ရုရှားက Google ကို ဒဏ်ရိုက်လိုက်တဲ့ ငွေပမာဏက တော်တော်ကြမ်းပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Google တောင် အဲဒီ ငွေပမာဏကို ပေးနိုင်မှာ မဟုတ်ပါဘူး။
ရုရှားက Google ကို ၂ Undecillion Rubles ဒဏ်ရိုက်လိုက်ပါတယ်။ အဲဒီငွေပမာဏဟာ ၂ အနောက်မှာ ၀ (၃၆) လုံးလိုက်ပါတယ်။ (2,000,000,000,000,000,000,000,000,000,000,000,000 Rubles)
ဒေါ်လာနဲ့ တွက်ရင် ဒေါ်လာ ၂၀ Decillion ဖြစ်ပြီး $20,000,000,000,000,000,000,000,000,000,000,000 နဲ့ ညီမျှပါတယ်။ အဲဒီငွေကို တစ်ကမ္ဘာလုံး ပေါင်းဆပ်ရင်တောင် မဆပ်နိုင်ပါဘူး။
ကမ္ဘာ့ ကုန်ထုတ်လုပ်မှု တန်ဖိုး GDP ဟာ ဒေါ်လာ ၁၁၀ ထရီလီယမ်ပဲ ရှိပါတယ်။ Google ရဲ့ မိခင် ကုမ္ပဏီ Alphabet ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂ ထရီလီယမ်ပဲ ရှိပါတယ်။
ရုရှား နိုင်ငံပိုင် TASS မီဒီယာက ၂၀၂၂ ခုနှစ်ကတည်းက Google ပိတ်ပင်ခဲ့တဲ့ ရုရှား YouTube Channel တွေကို ပြန်လည် ဖွင့်လှစ်ပေးဖို့ ရုရှား တရားရုံးက အရင်က တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ Google က ဆက်လက်ပိတ်ပင်ထားတဲ့အတွက် အခုလို တစ်ကမ္ဘာလုံး ဆပ်လို့ မကုန်တဲ့ ဒဏ်ငွေ ရိုက်လိုက်တာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲပြီးနောက် Google ဟာ အဲဒီမှာ လုပ်ငန်းတွေကို လျှော့ချခဲ့ပေမယ့် Search နဲ့ YouTube အပါအဝင် ဝန်ဆောင်မှုတချို့ကို ဆက်လက် လုပ်ကိုင်ပေးခဲ့ပါတယ်။ ကျူးကျော်စစ် ဖြစ်ပြီး လတော်တော်ကြာကြာမှာ Google ရဲ့ ဘဏ်အကောင့်တွေကို ရုရှား အစိုးရက ထိန်းသိမ်းလိုက်ပြီးနောက်မှာ Google ရဲ့ ရုရှား ကုမ္ပဏီခွဲဟာ ဒေဝါလီခံခဲ့ရပါတယ်။
Ref: cnn
Share This Story, Choose Your Platform!
Go to Top