ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သမ္မတထရမ့်နှင့် ဒီမိုကရေစီ၏နောင်ရေး
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၉
(ထရန့်သမ္မတ ဖြစ်နေတုန်းက ဆောင်းပါး ပြန်လည်တင်ဆက်တာပါ)
Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Saving Democracy အခန်းကို ဘာသာပြန်ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံကို ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဟု အားလုံးကမြင်ကြပါသည်။ သို့သော်၊ အားလုံးသိထားရမည်မှာ – အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီစနစ်သည် ထူးခြားလှသောအရာမဟုတ်ပါ။ ဆိုလိုသည်မှာ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေတွင်လည်းကောင်း၊ ယဉ်ကျေးမှုတွင်လည်းကောင်း၊ ဒီမိုကရေစီပျက်စီးခြင်းကို ကိုးကွယ်ပေးထားသောအရာမရှိပါ။ ဒီမိုကရေစီရှင်သန်နေခြင်းသည် မူကြောင့် မဟုတ် လူကြောင့်ဟု ယခင်ဆောင်းပါးတစ်ခုတွင် ဆိုထားသည်ကို မှတ်မိပါလိမ့်မည်။
နိုင်ငံရေးပဋိပက္ခကြောင့် အမေရိကန်နိုင်ငံတွင် တောင်နှင့်မြောက် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ တောင် နှင့်မြောက်စစ်ပြီးသွားသောအခါတွင် နိုင်ငံတွင် တည်ငြိမ်မှုရရှိခဲ့သော်လည်း ယင်းတည်ငြိမ်မှုအတွက် ပေးဆပ်ခဲ့ရသည်မှာ တောင်ပိုင်းတွင် တစ်ပါတီအာဏာရှင်စနစ်၊ လူမျိုးခွဲခြားမှုတို့ဖြင့် အုပ်ချုပ်ခဲ့ရခြင်းဖြစ် သည်။ 1965 နောက်ပိုင်းမှာသာ အမေရိကန်နိ်ုင်ငံတွင် ဒီမိုကရေစီအပြည့်အဝရရှိခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ဒီမိုကရေစီစနစ်ကို ရရှိခြင်း၏လုပ်ငန်းစဉ်တွင် လုံးဝမတူကွဲပြားသော မူဝါဒရှိသော ပါတီနှစ်ခုထွက်ပေါ်လာ ခြင်းသည် အဆင့်တစ်ဆင့်ဖြစ်လေသည်။ ယခုအခါတွင် ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်မည့် အန္တရာယ် များကိုကြုံတွေ့နေရပြန်ပြီဖြစ်သည်။
ယခုအခါတွင် တစ်ကမ္ဘာလုံးတွင် ဒီမိုကရေစီစနစ်သည် ဆုတ်ယုတ်နေပြီဟူသောအမြင်မျိုးရှိလျှက် ရှိသည်။ နိုင်ငံရေးသိပ္ပံပညာနှင့် ဒီမိုကရေစီနှင့်ပတ်သက်၍ အတွေးအခေါ်ပညာရှင် လယ်ရီဒိုင်မွန်း (Larry Diamond) က ဆိုသည်မှာ – ကျွန်ုပ်တို့ကမ္ဘာတွင် ဒီမိုကရေစီဆုတ်ယုတ်နေသည့်ကာလထဲကို ရောက်နေပြီ – ဟူ၍ဖြစ်သည်။
သမ္မတထရမ့် (Trump) မတက်ခင်အထိ ဒီမိုကရေစီဆုတ်ယုတ်ခြင်းလက္ခဏာမရှိသေးပါ။ 1980 နှင့် 1990 နှစ်များတွင် ဒီမိုကရေစီနိုင်ငံများစွာ ထွန်းကား၍လာပါသည်။ 2005 ပတ်ဝန်းကျင်တွင် ဒီမိုကရေစီ စနစ်များသည် မှန်မှန်တိုးတက်လျှက်ရှိသည်။
