ဘေဂျင်း အခြေစိုက် ကုမ္ပဏီ တစ်ခုက အသံထက်မြန်တဲ့ လေယာဉ် နည်းပညာကို ပြသလိုက်ပါတယ်။ Space Transportation ခေါ် Lingkong Tianxing Technology က ကမ္ဘာ့ အမြန်ဆုံး ခရီးသည်တင် လေယာဉ် ဖြစ်တဲ့ The Concorde ထက် ၂ ဆနီးပါး ပိုမြန်တဲ့ လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းလိုက်ပါတယ်။
Space Transportation က Yunxing လေယာဉ်ဟာ အသံထက် ၄ ဆ မြန်ပြီး ၁ နာရီကို ၃,၀၆၉ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်တယ်လို့ ပြောပါတယ်။ အဲဒါဟာ The Concrode ရဲ့ ၁ နာရီကို ၁,၃၃၀ မိုင် အမြန်နှုန်းထက် ပိုများပါတယ်။ Yunxing ဟာ ပြင်သစ်နိုင်ငံ ပဲရစ် ကနေ တရုတ် နိုင်ငံ ဘေဂျင်းကို အချိန် ၁ နာရီခွဲနဲ့ ပျံသန်းနိုင်ပါတယ်။ ကုမ္ပဏီဟာ လာမယ့် လတွေအတွင်း လေယာဉ် အင်ဂျင်ကို နောက်ထပ် စမ်းသပ်မှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အဲဒီ လေယာဉ်ကို ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
The Concorde ကို မိတ်ဆက်ချိန်မှာ လေကြောင်း နည်းပညာ လောကမှာ အထူးအဆန်း ဖြစ်သွားခဲ့ပါတယ်။ Sud Aviation က ဒီဇိုင်းထုတ် တည်ဆောက်ထားတာ ဖြစ်ပြီး အသံထက် ၂ ဆမြန်တဲ့ ခရီးသည်တင်လေယာဉ် ဖြစ်ပါတယ်။ အခုတော့ တရုတ် ကုမ္ပဏီက အဲဒီလေယာဉ်ရဲ့ စံချိန်ကို ချိုးဖျက်တော့မှာ ဖြစ်ပါတယ်။
Yunxing ဟာ အထင်ကြီးစရာကောင်းလောက်အောင် မြန်သလို အဆင့်မြင့် စွမ်းရည်များစွာ ပါပါတယ်။ ဟယ်လီကော်ပတာလို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပြီး အမြင့်ပေ ၆၅,၆၀၀ (၂၀,၀၀၀ မီတာ) မှာ ပျံသန်းနိုင်ပါတယ်။ ဒါဟာ လေယာဉ် နည်းပညာ လောကမှာ ထူးခြားတဲ့ သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။
Ref : myelectricsparks
Share This Story, Choose Your Platform!
Go to Top