက်မှတ်ကို ထီတိုက်ရာမှာ ဒေါ်လာ ၁ သန်းတန် ထီလက်မှတ် ဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။ အမည်မဖော်လိုသူဟာ တေလာမြို့၊ အဝေးပြေးလမ်းမပေါ်မှ စတိုးဆိုင်မှာ Powerball ထီလက်မှတ် ဝယ်ယူခဲ့ပြီး အောက်တိုဘာလ ၂၆ ရက် ထီဖွင့်ချိန်မှာ ထီတိုက်ဖို့ မေ့နေခဲ့တာပါ။ သူသာ ဆက်ပြီး မေ့နေမယ်ဆိုရင် ထီလက်မှတ်ကို လွှင့်ပစ်မိသွားမှာပါ။ တစ်ရက်မှာတော့ ဖုန်းကြည့်နေရင်း FastLane စတိုးဆိုင်က ရောင်းချခဲ့တဲ့ ထီလက်မှတ်က ဒေါ်လာ ၁ သန်း ဆွတ်ခူးတဲ့ သတင်းကို ဖတ်မိပြီး သူ့ထီလက်မှတ်ကို တိုက်ကြည့်ဖို့ သတိရသွားတာပါ။ သူ့ရဲ့ထီလက်မှတ်ဟာ ၈-၁၂-၄၀-၄၅-၅၁ ဂဏန်း ၅ စုလုံး […]
၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့စွန်မှာရှိတဲ့ နော်တာဒိန်းဘုရားကျောင်းကနေ ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့ပါတယ်။ နှစ်သက်တမ်း ၈၅၀ ရှိတဲ့ နော်တာဒိန်း ဘုရားကျောင်းဟာ ၂၀၁၉ ခုနှစ်က မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ပြီး ရှေးမူမပျက် ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်။ တစ်လတာအချိန်အတွင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့သောကြာနေ့ကတော့ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှုလုပ်ရာမှာ ဘုရားကျောင်းရဲ့ ခေါင်းလောင်း ၈ ခုကနေ မြည်သံထွက်ပေါ်လာခဲ့တာပ ပဲရစ်အိုလံပစ်အစီအစဉ်ရေးဆွဲရေးကော်မတီက လှူဒါန်းတဲ့ ခေါင်းလောင်းကြီးအပါအဝင် နောက်ထပ် ခေါင်းလောင်း ၃ လုံးကိုလည်း နော်တာဒိန်းဘုရားကျောင်းမှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။ Ref: Notre Dame Bells Ring Out for the First Time in 4 Years, Heralding its Upcoming […]
လွန်ခဲ့တဲ့ ၇၇ နှစ်တုန်းက အဲလိစဘတ်(၂)ဘုရင်မနဲ့ မင်းသားဖီးလစ်တို့ရဲ့ မင်္ဂလာပွဲမှာ ကျွေးမွေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ (ထိုစဉ်က) မင်းသမီး အဲလိစဘတ်ရဲ့အမှတ်အသားပါ ဘူးနဲ့ ထည့်ထားပြီး ပုံနှိပ်ထားတဲ့စာတစ်စောင်လည်း ပါပါတယ်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲမှာ တည်ခင်းဖို့ အလေးချိန် ပေါင် ၅၀၀ ရှိတဲ့ ကိတ်မုန့်ကြီး ဖုတ်ခဲ့တာဖြစ်ပြီး အခုလေလံတင်ခဲ့တဲ့ ကိတ်မုန့်ကတော့ စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့မှာရှိတဲ့ ဟိုလီရုဒ်အိမ်တော်ထိန်း မာရီယွန်ပိုလ်ဆန်ကို ပေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ် ဖြစ်ပါတယ်။ ရီမန်းဒန်ဆီလေလံကုမ္ပဏီရဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၃၁ ဒေါ်လာနဲ့ လေလံအောင်ခဲ့တာပါ။ Ref: 77-year-old slice of Queen Elizabeth […]
