ylliX - Online Advertising Network
မျက်နှာချည်းပဲ ကွက်ပြီး မဲနေတာ ဘာကြောင့်လဲ

မျက်နှာချည်းပဲ ကွက်ပြီး မဲနေတာ ဘာကြောင့်လဲ


မျက်နှာချည်းပဲ ကွက်ပြီး မဲနေတယ်လို့ ဆိုလိုက်တော့ စိတ်ထဲမယ် ဘယ်သူ့ ပြေးမြင်တုန်း။ ငယ်ငယ်က ကြည့်ဖူးတဲ့ ပေါင်ချိန်ပဲ မဟုတ်လား။ ဒီလိုပဲ သူငယ်ချင်းတွေမှာဆိုရင်လဲ မျက်နှာပိုမဲတဲ့သူကို မျက်နှာမဲ ပေါင်ချိန်လို့ စနောက်ခဲ့ဖူးကြမယ်ထင်ပါရဲ့။

အများအားဖြင့်တော့ မျက်နှာမဲတယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပါ။

Hyperpigmentation လို့ခေါ်တဲ့ အသားအရေရှိသင့်တာထက် ပိုမိုအရောင်ရင့်သွားခြင်းဟာ ခန္ဓာကိုယ် အရေပြားရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ Melanin တွေ ပိုမိုထုတ်လုပ်တာကြောင့် အသားအရောင် ပိုပြီး ညိုမောင်းလာတဲဖြစ်စဥ် ဆိုပါတော့။

တစ်ချို့လူတွေမှာတော့ မျက်နှာတစ်ဝိုက်မှာ ရှိသင့်တာထက်ပိုပြီး အသားအရောင် ရင့်နေတာမျိုးဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ပုံမှန်အသားအရောင်ဖြစ်ပေမယ့် မျက်နှာချည်းပဲကွက်မည်းနေတာကျ တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပျောက်ဆုံးချင်စရာ၊ အများအမြင်မှာ နောက်ပြောင်ကျည်စယ်ချင်စရာ အနေအထားမျိုးပါ။

လူ့ခန္ဓာကိုယ်မှာ မျက်နှာဟာ Melanin အများဆုံး ထွက်တဲ့နေရာဖြစ်ပြီးတော့ နေရောင်လိုအရာမျိုးတွေနဲ့လည်း အဓိက ထိတွေ့ရလေ့ရှိတာမို့ ပုံမှန်အားဖြင့်ကို ခန္ဓာကိုယ်ထက် မျက်နှာက အသားအရောင် အနည်းငယ် ပိုရင့်တတ်ပါတယ်။ ဒါပေမယ့် သာမန်ထက်ပိုပြီး အသားအရောင်ပိုရင့်ကာ မျက်နှာကြီးက ကွက်ပြီးမဲနေတယ်၊ ဘယ်လိုလုပ်လုပ်လည်း ဖြူမလာဘူးဆိုရင်တော့ဖြင့် တခြားစဉ်းစားစရာကိစ္စတွေလည်းရှိနေပြန်ပါတယ်။

မျက်နှာချည်းပဲ ကွက်ပြီး မဲနေတာ ဘာကြောင့်လဲ

လေ့လောချက်တွေအရ မျက်နှာအသားအရောင်ကို မဲစေနိုင်တဲ့အကြောင်းအရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်တဲ့။

🖤နေရောင်နဲ့ မကြာခနထိတွေ့ရတာ

🖤အရေပြားပြဿနာဖြစ်နေတာ

🖤ကင်ဆာဆေးတွေ မှီဝဲနေရတာ

🖤ဟိုမုန်း ပြောင်းလဲနေတာ

🖤ကျောက်ကပ်ရှိ အက်ဒရီနယ်ဂလင်းတွေ ပျက်ဆီးမှုကြောင့်ဖြစ်တဲ့ Addison Disease ရှိနေတာ စတာတွေပါပဲ။

မျက်နှာအသားအရောင် ရှိသင့်တာထက်ပိုမို ရင့်နေတာ၊ ပြောရရင် မျက်နှာချည်းပဲ ကွက်ပြီးမဲနေတာဟာ နေရောင်ထဲကို ပုံမှန်သွားလာနေရသူတွေအတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေမယ့် ပုံမှန်မျက်နှာသန့်စင်မှု နည်းလမ်းတွေ၊ Sunscreen တွေ၊ အသားဖြူစေမယ့် နည်းနာတွေ အသုံးပြုတာတောင်မှ အဆင်မပြေဆက်ဖြစ်နေမယ်ဆိုရင်တော့ဖြင့် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်မှာဖြစ်တယ်လို့ အကြံပေးပါရစေ။

The post မျက်နှာချည်းပဲ ကွက်ပြီး မဲနေတာ ဘာကြောင့်လဲ appeared first on LOTOSHINN.



Source link

Leave a Reply

Your email address will not be published. Required fields are marked *