ဒီမိုကရေစီဆုတ်ယုတ်သော သတင်းများရှိပါသည်။ သို့ သော် ဒီမိုကရေစီဆုတ်ယုတ်သော – ဟန်ဂေရီ၊ တာကီ၊ ဘနီဇူလာ (Hungary, Turkey, Venezuela) ကဲ့သို့သော နိုင်ငံများရှိတိုင်း၊ ၄င်းတို့နှင့် ပြိုင် ဒီမိုကရေစီထွန်းကားသော နိုင်ငံများဖြစ်သည့် အာဂျင်တီးနား၊ ဘရာဇေး၊ ချီလီ၊ ပီရူး၊ ဂရိ၊ စပိန်၊ တောင်အဖရိက (Argentina, Brazil, Chile, Peru, Greece, Spain, South Africa) စသည်တို့အပြိုင် ရှိနေကြသည်။
ဥရောပနိုင်ငံတွင် ဒီမိုကရေစီစနစ်များသည် အီးယူ (EU) ကြောင့်လည်းကောင်း၊ စီးပွားရေး ဆုတ်ယုတ် မှုကြောင့်လည်းကောင်း၊ ပြဿနာများရှိသော်လည်း အမေရိကန်မှာကဲ့သို့၊ ဒီမိုကရေစီစံနှုန်းများ ကို ချိုးဖောက်မှုများမရှိသေးပါ။ (ရှေ့ကညွှန်းထားသော ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်သည်။)
သမ္မတထရမ့် (President Trump) တက်လာခြင်းသည် ဒီမိုကရေစီစနစ်ကို ဆုတ်ယုတ်စေနိုင် သော အကြောင်းတစ်ခုဖြစ်လာနိုင်သည်။ 1988 ခုနှစ်နှင့် 2018 တို့၏ကြားတွင် အမေရိကန်နိုင်ငံ၏နိုင်ငံခြား ရေးမူဝါဒသည် ဒီမိုကရေစီကို ဦးတည်သော မူဝါဒမျိုးဖြစ်သည်။ သို့သော်ငြားလည်း အမေရိကန်နိုင်ငံ၏ လုံခြုံရေးဗျူဟာနှင့် တိုက်ဆိုင်လာသောအခါတွင် ဒီမိုကရေစီရေးသည် ပျောက်ဆုံးသွားသောအခါများကို ကြုံတွေ့ခဲ့ရသည်။ ဒီမိုကရေစီရေးနှင့်ပတ်သက်၍ ဆုတ်ယုတ်သွားခဲ့ရသော ဖြစ်ရပ်များမှာ – တရုတ်နိုင်ငံ (China)၊ ရုရှားနိုင်ငံ (Russia) နှင့် အရှေ့အလယ်ပိုင်း (Middle East) တို့တွင်ဖြစ်ခဲ့သည်။ ထိုနေရာများတွင် မဟုတ်သော အာဖရိက (Africa) ၏ နေရာတော်တော်များများ၊ အာရှတိုက် (Asia)၊ အရှေ့ဥရောပ (East Europe)၊ လက်တင်အမေရိက (Latin America) တို့တွင် အမေရိကန်အစိုးရများသည် သံတမန်ရေးရာ ဖိအား၊ စီးပွားရေးအထောက်အကူနှင့် အခြားသောနိုင်ငံခြားရေးရာနည်းလမ်းများကိုသုံး၍ ၊ အာဏာရှင်စနစ် ကို ဆန့်ကျင်တွန်းလှန်ခဲ့သည်။ ဒီမိုကရေစီစနစ်ဖြစ်မြောက်ရေးအတွက် ဖိအားပေးခဲ့သည်။ 1990 မှ 2015 အတွင်း ကာလသည် ဒီမိုကရေစီစနစ်အရှင်သန်ဆုံးကာလဖြစ်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အနောက်နိုင်ငံ များသည် ဒီမိုကရေစီကို အားပေးသောကြောင့်ဖြစ်သည်။
