ylliX - Online Advertising Network
Offline ဘောလုံးဂိမ်း

Offline ဘောလုံးဂိမ်း


အင်တာနက်မလို ဒေတာမကုန်ပဲ ကွီးတို့ ဘယ်အချိန်ဖြစ်ဖြစ် ဆော့လို့ရမယ့် Offline ဘောလုံးဂိမ်းတွေ ရှာနေတယ် ဆိုရင်တော့ ဒီဆောင်းပါးက ကွီးတို့အတွက်ပါပဲ။ မိုလ်ဘိုင်း ဗားရှင်းအတွက် ဘောလုံးဂိမ်း အမိုက်စားတွေ အများကြီး ရှိတဲ့အထဲကမှ ဒီတစ်ခေါက်တော့ Offline ကျုံးလို့ရမယ့် အမိုက်စား ဘောလုံးဂိမ်း တွေကို ရွေးချယ်တင်ဆက် ပေးပါမယ်။

(၁) Dream League Soccer 2017

 

Source : DLS – FTS Songs

ဒီဂိမ်းကတော့ ဘောလုံးအသင်း တစ်သင်းကို ကိုယ်တိုင်စီမံခန့်ခွဲပြီး ကစားရမယ့် အမိုက်စား ဘောလုံးဂိမ်း ဖြစ်ပါတယ်။ ဂရပ်ဖစ်လည်း အတော်အသင့် ကောင်းတဲ့ အထဲမှာ ပါသလို Offline ကစားလို့ ရတဲ့အတွက် ဘောလုံးဂိမ်းချစ်သူ ကွီးတို့ စမ်းဆော့ကြည့် သင့်ပါတယ်။

(၂) Score! Hero

Source : firsttouchgames

Score! Hero က Android ရော iOS အတွက်ပါ Free To Play ကစားလို့ရတဲ့ ဘောလုံးဂိမ်းတစ်ခုပါ။ ဒီဂိမ်းလေးမှာက စိန်ခေါ်မှု အပြည့်နဲ့ ဆော့ကစားရမယ့် Levels ပေါင်း ၅၀၀ ကျော် ပါဝင်ပါတယ်။ Offline ကျုံးလို့ ရတဲ့အတွက် ကွီးတို့ Try ကြည့်လိုက်ပါဦး။

(၃) Flick Shoot 2

Source : Rexdl Site

Free Kick သီးသန့် ကန်ချင်တဲ့ ကွီးတို့ အတွက်ပါ။ Flick Shoot 2 ဂိမ်းက Singleplayer ၊ Multiplayer Modes တွေနဲ့ ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ အမိုက်စား ပြိုင်ပွဲတွေ ပါဝင်တဲ့ Free Kick ဘောလုံးဂိမ်း ဖြစ်ပါတယ်။ 3D ဂရပ်ဖစ်ကို သုံးထားပြီး လက်တွေ့ဆန်တဲ့ Animations တွေ ပါဝင်တဲ့အတွက် တကယ်မိုက်တဲ့ ဂိမ်းအတွေ့အကြုံကို ခံစားရရှိမှာပါ။

(၄) Real Football

Source : Gameloft

ဒီဂိမ်းက Head Soccer က ဆင်တူပါတယ်။ ဘောလုံးအသင်း တစ်သင်းကို ကိုယ်တိုင်တည်ဆောက်ပြီး ကစားရမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ပြိုင်ပွဲတွေ ၊ စိန်ခေါ်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတွေ ပါဝင်ပြီး Offline ကစားလို့ရမယ့် အမိုက်စား ဘောလုံးဂိမ်းတစ်ခု ဖြစ်ပါတယ်။

Source : Softonic

Featured Photo : GameChampions





Source link

Leave a Reply

Your email address will not be published. Required fields are marked *