ylliX - Online Advertising Network
သမ္မတ ရှီကျင့်ဖိန် BRICS နိုင်ငံ့ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်း ပြောကြား

သမ္မတ ရှီကျင့်ဖိန် BRICS နိုင်ငံ့ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်း ပြောကြား


ကာဇန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
BRICS နိုင်ငံ့ခေါင်းဆောင်များ ၁၆ ကြိမ်မြောက်အစည်းအဝေးကို ကာဇန်မြို့ ကွန်ဗင်းရှင်းစင်တာတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို ရုရှားနိုင်ငံ သမ္မတ ပူတင်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva (ဗီဒီယိုလင့်ခ်ဖြင့် တက်ရောက်) ၊ အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi ၊ အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed ၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၊ အီရန်နိုင်ငံ သမ္မတ Masoud Pezeshkian ၊ တောင်အာဖရိကနိုင်ငံ သမ္မတ စီရယ်လ် ရာမာဖိုဆာ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ Sheikh Mohamed bin Zayed Al Nahyan စသည်တို့ တက်ရောက်ခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖိန်က အစည်းအဝေးငယ် တွေ့ဆုံဆွေးနွေးပွဲသို့ ဦးစွာ တက်ရောက်ခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က BRICS မိသားစုကြီး၏ အဖွဲ့ဝင်အသစ်များကို ကြိုဆိုပါကြောင်းနှင့် ပိုမိုများပြားသော နိုင်ငံများကို BRICS မိတ်ဖက်နိုင်ငံအဖြစ် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။ အဖွဲ့ဝင်တိုးချဲ့ခြင်းသည် BRICS ဖွံ့ဖြိုးတိုးတက်ရေးသမိုင်း၏ အရေးကြီးသည့် သမိုင်းမှတ်တိုင်ဖြစ်သလို နိုင်ငံတကာအခင်းအကျင်း ဆင့်ကဲပြောင်းလဲလာမှု၏အမှတ်သင်္ကေတလည်း ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။

