ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ လှူဒါန်းမှုဖြင့် အခြေခံပညာအထက်တန်း ကျောင်းဆောင် ပြုပြင်မွမ်းမံမှု ပြီးစီးခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။စာသင်ကျောင်းဆောင် မွမ်းမံတည်ဆောက်ပြုပြင်မှုအတွက် တရုတ်နိုင်ငံ၏ ကူညီလှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုများက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအတွက်လည်း ပိုမိုနက်ရှိုင်းစွာ အကျိုးရှိစေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် ၁၄ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်ကို ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ထိုသို့ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွင် ခေါင်မိုးအသစ်မိုးခြင်း၊ စာသင်ဆောင်ရှေ့တွင် သဲဖို့ကွန်ကရစ်လောင်းခြင်း၊ ကျောင်းဆောင်ယာဘက်ရေကန်အား သဲဖို့ခြင်း၊ မှန်ပြတင်းများပြုပြင်ခြင်း စသည်တို့ပါဝင်ကြောင်း ဦးစိုးသိန်းက […]
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာနှစ်ရွာတွင် တရုတ်နိုင်ငံ အကူအညီဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းက လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး မြှင့်တင်ရေးအတွက် များစွာ အထောက်အကူပြုကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက နိုဝင်ဘာ ၈ ရက်တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဗဟိုဌာနနှင့် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စံပြကျေးရွာနှစ်ရွာအား လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ယင်းစံပြကျေးရွာနှစ်ရွာမှာ တပ်ကုန်းမြို့နယ်ရှိ အေးချမ်းသာစံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်ရှိ မင်းပြင်စံပြ ကျေးရွာတို့ ဖြစ်သည်။ စံပြကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်မှုအား ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။အဆိုပါ […]
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို အမည်မသိ တိုက်ခိုက်သူက လက်ပစ်ဗုံးဖြင့် ပစ်၍တိုက်ခိုက်ခဲ့သည်ကို ယမန်နေ့သတင်းများ၌ ဖော်ပြထားကြောင်း၊ ထိုဖြစ်ရပ်အား ပြောရေးဆိုခွင့်ရှိသူအနေဖြင့် အတည်ပြုပေးနိုင်ပါသလား၊ ထို့အပေါ် မည်သို့တုံ့ပြန်ပြောကြားလိုပါသနည်း ဟု Bloomberg သတင်းဌာန သတင်းထောက်တစ်ဦးက အောက်တိုဘာ ၂၁ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မြန်မာနိုင်ငံတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခန့်က မန္တလေးမြို့၌ လမ်းမအနီးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ ရုံးအဆောက်အဦတစ်ခု ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ လူသေဆုံးဒဏ်ရာရမှုမရှိသော်လည်း ရုံးအဆောက်အဦ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါလုပ်ရပ်အပေါ် အလွန်ထိတ်လန့်အံသြမိသလို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့အနေဖြင့် အရေးပေါ်တုံ့ပြန်မှုယန္တရားကို လျင်မြန်စွာ […]