ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် ပအိုဝ်းလက်နက်ကိုင်တပ် PNO/PNA သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထောင်နှင့်ချီသော တပ်သားသစ်များကို စုဝေးစေပြီး အာဏာသိမ်းပြီးနောက် တိုးပွားလာသည့် ၎င်းတို့၏ စစ်အင်အားကို ထုတ်ပြခဲ့သည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် အင်အားပိုမိုကြီးထွားလာ သည့် လူမျိုးစုလက်နက်ကိုင်တပ်စာရင်းတွင် PNO/PNA ပါဝင်လာသော်လည်း ၎င်းတို့၏ အင်အားစုဆောင်းမှုက အခြားလူမျိုးစုလက်နက်ကိုင်တပ်များနှင့် ခြားနားသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်အများစုသည် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ရန် အင်အား စုဆောင်းကြခြင်း ဖြစ်သော်လည်း ပအိုဝ်းအမျိုးသားတပ် PNO/PNA ကမူ စစ်ကောင်စီကို ကာကွယ်ရန် လူသစ်စုနေခြင်းဖြစ်သည်။ ပအိုဝ်းအမျိုးသားတပ် PNO/PNA ခေါင်းဆောင်များသည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြသည်။ PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက်စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်ကောင်စီ ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် […]
စစ်ကောင်စီ တပ်မတစ်ခုစာနီးပါး အင်အားဖြည့်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက လနှင့်ချီ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။ လူဦးရေ ၇၀၀၀ ခန့်နေထိုင်ရာ ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်တပ်က ၎င်းတို့၏ အားသာချက် ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုဖြင့် နှစ်လနီးပါးကြာ အပြင်းအထန်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးတွင် မြို့ကို လက်လွှတ်လိုက်ရသည်။ ကျားကုတ်ကျားခဲ ဖြတ်တောက်ပိတ်ဆို့ တိုက်ခဲ့ရသည့်တိုက်ပွဲဖြစ်သည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုဩဇာက ပြောသည်။ ထိုမြို့သိမ်းတိုက်ပွဲတွင် ပွိုင့် ၅ အမျိုးအစား စက်သေနတ်အပါအဝင် လက်နက်ကြီး အစုံ ၄၀၀ ကျော် သိမ်းဆည်းရမိသည်ဟု ဆိုသဖြင့် စစ်ကိုင်းတိုင်းအတွင်း လက်နက်သိမ်းဆည်းရမိမှုအများဆုံးတိုက်ပွဲကြီး ဖြစ်လာသည်။ စစ်တပ်က အာဏာသိမ်းပြီး […]
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အတွင်း တရုတ်ဘာသာဖြင့် ရေးသားထားသည့် လမ်းညွှန်ချက်များရှိရာ လမ်းမများတွင် တရုတ်နိုင်ငံသားများနှင့် နေ့နေ့ညညစည်ကားနေပြီး ဟိုတယ်၊ တည်းခိုခန်းများလည်း လူပြည့်နေသည်။ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တချို့ ဒေသတွင်းသတ္တုမိုင်းလုပ်ငန်းတွင် လုပ်ကိုင်နေသည်မှာ ကာလကြာပြီ ဖြစ်သည်။ ဒေသတွင်း ထပ်ရောက်လာသော တရုတ်များထဲတွင် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူများ ပါဝင်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “အရင်ကတော့ မိုင်းတရုတ်ပဲ ရှိတာ၊ အခုဆိုရင် ကျားတရုတ်တွေပါ ရှိလာပြီ”ဟု သူက ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တည်ရှိသည့် မြို့ငယ်လေး ဖြစ်သော်လည်း မြို့ပြဖွံ့ဖြိုးရေးခေါင်းစဉ် ဖြင့် အကောင်အထည်ဖော်နေသော အိမ်ယာစီမံကိန်းများကိုလည်း တွေ့နေရသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ မြို့သိမ်းတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မှ ဆုတ်ခွာလာရသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နိုင်ငံတောင်ပိုင်းသို့ အလုံးအရင်းဖြင့် အခြေချလာ ခဲ့သည်။ […]
