ဖူလ်ဟမ်အသင်းဟာ တနင်္လာနေ့ညကကို လာလီဂါကလပ် ဆီဗီလာနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အာဆင်နယ်ကနေ အသစ်ခေါ်ယူထားတဲ့ စမစ် ရိုးက ပွဲဦးထွက်မှာ ခေါင်းတိုက်သွင်းဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ပေါင် ၃၄ သန်းအထိ မြင့်တက်နိုင်တဲ့ သဘောတူညီမှုနဲ့ ဖူလ်ဟမ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဟေးအမ်းအကယ်ဒမီထွက်ကစားသမားက ကစားသမားဘဝတလျှောက်လုံးကို အမ်းမရိတ်စ်မှာ ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်မှာ အောင်မြင်မှုတွေ ရယူချင်ခဲ့ပေမယ့်လည်း အာတီတာရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်ပါဝင်ခွင့်မရရှိခဲ့တဲ့နောက် ပုံမှန်ပွဲကစားချိန်ရရှိဖို့အတွက် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
စမစ် ရိုးဟာ တနင်္လာနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းဝတ်စုံနဲ့ ပထမဆုံးအကြိမ် ပါဝင်ကစားပေးခဲ့ပြီး အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ပွဲကစားချိန် ၇ မိနစ်အတွင်းမှာပဲ ခေါင်းတိုက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေဟာ စမစ် ရိုးအနေနဲ့ ခရာဗင် ကော့တေ့ချ်မှာ ဒီလောက်အထိ မြန်မြန်ဆန်ဆန်နဲ့ အကျိုးသက်ရောက်မှု ပြသနိုင်မယ် မထင်တာကြောင့် အံ့အားသင့်ခဲ့ကြပေမယ့်လည်း သူတို့ရဲ့ ကစားသမားဟောင်း ကောင်းကောင်း ကစားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူနေကြပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဖူလ္ဟမ္အသင္းဟာ တနလၤာေန႔ညကကို လာလီဂါကလပ္ ဆီဗီလာနဲ႔ ကစားခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲစဥ္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း အာဆင္နယ္ကေန အသစ္ေခၚယူထားတဲ့ စမစ္ ႐ိုးက ပြဲဦးထြက္မွာ ေခါင္းတိုက္သြင္းဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။
အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ေပါင္ ၃၄ သန္းအထိ ျမင့္တက္ႏိုင္တဲ့ သေဘာတူညီမႈနဲ႔ ဖူလ္ဟမ္ကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ေဟးအမ္းအကယ္ဒမီထြက္ကစားသမားက ကစားသမားဘဝတေလွ်ာက္လုံးကို အမ္းမရိတ္စ္မွာ ကုန္ဆုံးခဲ့သူျဖစ္ပါတယ္။
အဂၤလန္ကြင္းလယ္ကစားသမားဟာ အာဆင္နယ္မွာ ေအာင္ျမင္မႈေတြ ရယူခ်င္ခဲ့ေပမယ့္လည္း အာတီတာရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ပုံမွန္ပါဝင္ခြင့္မရရွိခဲ့တဲ့ေနာက္ ပုံမွန္ပြဲကစားခ်ိန္ရရွိဖို႔အတြက္ အသင္းေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
စမစ္ ႐ိုးဟာ တနလၤာေန႔ညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ဖူလ္ဟမ္အသင္းဝတ္စုံနဲ႔ ပထမဆုံးအႀကိမ္ ပါဝင္ကစားေပးခဲ့ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားဟာ ပြဲကစားခ်ိန္ ၇ မိနစ္အတြင္းမွာပဲ ေခါင္းတိုက္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ပရိသတ္ေတြဟာ စမစ္ ႐ိုးအေနနဲ႔ ခရာဗင္ ေကာ့ေတ့ခ်္မွာ ဒီေလာက္အထိ ျမန္ျမန္ဆန္ဆန္နဲ႔ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္မယ္ မထင္တာေၾကာင့္ အံ့အားသင့္ခဲ့ၾကေပမယ့္လည္း သူတို႔ရဲ႕ ကစားသမားေဟာင္း ေကာင္းေကာင္း ကစားႏိုင္ခဲ့တဲ့အတြက္ ဂုဏ္ယူေနၾကပါတယ္။
Arsenal Myanmar
Ref: Internet