တရုတ် လေယာဉ် နည်းပညာ ကုမ္ပဏီ EHang ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ မောင်းသူမဲ့ လျှပ်စစ် လေယာဉ် EH216-S ကို ပျံသန်းခြင်းဖြင့် သမိုင်းမှတ်တိုင် ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ဟာ ဒေါင်လိုက် အတက် အဆင်း ပြုလုပ်နိုင်တဲ့ eVTOL အမျိုးအစား ဖြစ်ပါတယ်။
အဲဒီ ခရီးသည်တင် လေယာဉ်ကို Thailand Drone Exhibition & Symposium 2024 မှာ ပြသခဲ့တာ ဖြစ်ပြီး ထိုင်းဟာ EHang ရဲ့ မောင်းသူမဲ့ လေယာဉ်ကို ပြသတဲ့ ၁၈ ခုမြောက် နိုင်ငံ ဖြစ်လာပါတယ်။ Civil Aviation Authority of Thailand (CAAT) ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံခြားသား ခရီးသွားတွေနဲ့ ထိုင်းလူမျိုးတွေဟာ ထိုင်းရဲ့ လူနေထူထပ်တဲ့ မြို့တွေမှာ မောင်းသူမဲ့ လေယာဉ်နဲ့ ခရီးသွားနိုင်အောင် ရည်ရွယ်ထားပါတယ်။
EHang ရဲ့ EH216-S ဟာ ခရီးသည်တွေကို တင်ဆောင်ပြီး ထိုင်းရဲ့ ကောင်းကင်မှာ ၃ ရက်ကြာ ပျံသန်းခဲ့ပါတယ်။ ပြေးလမ်း မလိုတဲ့အတွက် လေယာဉ်ဟာ မြို့တစ်မြို့ ကနေ နောက်တစ်မြို့ကို လျှင်မြန်စွာ ပျံသန်းနိုင်ပါတယ်။ ဒါဟာ ထိုင်းရဲ့ ကားလမ်းပိတ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။
CAAT ဟာ စမ်းသပ် ပျံသန်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်နေပြီး ၂၀၂၅ ခုနှစ်မှာ မောင်းသူမဲ့ လေယာဉ်ကို စီးပွားဖြစ် လုပ်ကိုင်ဖို့ ရည်မှန်းထားပါတယ်။ အထူးသဖြင့် ဖူးခက်နဲ့ ကော့စမွေလို နာမည်ကြီး ခရီးသွားနေရာတွေမှာ အဓိက ဝန်ဆောင်မှုပေးမှာပါ။
Ref : thethaiger
Share This Story, Choose Your Platform!
Go to Top