Motorola က Patent တစ်ခုကို မှတ်ပုံတင်လိုက်ပြီး Rollable Display နဲ့ Fingerprint နည်းပညာ အသစ် ပါလာပါတယ်။ Motorola က ပြီးခဲ့တဲ့နှစ်မှာ Moto Rizr Rollable Concept ဖုန်းကို ပြသခဲ့ပြီး အခုတော့ Fingerprint Sensing စွမ်းရည်ပိုကောင်းလာတဲ့ အလားတူ ဖုန်းကို ဖန်တီးနေပါတယ်။
United States Patent and Trademark Office (USPTO) မှာ မှတ်ပုံတင်ထားတဲ့ Patent အရ Motorola ရဲ့ နောက်မျိုးဆက် Rollable Display ဖုန်းမှာ Full-screen Fingerprint Sensor တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး Screen ရဲ့ ဘယ်နေရာကနေ မဆို ဖုန်းကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီ Patent ရဲ့ အမည်က “Managing consistent fingerprint-on-display (fod) location on a rollable device having multiple fod sensors,” ဖြစ်ပြီး Display တစ်ခုလုံးမှာ အဆင့်မြင့် Fingerprint Authentication System ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Display တစ်ခုလုံးမှာ ဆန်ဆာ များစွာ ထည့်သွင်းထားတဲ့အတွက် Motorola ရဲ့ ဖုန်းကို Unlock လုပ်တဲ့အခါမှာ Flexible ကောင်းမွန်မှာပါ။
Motorola ရဲ့ အိုင်ဒီယာ အသစ်ဟာ Moto Rizr Series ကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပြီး Full-screen Fingerprint Sensing ဟာ ထူးခြားတဲ့ စွမ်းရည်ဖြစ်လာမှာပါ။ ဒီနည်းပညာဟာ အစောပိုင်း အဆင့်မှာပဲ ရှိနေသေးပေမယ့် All-screen Unlocking စွမ်းရည်ပါတဲ့ Rollable ဖုန်းတွေဟာ User-friendly ပို ဖြစ်လာမှာပါ။
Ref: gizmochina
Share This Story, Choose Your Platform!
Go to Top