မင်္ဂလာပါရှင့်။ ညီမကတော့ Spiceworks Myanmar မှ ဆုရည်ထွန်းပါ။ ဒီနေ့ဆွေးနွေးသွားချင်တဲ့ အကြောင်းအရာကတော့ ပရောဂျက်စီမံခန့်ခွဲမှုလုပ်ဖို့အတွက် ဘယ်လိုမျိုးအရည်အချင်းတွေ လိုအပ်မလဲ၊ နောက်လာမယ့် အနာဂတ်အတွက် ဘယ်လိုအရည်အချင်းတွေ ထပ်ဖြည့်ဖို့လိုမလဲဆိုတာနှင့်ပတ်သက်ပြီး လက်ရှိညီမတာဝန်ယူနေရတဲ့လုပ်ငန်းခွင်နှင့် အလုပ်အပေါ်အခြေခံပြီး အကျဉ်းချုပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ညီမအတွေ့အကြုံနှင့် လက်ရှိညီမလုပ်ကိုင်နေတဲ့ အလုပ်ပေါ်မူတည်ပြီး ဆွေးနွေးတင်ပြမှာဖြစ်လို့ မှားနေတာများရှိရင်လည်း နားလည်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ မာတိကာ 1. ပရောဂျက်စီမံခန့်ခွဲမှုအရေးပါမှု 2. ပရောဂျက်စီမံခန့်ခွဲမှု၏ ပြောင်းလဲနေသောအကြောင်းအရာများ 3. ယနေ့ပရောဂျက်မန်နေဂျာများအတွက် အဓိကကျွမ်းကျင်မှုရှိရန်လိုအပ်သော အရည်အချင်းများ 4. အနာဂတ်ပရောဂျက်စီမံခန့်ခွဲမှုအတွက် လိုအပ်သောအရည်အချင်းများ 1. ပရောဂျက်စီမံခန့်ခွဲမှုအရေးပါမှု အရင်ဆုံးပရောဂျက်စီမံခန့်ခွဲမှုမှာ လိုအပ်တဲ့အရည်အချင်းတွေအကြောင်းမပြောခင်မှာ ပရောဂျက်လုပ်လျှင် စီမံခန့်ခွဲမှုက ဘာကြောင့်အရေးကြီးလည်းဆိုတာ အရင်ဆွေးနွေးသွားပါမယ်။ ပရောဂျက်တစ်ခု အောင်မြင်စွာပြီးဆုံးကြောင်း သေချာစေဖို့ရန်အတွက် လိုအပ်သောဖွဲ့စည်းပုံ၊ ကိရိယာများနှင့် လုပ်ငန်းစဉ်များကို သေချာစွာပံ့ပိုးပေးနိုင်သောကြောင့် ပရောဂျက်စီမံခန့်ခွဲမှုက ပရောဂျက်တိုင်းအတွက် […]
LTI ဆိုတာဘာလဲ? မာတိကာများ1. ဘာကြောင့် LTI က အာရုံစိုက်ခြင်းခံရတာလဲ။2. LTI ဆိုတာကဘာလဲ။3. OneRoster ဆိုတာကဘာလဲ။4. LTI မှာပြုလုပ်နိုင်သည့်အရာများ (၁)– သင်ထောက်ကူပစ္စည်းနှင့် သင်ကြားရေးကိရိယာ(Learning Tools)များပေါင်းစပ်ခြင်း။5. LTI မှာပြုလုပ်နိုင်သည့်အရာများ (၂)– ပြင်ပကိရိယာ(external tools)များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။6. LTI 1.3 ဆိုတာကဘာလဲ။7. xAPI ဆိုတာကဘာလဲ။8. LRS ဆိုတာကဘာလဲ။9. Learning Analytics ဆိုတာကဘာလဲ။ 1. ဘာကြောင့် LTI က အာရုံစိုက်ခြင်းခံရတာလဲ။ 2020 ခုနှစ်နောက်ပိုင်းမှစပြီး ပြင်ပထွက်ခွာမှု ကန့်သတ်ခြင်း(Stay Home)စသည်တို့ကြောင့် ပညာရေးကို online နည်းဖြင့် ဆောင်ရွက်မှုများ တိုးတက်လာပြီး များပြားလှသော ပညာရေးနှင့် သင်ယူမှုဆိုင်ရာ ဒေတာများကိုသိမ်းဆည်းလာကြပါသည်။ ယခင်က သင်ကြားရေးနှင့်ဆိုင်သောအချက်အလက်များသည် Tools အမျိုးအစားပေါ်မူတည်ပြီး […]
ကျွန်မကတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်နေသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ကျွန်မအလုပ်လုပ်ကိုင်နေသော ကုမ္ပဏီမှာ ကျွန်မအလုပ်စဝင်သောအချိန်ကတော့ Onsite ပတ်ဝန်းကျင်ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ အခြေအနေတစ်ခုကြောင့် Work from home ခရီးကိုစတင်လျှောက်လှမ်း လာခဲ့ရပါတယ်။ လျှောက်လှမ်းလာသော ခရီးရဲ့ အတွေ့အကြုံများကို မျှဝေတင်ဆက်ပေးချင်ပါတယ်ရှင့်။ ကျွန်မတို့ ကုမ္ပဏီဟာဆိုရင် အခုလက်ရှိအထိ Work from home ခရီးကိုပဲ ဆက်လက်လျှောက်လှမ်းလျက်ရှိပါတယ်။ အရင်ကတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သော ကိုဗစ်-၁၉ ကြောင့် အိမ်မှာနေပြီးအလုပ်လုပ်ကိုင်ရသော အခြေအနေကို ရောက်ရှိခဲ့ရပါတယ်။ Work from home စတုန်းက အခက်အခဲတွေက ဘာတွေလဲ။အလုပ်ကို တစ်ခါမှ အိမ်ကနေ မလုပ်ကိုင်ဖူးတဲ့အတွက် စိုးရိမ်မှုလေးတွေတော့ ရှိပါတယ်။ အဆင်မှပြေပါမလား၊ လုပ်မှလုပ်နိုင်ပါမလားဆိုတဲ့ အတွေးတွေကတော့ ပထမဖြစ်မိတာပေါ့နော်။ ဒါပေမယ့်လည်း စတင်ပြီး […]
အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ ညီညီဇော် ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဘာသာစကား တစ်ခု သင်ယူတာနဲ့ ပတ်သက်ပြီး ရရှိလာမယ့်အရာတွေကို ပြောပြပေးသွားပါမယ်ခင်ဗျ။ ဘာသာစကား သင်ယူရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရည်ရွယ်ချက် မတူကြပါဘူး။ ဝါသနာပါလို့၊ စိတ်ဝင်စားလို့၊ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့၊ လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်ဖြစ်၊ ဘာသာစကား အသစ် တစ်ခုခုကို ရည်ရွယ်ချက် ကိုယ်စီနဲ့ သင်ကြပါတယ်။ အဲ့ဒီ ရည်ရွယ်ချက်တွေကလည်း ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲတယ်လို့ ထင်ပါတယ်။ ဘာသာစကား အသစ် တစ်ခု မသင်ခင် မိမိကိုယ်ကို မေးရမည့် အကြောင်းအရာ တချို့ကို ပြောပြပါမယ်။ ဘာသာစကား သင်တဲ့သူက မသင်တဲ့သူထက် ရတဲ့ အချိန်က နည်းတတ်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်ပြီး အချိန်ဇယားတွေနဲ့ သင်ကြရတဲ့သူတွေဆိုရင် […]