BRICS နိုင်ငံအများ အတူလျှောက်လှမ်းကြခြင်းသည် မျှော်မှန်းချက်များကို အတူတကွဖော်ဆောင်လိုမှုတွင် အခြေခံသလို ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အခြေအနေကြီးနှင့်လည်း လိုက်လျောညီထွေဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲ ပြောင်းလဲလျက်ရှိရာ ဗဟုအသွင် အခင်းအကျင်းသစ်ရှိသလို “စစ်အေးတိုက်ပွဲသစ်” အန္တရာယ်အခင်းအကျင်းများလည်း ရှိကြောင်း၊ BRICS နိုင်ငံများအနေဖြင့် သမိုင်းအခွင့်အလမ်းကို အမိအရ လက်ကိုင်ထားပြီး သမိုင်းတွင် တက်ကြွစွာ လှုပ်ရှားမှုအား ပြသရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော မူလသမိုင်းပေးတာဝန်ကို အခိုင်အမာစောင့်ထိန်းရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း ဦးမော့လာသည့်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို အသာထား၍ တူညီမှုများကို ရှာဖွေကာ စိတ်တူကိုယ်တူ ရည်ရွယ်ချက်တူဖြင့် BRICS နိုင်ငံများ၏ ဘုံတန်ဖိုးကို တစ်ဆင့်တိုး ခိုင်မာစွာ စုစည်းရမည် ဖြစ်ကြောင်း၊ BRICS နိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သလို BRICS နိုင်ငံများ ပူးတွဲ၍ ကိုယ်ပိုင်အင်အားကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ BRICS ကို ကမ္ဘာ့တောင်ဘက်ခြမ်း၏ သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကလမ်းကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး၏ ရှေ့ပြေးအင်အားအဖြစ် တွန်းအားပေးတည်ဆောက်ရမည် ဖြစ်ပါကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာကြီး ပို၍ မငြိမ်မသက်ဖြစ်လာလေ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဘုံအကျိုးဖော်ဆောင်ရေး ဟူသော အလံကို ပို၍ ကိုင်ဆောင်ကာ BRICS ၏ အင်အားကို ပြသရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးအသံကို ထုတ်ဖော်ရမည်ဖြစ်သလို၊ ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သည့် တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်ဖွဲ့မှု မဟုတ်သည့် မိတ်ဖက်ဆက်ဆံမှု ဟူသော လုံခြုံရေး ပုံစံသစ်ကို ရှေ့ဆောင်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အတူတကွ ရှာဖွေရမည် ဖြစ်သလို အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်မှု ရှိသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ကို အဆိုပြုရမည် ဖြစ်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကြီး အခိုင်အမာ စောင့်ထိန်းရမည် ဖြစ်ကြောင်း၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံ၍ စိုက်ပျိုးရေး၊ စွမ်းအင်၊ သတ္တုထုတ်လုပ်မှု၊ ကုန်သွယ်စီးပွား စသည့် သမားရိုးကျကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်သလို အစိမ်းရောင် ကာဗွန်လျော့နည်းရေး၊ ဉာဏ်ရည်တုစွမ်းရည် စသည့် ထွန်းသစ်စ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရမည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး လုံခြုံမှုများကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့နောက် သမ္မတ ရှီကျင့်ဖိန်က အစည်းအဝေးကြီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ အနာဂတ် BRICS ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးသဘောထားကို ပြောကြားခဲ့ပြီး အကြံပြုချက် ၅ ရပ် အား အဆိုပြုခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာမှာ လှိုင်းထန်သည့် အပြောင်းအလဲကာလဖြစ်ရာ ကမ္ဘာကြီး ဖရိုဖရဲဖြင့် မတည်မငြိမ် ဖြစ်နေမှုကို သဘောရှိဖြစ်စေမည်လော၊ ၎င်းကို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိအောင် တွန်အားပေးမည်လေ ဟူသော အချက်အချာကျသည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရကြောင်း အလေးထားပြောကြားခဲ့သည်။
ခေတ်ကာလ၏ လှိုင်းဒဏ်လေဒဏ် ပြင်းထန်လေလေ မိမိတို့အနေဖြင့် ရဲဝံ့စွာ ထိပ်ဆုံးမှ ရပ်တည်ကာ ခိုင်မာမြဲမြံသော စိတ်ဓာတ်၊ ရှေ့ဆောင်ဦးရွက်ပြုဆောင်ရွက်မည့် ရဲစွမ်းသတ္တိ၊ အပြောင်းအလဲများကို သိရှိ၍ ရင်ဆိုင်ဖြေရှင်းမည့် ဉာဏ်ပညာတို့ဖြင့် “BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသစ်ကို အတူတကွ ရေးဆွဲကြရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် –

_____ မိမိတို့အနေဖြင့် “ငြိမ်းချမ်းရေး BRICS ” ကို တည်ဆောက်ရမည်ဖြစ်ပြီး ဘုံလုံခြုံရေး ထိန်းသိမ်းသူအဖြစ် ဆောင်ရွက်ရမည် ဖြစ်သည်။  အတူတကွ၊ ဘက်စုံ ၊ ပူးပေါင်းဆောင်ရွက်မှု၊ စဉ်ဆက်မပြတ်ရှိသည့် လုံခြုံရေးအမြင်ကို ဖော်ဆောင်မှသာလျှင် အများလုံခြုံသည့်လမ်းကို လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ “စစ်ပွဲ ပြင်ပသို့ မယိုလျှံရေး၊ စစ်ရေး အရှိန်အဟုန် မမြင့်တက်ရေး၊ ဘက်ပေါင်းစုံ မီးလောင်ရာလေပင့် မပြုရေး” ဟူသော အခြေခံမူကို အခိုင်အမာ လက်ကိုင်ထားပြီး ယူကရိန်းအကျပ်အတည်း အမြန်ဆုံး ပြေလျော့ရေးကို တွန်းအားပေးရမည် ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသ အမြန်ဆုံး အပစ်ရပ်ရေး တွန်းအားပေး၍ ပါလက်စတိုင်းအရေး ဘက်စုံ၊ တရားမျှတ၍ ရေရှည်ဖြေရှင်းရေးအတွက် မဆုတ်မနစ်ကြိုးပမ်းရမည် ဖြစ်သည်။

