ဒီ ဇာတ်လမ်းလေးကအမေရိကန် နိုင်ငံရဲ့ အယောက်လေးဆယ်မြောက်ရုပ်ရှင် သရုပ်ဆောင်ကနေ သမ္မတလာဖြစ်တဲ့ ရော်နယ်ရေဂန် ရဲ့ ဘဝဇာတ်ကြောင်း Biography ဇာတ်လမ်းလေးပါ၊ ဒီဇာတ်လမ်းက Paul Kengor ရဲ့ The Crusader: Ronald Reagan and the Fall of Communism ဆိုတဲ့ စာအုပ်ကို Inspired ယူပြီး ရိုက်ထားတာပါ ။
ရော်နယ်ရေဂန်က ဟောလိဝုဒ်မင်းသားကနေ California ရဲ့ မြို့တော်ဝန်ဖြစ်လာပြီး အမေရိကန် နိုင်ငံရေးလောကထဲကို ဝင်လာပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်ခဲ့တာပါ။ အခု ဂျိုးဘိုင်ဒန်မတိုင်ခင်အထိ ရေဂန်က အမေရိကန် သမ္မတတွေထဲမှာ အသက်အကြီးဆုံး သမ္မတ တစ်ယောက်ပါ။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတာ သူ့ကြောင့်လို့ တော်တော်များများကအခုချိန်ထိပြောကြပါတယ် ။ ဒီထဲမှာတော့ ဆိုဗီယက် KGB အေးဂျင့်ဟောင်းတစ်ယောက်က သူ့အကြောင်းကို ပြန်ပြောတဲ့ Narrative ပုံစံမျိုးနဲ့ ဇာတ်လမ်းကို သွားထားပါတယ်။
ဟောပြောပွဲတွေမှာ စကားနဲ့ ပြည်သူကို သိမ်းသွင်းနိုင်ပြီး ဟာသဉာဏ် ရွှင်ရွှင်နဲ သမ္မတ ရော်နယ်ရေဂန်ရဲ့ ဘဝအတက်အကျနဲ့ အမေရိကန်ရဲ့ စစ်အေးတိုက်ပွဲကာလ အခြေအနေတွေနဲ့သမိုင်းကြောင်းတွေကို သေချာလေးသိချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်။
File size…(2.2 GB)/(1 GB)
Quality….Webrip 1080p / 720p
Format… mp4
Duration…. 02:21:00
Genre… Docudrama, Biography, Drama, History
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Nikobaby
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။