ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတချို့၏ အနုတ်လက္ခဏာ သဘောထားများကြောင့် လုံခြုံရေးကောင်စီက ဂါဇာပဋိပက္ခ ဖိအားစမ်းသပ်မှုတွင် “ကျရှုံး” ခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၂၅ ရက်၌ ကျင်းပသည့် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ဖုချုံးက ယခုအကြိမ် ဂါဇာပဋိပက္ခသည် အရှေ့အလယ်ပိုင်းအရေးတွင် ကုလသမဂ္ဂ ရင်ဆိုင်နေရသည့် အကြီးဆုံး ဖိအားစမ်းသပ်မှုဖြစ်ကြောင်း၊ ဤစမ်းသပ်မှုမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို စမ်းသပ်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တချို့နိုင်ငံများက မိမိ၏တာဝန်ကို တည့်မတ်စွာ ရှုမြင်ရန်၊ လုံခြုံရေးကောင်စီက ကိရိယာသေတ္တာထဲရှိ ရွေးချယ်နိုင်စရာ အားလုံးကို အသုံးပြု၍ ချက်ချင်းအပစ်ရပ်ရေး၊ ပြန်လည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်အတွက် တစ်ဆင့်တိုး လှုပ်ရှားရေးကို ထောက်ခံရန် တိုက်တွန်းကြောင်း […]
လီမာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် လီမာမြို့၌ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၄ နှစ်ကြာကာလက တရုတ်-အမေရိကန် ဆက်ဆံရေးသည် အတက်အကျအပြောင်းအလဲများကို ဖြတ်သန်းခဲ့ရသော်လည်း တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် နှစ်ဖက်အဖွဲ့ကို လမ်းညွှန်ကာ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ လမ်းညွှန်အခြေခံမူအချို့ကို အတည်ပြုခဲ့ကြောင်း၊ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်ကန်သည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် အတူတကွ တွန်းအားပေးခဲ့ရာ ညှိနှိုင်းဆွေးနွေးမှု ယန္တရား ၂၀ ကျော်ကို ပြန်လည်တည်ဆောက်မှုနှင့် အသစ်တည်ဆောက်မှုပြုနိုင်ခဲ့ကြောင်း၊ […]
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ( နိုဝင်ဘာ ၄ ရက်) CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ အမျိုးသား ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ […]
ကာဇန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)BRICS နိုင်ငံ့ခေါင်းဆောင်များ ၁၆ ကြိမ်မြောက်အစည်းအဝေးကို ကာဇန်မြို့ ကွန်ဗင်းရှင်းစင်တာတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို ရုရှားနိုင်ငံ သမ္မတ ပူတင်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva (ဗီဒီယိုလင့်ခ်ဖြင့် တက်ရောက်) ၊ အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi ၊ အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed ၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၊ အီရန်နိုင်ငံ သမ္မတ Masoud Pezeshkian ၊ တောင်အာဖရိကနိုင်ငံ သမ္မတ […]
…………………………… (English Version) Xi says China, Russia find right way for neighboring major countries to get along with each other The post တရုတ်နှင့် ရုရှားက အိမ်နီးချင်းနိုင်ငံကြီးများ၏ မှန်ကန်သောဆက်ဆံရေးနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သမ္မတ ရှီပြော appeared first on Xinhua News Agency. Source link
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း၊ အချို့သောနိုင်ငံများသည် ယေဘုယျသဘောတူညီမှုမရှိသည့်အခြေအနေနှင့် သိသိသာသာ သဘောထားကွဲလွဲမှုရှိသည့်အခြေအနေတွင် နိုင်ငံတကာဥပဒေပြုမှုကို အတင်းအကျပ်ဖော်ဆောင်ခြင်းက ပြိုကွဲမှုကိုသာဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၁၈ ရက်တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမမြောက်ကော်မတီ “ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး” အကြောင်းအရာ ပါဝင်ဆွေးနွေးရာ၌ အလေးထားပြောကြားခဲ့သည်။ကိန်းစွမ်က နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို မြှင့်တင်ခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ပြီးပြည့်စုံစေရေးအတွက် အခြေခံနှင့် အာမခံချက်ဖြစ်ကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒကို ချမှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အခြေခံပြုမူလုပ်ဆောင်မှု သတ်မှတ်ချက်များကို ချမှတ်ခဲ့ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာစနစ်အခြေခံကို အုတ်မြစ်ချခဲ့ပါကြောင်း၊ […]
မကာအို၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ချန်ဟောက်ဟွေး (Sam Hou Fai) က မဲအပြတ်အသတ်ဖြင့် အောက်တိုဘာ ၁၃ ရက်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၎င်းသည် တရားဝင်မဲ ၃၉၈ မဲအနက် ထောက်ခံမဲ ၃၉၄ မဲ ရရှိခဲ့ကာ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ Song Man Lei က ၎င်းအား အနိုင်ရသူအဖြစ် ကြေညာခဲ့သည်။မကာအိုဒေသ၏ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေး ဥပဒေအရ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲသို့ ရွေးကောက်တင်မြှောက်ရေး ကော်မတီဝင် ၄၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံ တက်ရောက်မဲပေးမည်ဆိုပါက အဆိုပါရွေးကောက်ပွဲ အထမြောက်ကာ ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် […]