_____ မိမိတို့အနေဖြင့် “ဆန်းသစ်ဖန်တီးမှု BRICS” ကို တည်ဆောက်ရမည် ဖြစ်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ဆောင်သူအဖြစ် ဆောင်ရွက်ရမည် ဖြစ်သည်။  သိပ္ပံနည်းပညာတော်လှန်ရေးနှင့် ကုန်ထုတ်လုပ်ငန်းပြုပြင်ပြောင်းလဲရေး၏ ခေတ်ကာလခြေလှမ်းကို အနီးကပ် အမီလှမ်းကာ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားကို ပျိုးထောင်ရမည် ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မကြာသေးမီက တရုတ်-BRICS နိုင်ငံများ ဉာဏ်ရည်တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စင်တာကို တည်ထောင်ခဲ့ပြီးဖြစ်ရာ BRICS နိုင်ငံများ ပင်လယ်ရေနက်ပိုင်းအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သုတေသန စင်တာ၊ BRICS နိုင်ငံများ အထူးစီးပွားရေးဇုန် တရုတ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစင်တာ၊ BRICS နိုင်ငံများ စက်မှုစွမ်းရည်ဆိုင်ရာ တရုတ်နိုင်ငံ စင်တာ၊ BRICS နိုင်ငံများ ဒစ်ဂျစ်တယ်ဂေဟစနစ် ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်တို့ကို တည်ထောင်သွားမည် ဖြစ်ရာ ဘက်ပေါင်းစုံအနေဖြင့် တက်ကြွစွာ ပါဝင်ကြရန် ဖိတ်ခေါ်ပါသည်။
_____ မိမိတို့အနေဖြင့် “အစိမ်းရောင် BRICS” ကို တည်ဆောက်ရမည် ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၏ လက်တွေ့ဖော်ဆောင်သူအဖြစ် ဆောင်ရွက်ရမည် ဖြစ်သည်။ တရုတ်လျှပ်စစ်ကား၊ လီသီယမ်ဘက်ထရီ၊ ဆိုလာထုတ်ကုန် စသည့် အရည်အသွေးမြင့်မားသည့် ထုတ်လုပ်မှု စွမ်းရည်သည် ကမ္ဘာ့အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အကူအညီများအား ပံ့ပိုးပေးခဲ့ပေသည်။ တရုတ်နိုင်ငံအနေဖြင့် BRICS နိုင်ငံများနှင့်အတူ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်းများ၊ သန့်စင်စွမ်းအင်နှင့် အစိမ်းရောင်သတ္တုထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံး “အစိမ်းရောင်အသွင်” ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်သွားလိုသလို ပူးပေါင်းဆောင်ရွက်မှု “အစိမ်းရောင်ပါဝင်ရေး” ကို အပြည့်အဝဖြည့်တင်းကာ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးကို မြှင့်တင်သွားလိုပါသည်။

_____ မိမိတို့အနေဖြင့် “တရားမျှတမှု ရှိသည့် BRICS” ကို တည်ဆောက်ရမည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေး၏ ဦးဆောင်သူအဖြစ် ဆောင်ရွက်ရမည် ဖြစ်သည်။ နိုင်ငံတကာ အင်အားဒိုင်းနမစ်သည် နက်နက်ရှိုင်းရှိုင်း ဆင့်ကဲ ပြောင်းလဲနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စနစ် ပြုပြင်ပြောင်းလဲရေးသည် ရေရှည်နောက်ကျကျန်ရစ်ခဲ့သည်။ စစ်မှန်သော နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ပြီး အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အမြင်ကို လက်ကိုင်ထားကာ တရားမျှတ မှန်ကန်မှု၊ တံခါးဖွင့် အားလုံးပါဝင်မှုဟူသော အတွေးအခေါ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို လမ်းပြ ဖော်ဆောင်ရမည် ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို မြှင့်တင်ရမည် ဖြစ်သည်။ ဘဏ္ဍာရေး အခြေခံ အဆောက်အဦ အပြန်အလှန်ချိတ်ဆက်မှုကို တိုးမြှင့်ရမည်ဖြစ်ပြီး အဆင့်မြင့် ဘဏ္ဍာရေး လုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ် (NDB) ကို ကြီးမားအားကောင်းလာအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အခင်းအကျင်း အပြောင်းအလဲများကို ပိုမိုကောင်းမွန်စွာ ထင်ဟပ်နိုင်အောင် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို တွန်းအားပေးရမည် ဖြစ်သည်။

