ylliX - Online Advertising Network
တရုတ်နိုင်ငံ အကူအညီဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းက မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာများတွင် လူနေမှုအဆင့်အတန်း မြင့်မားလာ

တရုတ်နိုင်ငံ အကူအညီဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းက မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာများတွင် လူနေမှုအဆင့်အတန်း မြင့်မားလာ


ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာနှစ်ရွာတွင် တရုတ်နိုင်ငံ အကူအညီဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းက လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး မြှင့်တင်ရေးအတွက် များစွာ အထောက်အကူပြုကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက နိုဝင်ဘာ ၈ ရက်တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဗဟိုဌာနနှင့် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စံပြကျေးရွာနှစ်ရွာအား လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းစံပြကျေးရွာနှစ်ရွာမှာ တပ်ကုန်းမြို့နယ်ရှိ အေးချမ်းသာ‌စံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်ရှိ မင်းပြင်စံပြ ကျေးရွာတို့ ဖြစ်သည်။ စံပြကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်မှုအား ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ စံပြကျေးရွာများတွင် သုံးနှစ်ကြာ စီမံကိန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ပြောကြားခဲ့ကြောင်း သတင်းတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။
စံပြကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးလက်ဆေးပေးခန်း၊ ရေပေးဝေရေး၊ စီးပွားရေးလုပ်ငန်းအတွက် စက်ယက္ကန်းများ၊ ဝက်မွေးမြူရေးလုပ်ငန်း၊ စာသင်ကျောင်းများနှင့် ဆရာ/ဆရာမများအတွက် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
China-aided poverty reduction project boosts living standards in central Myanmar’s villages
YANGON, Nov. 9 (Xinhua) — China-aided poverty reduction pilot project in two villages in central Myanmar has improved living standards and significantly helped boost socioeconomic development, the state-run Myanmar Radio and Television (MRTV) reported on Saturday.
The International Poverty Reduction Center in China and Myanmar’s Department of Rural Development, in line with the Lancang-Mekong Cooperation poverty reduction initiative, developed two model villages in the Nay Pyi Taw Council Area, the report said.
The two villages are Chan Aye Tha in Tatkon township and Minpyin in Lewe township, it said. The development of the villages started in 2018 and completed in 2021, it said.
Nyo Nyo Win, a deputy director general of the Department of Rural Development, said the three-year projects in both villages were successfully completed, it said.
The development of the model villages constructed rural clinics, water supply, weaving machines, swine farming support, schools, and housing for teachers, it said. Enditem





Source link

Leave a Reply

Your email address will not be published. Required fields are marked *