ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။ မိုးမောက်မြို့မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသော ကုန်းလောရွာကို မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် လေယာဉ်တစ်စီးက ဗုံးကြဲခဲ့စဉ် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဗုံးထိမှန်ခဲ့သည်။ ဘုရားကျောင်းအနီးဝန်းကျင်တွင် စစ်ရှောင်များ လာရောက်ခိုလှုံနေထိုင်လျက်ရှိရာ ဆော့ကစားနေသည့် ကလေးငယ်များအပါအဝင် ဒေသခံ ၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကုန်းလောရွာမှ ဘုရားကျောင်းအပျက်အစီးများ။ (ဓာတ်ပုံ- ပေးပို့) “ (ဘုရားရှိခိုးကျောင်း)အဲဒီမှာက […]
ကျွန်မတို့ ရဲဝံ့စွန့်စား ပြည်ချစ်သား ပရိတ်သတ်တွေအတွက် တန်ဆောင်တိုင်အမှတ်တရလေးအဖြစ် ဖုန်းဘေလ်ခဲခြစ်နံပါတ် MPT ကို တင်ဆက်ပေးလိုက်ပါပြီနော်… သတင်းလေးတွေဖတ်ရင်း ဖုန်းဘေလ်ယူနိုင်တာ ဒီလို WEBSITE လေးပဲ ရှိတယ်နော် အမျိုးတို့ရေ…. အားလုံးပဲ လက်မြန်ဖို့တော့ လိုမယ်နော်… နောက်ထပ်လည်း mytel ခဲခြစ်နံပါတ်လေးတွေလည်း လာဦးမှာမို့ စောင့်ပေးကြဦးနော်… ၃၀၀၀ တန် ခဲခြစ်နံပါတ်များ ၁၀၀၀ တန် MPT ခဲခြစ်နံပါတ်များ Source link
ပဲခူးတိုင်းအတွင်း လမ်းသွားလမ်းလာလူငယ်အမျိုးသားများကို စစ်ကောင်စီကဖမ်းဆီးနေပြီး တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းနေကြောင်း ဒေသခံများနှင့် မြေပြင်တော်လှန်ရေး အဖွဲ့များက ပြောသည်။ ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့လမ်းဆုံတွင် စခန်းချထားသည့်စစ်ကောင်စီ၏လုံခြုံရေးကင်းစခန်းသည် လမ်းသွားလမ်းလာ လူငယ် ၂၅ ဦးထက်မနည်းကိုဖမ်းဆီးပြီး ပန်းတောင်းမြို့အမြှောက်တပ်ထဲသို့ ပို့ဆောင်ခဲ့သည်ဟုပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် မြေပြင်တော်လှန်ရေး တပ်ဖွဲ့တစ်ခုကပြောသည်။ ဖမ်းဆီးခံရသူများအနက် အသက် ၁၈ နှစ်နှင့်အောက်လူငယ်များကို တပ်သားသစ်အဖြစ် စစ်သင်တန်းတက်ခိုင်းရန် ပြင်ဆင်နေပြီး အသက် ၁၈ နှစ်မပြည့်သေးသူများအား ပိုက်ဆံသိန်းချီတောင်းကာ မိဘများကို ပြန်ရွေးခိုင်းနေသည်ဟုလည်း ထိုအဖွဲ့ကဆိုသည်။ “ခုက ဆိုင်ကယ်စစ်၊ ဖုန်းစစ်ရင်းနဲ့ ဖမ်းတယ်ဆိုလို့ အပြင်သွားရင် ဖုန်းမယူတာ ကယ်ရီနဲ့ သွားနေရတာအကျင့်ဖြစ်နေပြီ” ဟု ဒေသတွင်းအခြေအနေကို ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ စစ်တပ်၏အဆိုပါအဖမ်းအဆီးသည်ယခုလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ်(၇) အတွက် သင်တန်းသားကြိုတင်စုဆောင်းခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ […]
ရန်ကုန်မြို့အခြေစိုက် Charis Co., Ltd စက်ရုံသည် အချိန်ပိုဆင်းရန်ငြင်းဆန်သည့် အလုပ်သမားနှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဆိုသည့် စက်ရုံတာဝန်ရှိသူကို အရေးယူရန်တောင်းဆိုခဲ့ကြသော အလုပ်သမားများထဲမှ အနည်းဆုံး ၁၄ ဦးကို နိုဝင်ဘာ ၉ ရက်မှစတင်၍ အလုပ်ထုတ်လိုက်သည်ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများကဆိုသည်။ လှိုင်သာယာစက်မှုဇုန် မြစိမ်းရောင်လမ်းရှိ ကြွေထည်ရုပ်ထုနှင့် ပန်းပုရုပ်ထုများထုတ်လုပ်သည့် ထိုစက်ရုံသည် အလုပ်သမားများအား ကတိပေးထားသည့်ဆုကြေးများပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ ထိုအချက်ကြောင့် အမျိုးသမီဝန်ထမ်းနှစ်ဦးသည် အချိန်ပိုဆင်းရန်ငြင်းဆန်ခဲ့ပြီး၊ လုပ်ဖော်ကိုင်ဖက် များကိုလည်း အချိန်ပိုမဆင်းရန်တိုက်တွန်းခဲ့သည်ဟု အလုပ်သမားများထံမှသိရသည်။ အချိန်ပိုဆင်းရန် ငြင်းဆန်သည့် အဆိုပါအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အောင်တိုဘာ ၃၀ ညနေပိုင်းတွင် ကုမ္ပဏီဒါရိုက်တာက ‘မပြန်ရဘူး’ ဟုဆိုကာ လက်မောင်းဆွဲ၍ ဆောင့်တွန်းခဲ့ကြောင်း အလုပ်သမားများဘက်က ဆိုသည်။ ယင်းအဖြစ်အပျက်တွင် ကျူးလွန်သူကိုအရေးယူပေးရန် စက်ရုံအလုပ်သမား ၂၀၀ ကျော်သည် […]