_____ မိမိတို့အနေဖြင့် “လူမှုယဉ်ကျေးမှုရှိသည့် BRICS” ကို တည်ဆောက်ရမည် ဖြစ်ပြီး သင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆိုးတူကောင်းဖက် အတူယှဉ်တွဲနေထိုင်ခြင်း၏ ရှေ့ဆောင်ရှေ့ရွက်ပြုသူအဖြစ် ဆောင်ရွက်ရမည် ဖြစ်သည်။ နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်ရေးကို မြှင့်တင်ကာ မတူကွဲပြားသည့် ယဉ်ကျေးမှုများ အားလုံးအတူရှင်သန်ရေးကို အဆိုပြုရမည် ဖြစ်သည်။ တရုတ်နိုင်ငံဘက်က BRICS ဒစ်ဂျစ်တယ် ပညာရေး ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်များမှာ လက်တွေ့ဖော်ဆောင်ပြီး ဖြစ်ရာ BRICS ဒစ်ဂျစ်တယ်ပညာရေးစွမ်းရည် တည်ဆောက်မှု အစီအစဉ်များ ဖော်ဆောင်သွားမည် ဖြစ်သည်။ အနာဂတ် ၅ နှစ်ကြာကာလတွင် BRICS နိုင်ငံများ၌ ပြည်ပ ပညာသင်ကြားရေးစင်တာ ၁၀ ခု တည်ထောင်ပြီး ပညာရေးကဏ္ဍ စီမံခန့်ခွဲသူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူများအတွက် မွမ်းမံသင်တန်း သင်ယူလေ့လာခွင့်များ ပံ့ပိုးပေးမည် ဖြစ်သည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

နောက်ဆုံးတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် BRICS နိုင်ငံအသီးသီးနှင့်အတူ “BRICS ကြီး၏ ပူးပေါင်းဆောင်ရွက်မှု ” အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းသစ်ကို ဖွင့်လှစ်သွားကာ လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း အတူတည်ဆောက်ရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွးပွဲတွင် 《BRICS နိုင်ငံ့ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် အစည်းအဝေး ကာဇန် ကြေညာချက်》ကို ထုတ်ပြန်ခဲ့ပြီး BRICS မိတ်ဖက်နိုင်ငံများ ထူထောင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ လှုပ်ရှားမှု အစီအစဉ်များကို ချိုက်ချီ၊ ဝမ်ရိ စသည်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)

BRICS နိုင်ငံ့ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ကာဇန်ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ သမ္မတ ရှီကျင့်ဖိန် အရေးကြီးမိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

