မကွေးတိုင်းဒေသ ဧရာဝတီအနောက်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့် အရှိုချင်းပြည်သူများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် အရှိုချင်းလူထုအတွက်လည်း သက်ဆိုင်သူများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ACDF က နိုဝင်ဘာလ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။ အရှိုချင်းကာကွယ်ရေးတပ် ACDF သည် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီဟု သိရသည်။ ACDF အနေဖြင့် ချမှတ်ထားသော မူဝါဒများအရ စစ်အာဏာရှင် ကျရှုံးရေးအတွက် မည်သည့် တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။ အရှိုချင်းဒေသက တိုင်းရင်းသားပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို တတ်နိုင်သမျှကာကွယ်စောင့်ရှောက်မည်နှင့် ပြည်သူလူထု၏ […]
မကွေးတိုင်းအခြေပြု ဖွဲ့စည်းထားတဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲဘော်နှစ်ဦး ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျဆုံးခဲ့ရတယ်လို့ ACDF တာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးဟာ ဆလိုင်း ဂျိုးဇက်နဲ့ အငယ်ကောင်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ဖို့အတွက် ကျောင်းထွက်ကာ ACDF တပ်ဖွဲ့ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီရဲဘော်နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားတဲ့ငှက်ဖျားရောဂါကို ကုသဖို့ ဆေးလုံလုံလောက်လောက်မရရှိတဲ့အတွက် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့နေတဲ့ဘက် စစ်ကြောင်းကလည်းထိုးတော့ ဆေးရုံပို့ဖို့ အချိန်မမီလိုက်ဘူး။ စခန်းမှာလည်း ငှက်ဖျားနဲ့ပတ်သက်လို့ ဆေးဝါးလုံလောက်မှုမရှိတာနဲ့ ဆေးကုသမှုအပြည့်အဝ မလုပ်နိုင်ခဲ့လို့ ရဲဘော်တွေက အခုလိုကျဆုံးခဲ့ရတာဖြစ်ပါတယ်” လို့ ACDF ပြန်ကြားရေးတာဝန်က […]