မွန်ပြည်နယ်၊ မုဒုံမြို့ တွင် ယနေ့ နိုဝင်ဘာလ ၁၅ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ဆယ်ကျော်သက်လူငယ်သုံးဦး သေဆုံးကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲ ၁နာရီကျော်တွင် မုဒုံမြို့နယ် လက်တက်ကျေးရွာ ထိုင်တော်မူ ဘုရားရှေ့တွင် ခြောက်ဘီးကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိကြောင်း အထက်ပါအသင်းတာဝန်ရှိသူက ပြောသည်။ ဆိုင်ကယ်ကို ဆယ်ကျော်သက်ယောင်္ကျားလေး သုံးဦး သံဖြူဇရပ်မြို့ဘက်မှ စီးလာခြင်းဖြစ်ပြီး ကားမှာ မုဒုံဘက်က မောင်းနှင်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသက် ၁၀နှစ်မှ ၁၆နှစ်ကြားရှိ ဆယ်ကျော်သက်လူငယ်သုံးဦးစလုံးမှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး သုံးဦးစလုံးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “ခေါင်းကြေမွဒဏ်ရာ၊ အတွင်းကြေဒဏ်ရာ၊ တစ်ကိုယ်လုံးကျိုးကြေဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားတယ်” […]
ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နဲ့ အောက်တိုဘာလအတွင်း ကချင်အထူးဒေသ(၁) ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့ရှိ နယ်စပ် မြို့၊ ကျေးရွာတွေကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါ မြို့ အပြင် နယ်ခြားစောင့်တပ် ဌာနချုပ် ၁၀၀၂ အခြေစိုက်ခဲ့တဲ့ လုပီ၊ ၁၀၀၃ အခြေစိုက် စစ်ကြိုင် ကျေးရွာတွေဟာ KIO ထိန်းချုပ်နယ်မြေ ဖြစ်လာခဲ့ပြီး […]
ကချင်အထူးဒေသ ၁ နယ်မြေကိုအချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဘက်က KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းခဲ့တာကြောင့်ဖြစ်တယ်လို့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်ကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းမှာ ရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော် စတဲ့နယ်မြေတွေထဲက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့နယ်ခြား စောင့်တပ်တွေရဲ့ တပ်စခန်းတွေကို အချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့သလို တစ်ချို့စခန်းတွေဟာ ပစ်ခတ်မှု မရှိဘဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ “ဗမာစကားပုံရှိတဲ့အတိုင်းပဲ ပြည်သူ့နှလုံးမသိမ်းကြုံးလျှင် ဓားသွားလည်းကြွေ လှံသွားလည်း ခွေဆိုသလို ပါပဲ။ နှစ်ပေါင်းများစွာအာဏာရှင်စနစ်လက်ဝါးကြီးအုပ်စနစ်ကို ပြည်သူလူထုမကြိုက်လို့သော် လည်းကောင်း၊ ဌာနေပြည်သူ့စစ်ခေါင်းဆောင်များက ပြည်သူ့အကျိုးရှေးရှုပြီးတော့ ကျနော်တို့ရဲ့ စည်းရုံး တာကိုအမြင်မှန်ရ ပူးပေါင်းလာတာကြောင့် အချိန်တိုအတွင်းနယ်မြေစိုးမိုးမှုရခဲ့တာလို့ ဒီလိုပဲမြင်ပါတယ်။”လို့ဦးအားတီယောဟန်ကပြောပါတယ်။ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ တွေကို အဖွဲ့ပေါင်းစုံက ဘက်ပေါင်းစုံကဏ္ဍပေါင်းစုံကနေ စည်းရုံးဖို့ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ဌာနေပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်ဖွဲ့တွေကို စစ်ဆင်ရေးမတိုင်ခင် ၆ လလောက်အချိန်ယူပြီး စည်းရုံးခဲ့တယ်လို့ ဦးအားတီယောဟန်ကပြောပါတယ်။ “ကျနော့်ရဲ့အခန်းကဏ္ဍကနေဆိုရင် နှစ်ပေါင်းများစွာမှိုင်းတိုက်ပြီးမှ ကျနော်တို့ကချင်မျိုးနွယ်စုတွေကိုမှိုင်း တိုက်ထားတဲ့အတွက် အချိန်ကို စစ်ဆင်ရေးမတိုင်ခင် ၆ လလောက် ကြိုတင်ပြီးမှစည်းရုံးခဲ့ရပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ချီဖွေမြို့နယ် ဖီမော်မြို့ကို သိမ်းပိုက်အပြီးမှာ ဦးအားတီယောဟန်ဟာ ကန်းဖန့်ကျေးရွာကပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။ ဦးအားတီယောဟန်ဟာ အာဏာမသိမ်းခင် NLD အစိုးရသက်တမ်းတွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဟောင်းအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန် နေသူတစ်ဦး ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာတေ့ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်က သူ့ရဲ့နေအိမ် ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၂ (က) ဖြင့် ချိပ်ပိတ်ခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ နီးပါး ကချင်အထူးဒေသ ၁ နယ်မြေ နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့ပေါင်း ၅ မြို့ထဲက ကံပိုင်တည်မြို့မှလွှဲပြီး ကျန်တဲ့မြို့၊ နယ်မြေတွေအားလုံး KIA ၂ လအတွင်း သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – အမိုး The post KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းမှုကြောင့် ကချင်အထူးဒေသ ၁ နယ်မြေကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဦးအားတီယောဟန်ပြော appeared first on Kachin News Group (KNG). Source link
ပုလဲမြို့တွင်း ၄ ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်ဆုတ်သွားချိန် မြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ပုလဲမြို့သို့ဝင်ရောက်နိုင်သည့် ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။ Source link
နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းက အမ်းမြို့၏ အနောက်တောင်ဘက်ရှိ AA အကြမ်းဖက်သမားများ ခိုအောင်းနေသည့် ဆင်ဒိုးကျေးရွာ ဘုန်းကြီးကျောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ – (၁) AA အကြမ်းဖက်အလောင်း ၃ လောင်း(၂) Type – 81 သေနတ် ၁ လက်(၃) ကျည်အိမ် ၂ ခု၊ ကျည် ၂၁ တောင့်(၄) ကျည်ကာဦးထုပ် ၂ လုံး(၅) ပစ်ကျင်း ၁၀ ကျင်း တို့အားသိမ်းဆည်းရမိခဲ့ပါသည်။ တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723) Source link
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ကာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားလေးဦးကို သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ဟု နစကထုတ်ပြန်သောသတင်းအရ သိရသည်။ အဆိုပါဖြစ်စဥ်သည် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသေနတ်သမားများက ဆိုင်ဝန်ထမ်းများကို ကြမ်းပြင်၌ မှောက်ခိုင်းထားကာ ဆိုင်၏နောက်ခန်းအတွင်း ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်းဖြစ်သူ ကိုဟိန်းမြတ်သူ (၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀၊ တန်ဖိုးငွေကျပ် ၁၁၂၁ သိန်းခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ CRD/ Source link