ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၃ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဇရပ်ဆိပ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လည်လှီးသတ်ဖြတ်ထားသည့် အလောင်းအား မြေမြှုပ်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့်အလောင်းမှာ လူလတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး ဇရပ်ဆိပ်ရွာ အနောက် ပိုင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း မြေမြှုပ်ထားသည်ကိုတွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အသတ်ခံရတဲ့လူ ဘယ်သူဆိုတာကို စုံစမ်းနေတယ်။ (စစ်ကောင်စီတပ်) ဖမ်းဆီးထားတဲ့ အရပ်သားတွေရဲ့ မိသားစုဝင် တွေကို ဆက်သွယ်ထားတယ်။ မိသားစုဝင်တွေက စစ်ရှောင်နေကြလို့ အတည်ပြုရခက်နေတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်းတွင် ရက်ပေါင်းများစွာ တပ်စွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မရှိသည့်အချိန် ဝင်ရောက်ရှင်းလင်းရာက အဆိုပါရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]
ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ သီရိလင်္ကာရွေးကောက်ပွဲ လက်ရှိသမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့ အနိုင်ရ သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အနုရာ ကုမာရ (Anura Kumara Dissanayake) ရဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ နေရာအများစု အနိုင်ရသွားပါတယ်။ အမျိုးသားပြည်သူ့အာဏာပါတီ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ ၃ ပုံ ၂ ပုံ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့တာပါ။ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်နေရာ ၂၂၅ နေရာမှာ ၁၅၉ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကတိအရ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားအကြွေးတွေ ပြန်မဆပ်နိုင်လို့ ဒေဝါလီခံခဲ့ရတဲ့အထိ အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လက်ရှိမှာလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ချေးငွေ အစီအစဉ်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ Ref: AP ……………………………….. အိန္ဒိယမှာ ဆေးရုံမီးလောင်လို့ မွေးကင်းစ ကလေးငယ် ၁၀ ဦးသေဆုံး အိန္ဒိယနိုင်ငံ ဥတာပရာဒရှ်ပြည်နယ်က ဆေးရုံတစ်ရုံက မွေးကင်းစ ကလေးငယ်တွေထားတဲ့အဆောင် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ကလေး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ကလေးငယ် ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။ ဆေးရုံထဲ မွေးကင်းစ ကလေးငယ် ၅၅ ဦးကို ကုသမှုပေးနေတဲ့ အဆောင်မှာ မီးချက်ချင်းလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။ အဲဒီအထဲက ကလေးငယ် ၄၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှု ပေးနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ထိခိုက်ခဲ့တဲ့ မိသားစုဝင်တွေကို အစိုးရက ကူညီပေးသွားမယ်လို့ ကြေညာခဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ Ref: BBC ……………………………….. လေထုညစ်ညမ်းလို့ နယူးဒေလီမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ် လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမြို့တော် နယူဒေလီမြို့မှာနိုဝင်ဘာလ ၁၈ ရက်နေ့က စာသင်ကျောင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ လမ်းတစ်လျှောက်ကိုလည်း ထရပ်ကားတွေနဲ့ ဒီဇယ်အသုံးပြုယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ထားပါသေးတယ်။ မြို့တော်တဝိုက် မီးခိုးမြူတွေ ထူထပ်နေသလို မြို့ခံတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါခံစားနေရသူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းထားပါတယ်။ လေထုညစ်ညမ်းမှုအဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့ ဘေးကင်းမှုအဆင့်ထက် အဆ ၅၀ လောက် ပိုဆိုးနေတယ်လို့ သတ်မှတ်ခံထားပါတယ်။ Ref: AP ……………………………….. အမေရိကန်က ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီရန် ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်မယ် အဆင်းရဲဆုံး တိုင်းပြည်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၄ ဘီလီယံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထည့်ဝင်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၄ဘီလီယံ ထည့်ဝင်ဖို့ ကတိပြုခဲ့တာပါ။ ဒါကို ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ G 20 ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ IDA က ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ခွဲတစ်ခုပါ။ အဆင်းရဲဆုံးတိုင်းပြည်တွေရဲ့ ဥတုရာသီဆိုင်ရာ စီမံချက်တွေ အပါအဝင် အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံချက်တွေအတွက် အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးပေးတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ Ref: […]
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ ထားဝယ်မြို့မှာ အသက်ကြီးပိုင်းအမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ထားဝယ်မြို့မှာ ကလေးတွေ ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များနေတာ လောင်းလုံးမြို့နယ်က ကျေးရွာ ၇ ရွာလောက်မှာ စစ်ရဟတ်ယာဉ်တွေလာဝဲနေလို့ ဒေသခံတွေစိုးရိမ်နေတဲ့အခြေအနေ ပုလောမြို့နယ် ဇရပ်ဆိပ်ရွာမှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အကြောင်း ကမြောကင်းတံတားအနီးက ယာဉ်တိုက်မှုမှာ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့တာ ဘုရားသုံးဆူမြို့မှာ ဝန်ထမ်းမိသားစုဝင်သုံးဦး ဖမ်းဆီး အသတ်ခံလိုက်ရတဲ့အကြောင်း အဏုမြူလက်နက်ပိုင်တဲ့နိုင်ငံတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တရုတ်က တိုက်တွန်းလိုက်တာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ Source link
ထားဝယ် ကမြောကင်းတံတားအနီးမီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်၊ ကလေးတစ်ဦးအပါအဝင်သုံးဦးဒဏ်ရာရ – Dawei Watch
ထားဝယ်မြို့ ကမြောကင်းတံတားအနီးရှိ မီးပွိုင့်တွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၃နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူသုံးဦးဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။ ကမြောကင်းတံတားသစ်အနီးရှိ DDPC ဈေးဝယ်စင်တာမီးပွိုင့်တွင် သုံးဘီးဆိုင်ကယ် (အိုးဝေ) ၊ Toyota Wish အမဲရောင် ကားနှင့် စက်ဘီးတို့ တိုက်မိခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “ဘယ်လို တိုက်မိလဲဆိုတာတော့ မသိရဘူး။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာတော့ သုံးဘီးကားက ခေါင်းကြေနေပြီး ကားကတော့ DDPC ရှေ့က ရေမြောင်းထဲကျနေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ယာဉ်တိုက်မှုကြောင့် စက်ဘီစီးလာသည့် လောင်းလုံးမြို့နယ်နေသူ ဦးအေးလွင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ အသက် ၁၀နှစ်အရွယ် ကလေးတစ်ဦး ယာဘက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း […]
ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၁၆၈ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၁၅၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ငွေလဲနှုန်းမှာ တက်ရိပ်ပြလာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၉၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ Source link
မြိတ်-တနင်္သာရီပြည်ထောင်စုကားလမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် မြိတ်မြို့နယ် တုံးဗျောရွာဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက် နံနက် ၇နာရီခန့်တွင် တုံးဗျောကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းပေါက်ခဲ့ရာ ဆိုင်ကယ်ဖြင့်လာသည့် သားအဖနှစ်ဦး မိုင်းစ ထိမှန်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် သားဖြစ်သူ အမျိုးသားသေဆုံးပြီး အသက် ၆၀ ဝန်းကျင်အရွယ် ၎င်း၏ ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဒဏ်ရာရသွားသည့် ဖခင်ဖြစ်သူကို မြိတ်ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသနေရကြောင်း ၎င်းက ပြောဆိုသည်။ “ဖြစ်တာက လမ်းမကြီးပေါ်မှာပဲ မိုင်းကွဲပြီး သေတာပေါ့။ လက်နက်ကြီး မဟုတ်ပါဘူး။ စကစ ထောင်ထားတဲ့မိုင်းလို့ ပြောနေကြတာ။ စကစက လှုပ်ရှားနေတဲ့ နေရာလည်းဖြစ်တယ်ဆိုတော့” ဟု […]