BRICS နိုင်ငံ့ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ကာဇန်ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ BRICS နိုင်ငံ့ခေါင်းဆောင်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
习近平出席金砖国家领导人第十六次会晤并发表重要讲话
新华社俄罗斯喀山10月23日电(记者倪四义 胡晓光)当地时间10月23日上午,金砖国家领导人第十六次会晤在喀山会展中心举行。俄罗斯总统普京主持会晤。中国国家主席习近平、巴西总统卢拉(线上)、埃及总统塞西、埃塞俄比亚总理阿比、印度总理莫迪、伊朗总统佩泽希齐扬、南非总统拉马福萨、阿联酋总统穆罕默德等出席。
习近平首先出席小范围会议。
习近平欢迎新成员加入金砖大家庭以及邀请多个国家成为金砖伙伴国。习近平指出,扩员是金砖发展史上的重要里程碑,也是国际格局演变的标志性事件。金砖国家走到一起,是基于共同追求,顺应世界和平和发展大势。当前,世界百年变局加速演进,既有多极化的新局,也有“新冷战”的危局。金砖国家要把握历史机遇,展现历史主动,坚守开放包容、合作共赢的初心使命,顺应全球南方崛起大势,坚持求同存异,同心同德,进一步凝聚金砖国家共同价值,维护金砖国家共同利益,促进金砖国家联合自强,把金砖打造成促进全球南方团结合作的主要渠道、推动全球治理变革的先锋力量。
习近平强调,世界越是动荡,我们越要高举和平、发展、合作、共赢旗帜,淬炼金砖成色,展现金砖力量。要发出和平之声,倡导对话而不对抗、结伴而不结盟的新型安全。要共谋发展之路,倡导普惠包容的经济全球化,坚守共同发展的大道。要夯实合作之基,深化农业、能源、矿产、经贸等传统领域合作,拓展绿色低碳、人工智能等新兴领域合作,维护贸易投资和金融安全。
随后,习近平出席大范围会议,就未来金砖发展发表重要意见,提出五点建议。
习近平强调,当前,世界进入新的动荡变革期,是任由世界动荡不安,还是推动其重回和平发展的正道,面临关键抉择。时代的风浪越大,我们越要勇立潮头,以坚韧不拔之志、敢为人先之勇、识变应变之谋,共同谱写“大金砖合作”高质量发展新篇章。
——我们要建设“和平金砖”,做共同安全的维护者。只有践行共同、综合、合作、可持续的安全观,才能走出一条普遍安全之路。要坚持“战场不外溢、战事不升级、各方不拱火”三原则,推动乌克兰危机局势尽快缓和。推动加沙地区尽快停火,为全面、公正、持久解决巴勒斯坦问题不懈努力。
——我们要建设“创新金砖”,做高质量发展的先行者。要紧跟新一轮科技革命和产业变革的时代步伐,培育新质生产力。中方新近成立中国-金砖国家人工智能发展与合作中心,将建立金砖国家深海资源国际研究中心、金砖国家特殊经济区中国合作中心、金砖国家工业能力中国中心、金砖国家数字产业生态合作网络,欢迎各方积极参与。
——我们要建设“绿色金砖”,做可持续发展的践行者。中国电动汽车、锂电池、光伏产品等优质产能,为世界绿色发展提供了重要助力。中方愿同金砖国家拓展绿色产业、清洁能源以及绿色矿产合作,推动全产业链“绿色化”发展,充实合作“含绿量”,提升发展“含金量”。
——我们要建设“公正金砖”,做全球治理体系改革的引领者。国际力量对比正在深刻演变,但全球治理体系改革长期滞后。要践行真正的多边主义,坚持共商共建共享的全球治理观,以公平正义、开放包容为理念引领全球治理改革,提升全球南方国家的代表性和发言权。促进金融基础设施互联互通,维护高水平金融安全,做大做强新开发银行,推动国际金融体系更好反映世界经济格局变化。
——我们要建设“人文金砖”,做文明和合共生的倡导者。加强治国理政经验交流,倡导不同文明包容共存。中方提出的金砖数字教育合作倡议已经落地,将实施金砖数字教育能力建设计划,未来5年在金砖国家设立10个海外学习中心,为1000名教育管理人员和师生提供培训机会。
习近平最后强调,中方愿同金砖各国一道,开创“大金砖合作”高质量发展新局面,共同推动构建人类命运共同体!
会晤发表《金砖国家领导人第十六次会晤喀山宣言》,宣布设置金砖伙伴国。
蔡奇、王毅等参加上述活动。
图说1-2当地时间10月23日上午,金砖国家领导人第十六次会晤在喀山会展中心举行。习近平发表重要讲话。新华社记者 谢环驰 摄
图说3. 当地时间10月23日上午,金砖国家领导人第十六次会晤在喀山会展中心举行。这是会晤期间,金砖国家领导人集体合影。新华社记者 李学仁 摄





Source link

Leave a Reply

Your email address will not be published. Required fields are marked *