ခုနောက်ပိုင်းမှာ ကိုယ်ခံအားစနစ်ဟာ အလွန်အရေးပါတယ်ဆိုတာကို လူတိုင်းနီးပါ သိနားလည်လာကြပါပြီ။ ကိုယ်ခံအား စနစ်ဟာ လူတစ်ဦးချင်းစီရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် အထူးအရေးပါ အရာရောက်ပြီး လွယ်လင့်တကူ ကူးစက်ပျံ့နှံနိုင်တဲ့ ကူးစက်ရောဂါတွေရဲ့ ရန်ကနေ ကင်းဝေးနိုင်စေဖို့ အထူးအရေပါလှတဲ့ ခံတပ်ကြီးတစ်ခုပေါ့။ ကိုယ်ခံအားကောင်းမှ နေကောင်းကျန်းမာမယ်ဆိုတာကို သိကြပေမယ့် ဘယ်လိုအခြေအနေကို ကိုယ်ခံအားကောင်းတယ်လို့ သတ်မှတ်ပြီး ဘယ်လိုအခိုက်အတန့်ကို ကိုယ်ခံအားကျဆင်းလာနေတယ်လို့ ဆိုနိုင်မလဲ? မိမိမှာ ဘယ်လိုအခြေအနေဆိုရင် ကိုယ်ခံအားကောင်းမွန်နေတယ်၊ ဘယ်အနေအထားဆိုရင် ကိုယ်ခံအား ကျဆင်းအား ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ပိုပြီး အထောက်အကူဖြစ်စေလိမ့်မယ်မဟုတ်လား။ ဒါကြောင့် ကိုယ်ခံအားကောင်းမွန်တဲ့ လက္ခဏာတွေနဲ့ ကိုယ်ခံအားကျဆင်းနေတဲ့ လက္ခဏာတွေကို ပြောပြပေးသွားပါမယ်နော်။ ကိုယ်ခံအားကောင်းမွန်နေတဲ့ လက္ခဏာများ … ၁။ အစားစားချင်စိတ် မှန်နေမယ် ၂။ ဝမ်းဗိုက်ကျန်းမာနေမယ် […]
မျက်နှာချည်းပဲ ကွက်ပြီး မဲနေတယ်လို့ ဆိုလိုက်တော့ စိတ်ထဲမယ် ဘယ်သူ့ ပြေးမြင်တုန်း။ ငယ်ငယ်က ကြည့်ဖူးတဲ့ ပေါင်ချိန်ပဲ မဟုတ်လား။ ဒီလိုပဲ သူငယ်ချင်းတွေမှာဆိုရင်လဲ မျက်နှာပိုမဲတဲ့သူကို မျက်နှာမဲ ပေါင်ချိန်လို့ စနောက်ခဲ့ဖူးကြမယ်ထင်ပါရဲ့။ အများအားဖြင့်တော့ မျက်နှာမဲတယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပါ။ Hyperpigmentation လို့ခေါ်တဲ့ အသားအရေရှိသင့်တာထက် ပိုမိုအရောင်ရင့်သွားခြင်းဟာ ခန္ဓာကိုယ် အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ Melanin တွေ ပိုမိုထုတ်လုပ်တာကြောင့် အသားအရောင် ပိုပြီး ညိုမောင်းလာတဲဖြစ်စဥ် ဆိုပါတော့။ တစ်ချို့လူတွေမှာတော့ မျက်နှာတစ်ဝိုက်မှာ ရှိသင့်တာထက်ပိုပြီး အသားအရောင် ရင့်နေတာမျိုးဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ပုံမှန်အသားအရောင်ဖြစ်ပေမယ့် မျက်နှာချည်းပဲကွက်မည်းနေတာကျ တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပျောက်ဆုံးချင်စရာ၊ အများအမြင်မှာ နောက်ပြောင်ကျည်စယ်ချင်စရာ အနေအထားမျိုးပါ။ လူ့ခန္ဓာကိုယ်မှာ မျက်နှာဟာ Melanin အများဆုံး […]
ခေါင်းကိုက်တယ်ဆိုတဲ့ စကားက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ခေါင်းကိုက်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတာက ကျန်းမာရေး အခြေအနေ တစ်ခုခု ကြောင့် ဖြစ်ပြီး တစ်ခါတစ်လေမှာတော့ ပတ်ဝန်းကျင် အနေအထားတွေ၊ နေ့စဉ် လည်ပတ်နေတဲ့ နေထိုင်မှုပုံစံတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ဒါဆို မိုးအေးချိန် ဆိုရင်ရော ခေါင်းကိုက်တတ်လားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ရာသီဥတု အပြောင်းအလဲတွေဖြစ်တဲ့ မိုးအုံ့တာ၊ လေထုထဲမှာ စိုထိုင်းဆ များတာ၊ အပူချိန် မြင့်တက်တာ၊ မုန်တိုင်းထန်တာ အားလုံးလိုလိုဟာ လူတွေကို ခေါင်းကိုက်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုက ဖိအားသက်ရောက်မှုကို ပြောင်းလဲစေတယ်။ ဒီဖိအား သက်ရောက်မှုဆိုတာက ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတဲ့ ဖိအား သက်ရောက်မှုကို ဆိုလို ချင်တာပါ။ […]
တစ်ခုခု ပြုမူပြောဆိုတော့မယ်ဆိုရင် “အားနာလိုက်တာ” လို့ ပြောမိ တွေးမိတာမျိုး ကြုံဖူးလား။ မြန်မာလူမျိုးတွေပဲ ဒီလိုမျိုး အားနာတတ်တာ မျိုး ရှိတယ်၊ တခြားလူမျိုးတွေမှာဆိုရင် အားနာတယ်ဆိုတဲ့ စကားလုံးတောင်မရှိဘူးလို့ ပြောတာဆိုတာမျိုးလည်း ကြားဖူးကြမယ်ထင်ပါရဲ့။ ပုံမှန်အားဖြင့် အားနာတာက သင်ဟာ တစ်ဖက်သားကို တစ်စုံတစ်ခု ပြောဆိုရမှာ၊ ပတ်သက်ဆက်နွယ်ရမှာ ထိတွေ့ဆက်ဆံရမှာကို မကြာခန ရှက်ရွံ့စိုးရိမ်မိနေတဲ့ စိတ်ခံစားချက်မျိုးပါ။ အားနာတာ မကောင်းဘူးလို့ ဆိုစမှတ်စကားတစ်ချို့လည်း ကြားဖူးကြမှာပါနော်။ အားနာတာ မကောင်းဘူးဆိုတာ မှန်သင့်သလောက် မှန်တဲ့စကားပါ။ တစ်ခါတစ်လေတော့လည်း အခြေအနေအရ အားနာတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးက လူတိုင်း ခံစားမိတတ်ကြတဲ့ ခံစားချက်မျိုးပါ။ ဒါပေမယ့် အားနာတယ်ဆိုတဲ့စိတ်ခံစားချက်က ကိစ္စတိုင်းမှာ ခံစားနေရရင်၊ အမြဲတွေးနေမိတယ်ဆိုရင်တော့ ဒါက စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခုလို့ သတ်မှတ်ရပါတော့မယ်။ အနောက်တိုင်းမှာ အားနာတယ်ဆိုတာနဲ့ တိုက်ရိုက်အဓိပ္ပါယ်ဖလှယ်လို့ရတဲ့ […]