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ နပခရှိတဲ့ အမ်းအပါအဝင် မြို့လေးမြို့ကို သိမ်းယူနိုင်တော့မယ်လို့ AA ပြော ပုံစာ – အမ်းမြို့မှာ ဗျူဟာကုန်းတွေအပြင် တပ်ရင်း၊ တပ်ခွဲတွေ ရှစ်ခုကို AA က သိမ်းယူထားပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိတဲ့ အမ်းမြို့နယ်အပါအဝင် မြို့နယ်လေးခုကို သိမ်းယူနိုင်တော့မယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ရခိုင်မှာ တစ်ကျော့ပြန်စစ်ရေးဟာ နိုဝင်ဘာလ ၁၃ ရက်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး အဲဒီတစ်နှစ်တာကာလအတွင်းမှာ ပြည်နယ်အတွင်းက မြို့နယ် ၁၀ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA […]
မွန်ပြည်နယ်၊ မုဒုံမြို့ တွင် ယနေ့ နိုဝင်ဘာလ ၁၅ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ဆယ်ကျော်သက်လူငယ်သုံးဦး သေဆုံးကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်) ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲ ၁နာရီကျော်တွင် မုဒုံမြို့နယ် လက်တက်ကျေးရွာ ထိုင်တော်မူ ဘုရားရှေ့တွင် ခြောက်ဘီးကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိကြောင်း အထက်ပါအသင်းတာဝန်ရှိသူက ပြောသည်။ ဆိုင်ကယ်ကို ဆယ်ကျော်သက်ယောင်္ကျားလေး သုံးဦး သံဖြူဇရပ်မြို့ဘက်မှ စီးလာခြင်းဖြစ်ပြီး ကားမှာ မုဒုံဘက်က မောင်းနှင်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသက် ၁၀နှစ်မှ ၁၆နှစ်ကြားရှိ ဆယ်ကျော်သက်လူငယ်သုံးဦးစလုံးမှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး သုံးဦးစလုံးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “ခေါင်းကြေမွဒဏ်ရာ၊ အတွင်းကြေဒဏ်ရာ၊ တစ်ကိုယ်လုံးကျိုးကြေဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရသွားတယ်” […]
ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အမျိုးသားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နေအိမ်ငါးလုံးထက်မနည်းကိုလည်း ဝင်ရောက်စစ်ဆေးကြောင်း ရပ်ကွက်တွင်နေထိုင်သူများက ပြောသည်။ ကြက်စားပြင်ရပ်ကွက်က အသက် ၃၀ အရွယ် ကိုသူရအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သမက်နှင့် သံပန်းလုပ်ငန်း လုပ် ကိုင်သည့် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ နိုဝင်ဘာလ ၉ရက် ညတွင် ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားဘက်ရှိ နေအိမ်တွင် ကိုသူရအောင်နှင့် မင်းရပ်ကူးတို့အနီး သံပန်းလုပ်ငန်းလုပ်နေသည့် အမျိုးသားတစ်ဦးတို့ စတင်ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေသူများက ပြောဆိုသည်။ ယင်းညတွင်ပင် သံပန်းလုပ်သည့် အမျိုးသား၏ အိမ်နှင့် ၎င်းမိဘ၏ အိမ်တို့ကို စစ်ကောင်စီတပ်သားများ ဝင်ရောက် စစ်ဆေးကာ ဓာတ်ပုံရိုက်သွားခဲ့ပြီး သံပန်းလုပ်ရာတွင်သုံးသည် လေအိုးနှင့် ပစ္စည်းကိရိယာများကို သိမ်းသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည် […]
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စစ်ကောင်စီတပ်စစ်ကြောင်း ထပ်ရောက်လာလို့ ပုလောဒေသခံတွေ ထွက်ပြေးနေရတဲ့အကြောင်း ထားဝယ်မှာ ကားထဲပိတ်မိနေတဲ့ ယာဉ်မောင်းကို ကယ်ဖို့ကြိုးစားသူ ဓာတ်လိုက်ပြီး ဒဏ်ရာရသွားတာ ပွင့်လင်းရာသီအစမှာ မြိတ်ဒေသထွက် ရာသီပေါ်သီးနှံတွေ ဈေးကောင်းရနေတဲ့ သတင်း ကော့သောင်းမှာ အိမ်ခြံမြေအရောင်းအဝယ်အေးနေတဲ့အကြောင်း ရနောင်းမြို့ ရနောင်းဌာနီဈေးနားက ၄ လွှာတိုက်တန်း မီးလောင်ခဲ့တဲ့အခြေအနေ ဗီယက်နမ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဖမ်းဆီးခံရတဲ့အကြောင်း တွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ Source link