အသားမည်းတဲ့ ရင်သွေးမွေးဖွားလာတာကြောင့် တရုတ်အမျိုးသမီးတစ်ဦးဟာ အိမ်ထောင် ကွာရှင်းခံရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် တရုတ်အမျိုးသမီးက ဒီအကြောင်းကို လူမှုကွန်ရက်မှာ ရေးသားထားပြီး အခြားအိမ်ထောင်ရှင်တွေဆီကလည်း အကြံတောင်းထားပါတယ်။ သူ့ခင်ပွန်းဟာ သားဖြစ်သူကို ပထမဆုံးအကြိမ် တွေ့ချိန်မှာ မျက်လုံးအပြူးသားနဲ့ အံ့အားသင့်သလို ကြည့်နေခဲ့ပြီး ပွေ့ချီဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။ အမျိုးသမီးကတော့ အာဖရိကကို လုံးဝမရောက်ဖူးသလို လူမည်းမိတ်ဆွေ အသိအကျွမ်းလည်း မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ခင်ပွန်းသည်ကတော့ သံသယရှိနေတဲ့အတွက် ရင်သွေးကို DNA စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ခင်ပွန်းသည်ရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့ဘက်က မှန်ကြောင်း သက်သေပြနိုင်ရင်တောင် သူတို့ကြားမှာ ထားရှိတဲ့ ယုံကြည်မှု ပျက်ပြားနေတာကို အဖတ်ဆယ်နိုင်ဖို့ မလွယ်တော့လို့ အိမ်ထောင်ကွဲရမယ့် အခြေအနေ […]
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၉ ရက် ညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုလဲလင့်ကစား ဂျာမနီနိုင်ငံက ယူကရိန်းသို့ ကတိပြုထားတဲ့ ယူရို ၄ ဘီ လီယံကို ထောက်ပံ့နိုင်မယ်လို့ ဘတ်ဂျက်ကော်မတီမှ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိပြီးနောက် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုး က ဘဏ္ဍာရေးဝန်ကြီး ခရစ်ရှန်လင်နာကို ရာထူးမှထုတ်ပယ်ကာ ဇန်နဝါရီလမှာ အယုံအကြည်မရှိအဆို မဲခွဲမယ်လို့ ကြေညာမှုကြောင့် ဂျာမနီနိုင်ငံဟာ နိုင်ငံရေးအရ ကစဉ့်ကလျားအခြေအနေ ဖြစ်လာပါတယ်။ ဂျာမနီမှ ယူကရိန်းသို့ပေးအပ်တဲ့ အကူအညီပမာဏဟာ ၂၀၂၄ ခုနှစ်မှာ ယူရို ၈ ဘီလီယံမှ ၂၀၂၅ ခုနှစ်မှာ ယူရို ၄ ဘီလီယံအထိ ဖြတ်တောက်လိုက်တာလို့ ၂၀၂၅ ခုနှစ် ဘတ်ဂျက်မူကြမ်းအရ သိရပါ တယ်။ G7 နိုင်ငံတွေ အတည်ပြုထားတဲ့ […]
အိန္ဒိယဘုရားကျောင်းတစ်ခုမှာ ဆင်ရုပ်တုကနေ စိမ့်ကျလာတဲ့ရေကို အစွမ်းထက် ရေစင်လို့ ထင်မှတ်ပြီး လူပေါင်းများစွာ တန်းစီ စောင့်ဆိုင်းကာ သောက်ခဲ့ကြပေမဲ့ တကယ်တမ်း စစ်ဆေးကြည့်ချိန်မှာတော့ လေအေးပေးစက်ကနေ စိမ့်ထွက်လာတဲ့ရေ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဝရင်ဒါဗန်မြို့မှာ တည်ထားတဲ့ သျှရီဘန်ကီဘီဟာရီဘုရားကျောင်းနံရံမှာ ဆင်ရုပ်တုတစ်ခု ရှိပြီး အဲဒီရုပ်တုကနေ ရေတစ်ပေါက်ချင်း စိမ့်ထွက်နေတာပါ။ ဒါဟာ နတ်ဘုရား ကရစ်သျှနားဆီကနေ စိမ့်ထွက်နေတဲ့ အစွမ်းထက် ရေစင်လို့ ထင်မှတ်ပြီး လူအများအပြားက တန်းစီစောင့်ဆိုင်းကာ သောက်ခဲ့ကြတာပါ။ တကယ်တမ်း အကြောင်းရင်းကို စစ်ဆေးကြည့်ချိန်မှာတော့ လေအေးပေးစက်က စိမ့်ထွက်နေတဲ့ရေဟာ နံရံကို စီးသွားပြီး ဆင်ရုပ်ကနေ တစ်စက်ချင်း ကျနေတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဂေါပကအဖွဲ့တွေက ဒီရေကို မသောက်သုံးကြဖို့ လူတွေကို တားမြစ်ခဲ့ရပါတယ်။ ” လူတွေရဲ့ကိုးကွယ်ယုံကြည်မှုကို ကျွန်တော်တို့ လေးစားပေမဲ့ […]