သို့သော် ယခု သမ္မတထရမ့် (President Trump) လက်ထက်တွင်၊ ဤအခြေအနေသည် ပြောင်းလဲလျှက်ရှိသည်။ သမ္မတထရမ့် ၏လက်ထက်တွင် အမေရိကန်နိုင်ငံသည် ဒီမိုကရေစီကို အားပေး သောနိုင်ငံ၏ အခန်းကဏ္ဍကို ပစ်ပယ်လျှက်ရှိသည်။ အမေရိကန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် အတုယူ ရမည့်စံနမူနာကောင်းတစ်ခုမဟုတ်တော့ပါ။ အမေရိကန်နိုင်ငံ၏ သမ္မတသည် ပုံနှိပ်သူများကို တိုက်ခိုက် သောသူ၊ သူ၏ပြိုင်ဘက်ကိုထောင်ချရန် ခြိမ်းခြောက်သောသူနှင့် သူသည် ရွေးကောက်ပွဲရလဒ်ကို လက်ခံ ချင်မှလက်ခံမည်ဟူ၍ကြေငြာသောသူဖြစ်လေသည်။ ဤကဲ့သို့သော သမ္မတသည် ဒီမိုကရေစီ၏ နမူနာ ကောင်း မည်ကဲ့သို့ဖြစ်နိုင်မည်နည်း? 2016 မတိုင်မှီက၊ ဒီမိုကရေစီစနစ် ဆုတ်ယုတ်လျှက်ရှိသည်ဟူသော အဆိုသည် ယုံတမ်းစကားသက်သက်ဖြစ်ခဲ့သော်လည်း ယခု သမ္မတထရမ့်၏ လက်ထက်တွင် ဥရောပ သမဂ္ဂ၏ အကြပ်အတည်း၊ တရုတ်နိုင်ငံပေါ်ထွက်လာခြင်း၊ ရုရှားနိုင်ငံ၏ရန်လိုမှုတို့နှင့်အတူ၊ ဒီမိုကရေစီ အရေးကျဆုံးလျှက်ရှိခြင်းသည် ပုံပြင်မဟုတ်တော့ဘဲ၊ တကယ်ဖြစ်နေခြင်းဖြစ်လေသည်။
အမေရိကန်နိုင်ငံတွင် သမ္မတထရမ့်လက်ထက်နှင့်နောက်ပိုင်း၊ ဒီမိုကရေစီစနစ်၏ အခြေအနေနှင့် ပတ်သက်၍ ဖြစ်နိုင်သောအရာသုံးခုရှိသည်။
ယခု ဒုတိယဖြစ်နိုင်သောအရာကို ပြောပါမည်။ ၄င်းသည် ဒီမိုကရေစီရေးအတွက် ပိုမို၍ဆိုးဝါးသော အခြေအနေဖြစ်ပါသည်။ ဤအဖြစ်တွင် ထရမ့်နှင့်ရီပတ်ဘလီကန်ပါတီ အနိုင်ရမည်။ ထိုအခါ ထရမ့်သည် ဆက်လက်၍ သမ္မတဖြစ်ပြီး တရားရုံးချုပ်အထိ ထရမ့်ပါတီက အာဏာရရှိသွားမည်ဖြစ်သည်။ လွှတ်တော် တွင် စကားပြောခွင့်ကို ပိတ်ပင်ခြင်စေသော ဥပဒေများကို ပြဌာန်းခြင်း စသည်တို့ကို ရိပတ်ဘလီကန်ပါတီ က ပြုလုပ်နိုင်သည်။ ဆန့်ကျင်ဘက်အားလုံးကို နှိမ်နင်းရာတွင် အကြမ်းဖက်မှုများပါလာနိုင်သည်။ ဤအဖြစ် မျိုးသည် ဖြစ်နိုင်ခြေနှင့် မဖြစ်နိုင်ခြေ ထက်ဝက်စီလောက်ရှိသည်။
တတိယအဖြစ်မျိုးမှာ ယခုသုံးမျိုးတွင် ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။ သမ္မတထရမ့်၏ အုပ်ချုပ်မှု သည် အုပ်စုကွဲခြင်း၊ ရေးသား၍မထားသောစံနှုန်းများကို ချိုးဖောက်ခြင်းနှင့် အသင်းအဖွဲ့များအချင်းချင်း တိုက်ခိုက်ခြင်းတို့ဖြင့် ပြည့်နေလိမ့်မည်။ တစ်နည်းဆိုသော ဒီမိုကရေစီစနစ်ဟု အမည်အားဖြင့်သာ ခေါ်ဆို နိုင်သော စနစ်မျိုးဖြစ်သည်။ သမ္မတထရမ့်နှင့် ရီပတ်ဘလီကန်ပါတီသည် နာမည်ပျက်သော်လည်း၊ သူတို့ သည် အလုံးအရပ်မလျော့ဘဲ ဆက်လက်၍ရှိနေမည်။
ဤသည်ကား သမ္မတထရမ့်နှင့် ဒီမိုကရေစီ၏ နောင်ရေးအပေါ် သုံးသပ်ချက်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)