ylliX - Online Advertising Network
“Remote Worker တွေအတွက် မဖြစ်မနေလိုအပ်မယ့် Tools (၇)ခု” - AMC HACKS

“Remote Worker တွေအတွက် မဖြစ်မနေလိုအပ်မယ့် Tools (၇)ခု” – AMC HACKS


ကိုဗစ်ကာလနောက်ပိုင်းကစလို့ Work From Home အလုပ်တွေ၊ Remote လုပ်ကိုင်တာတွေကို ပိုစိတ်ဝင်စားလာကြသလို လက်ရှိ Remote လုပ်ကိုင်တဲ့လူငယ်တွေလည်း အများကြီးရှိပါတယ်။ အလုပ်မှာ တဦးတယောက်ချင်းစီဆောင်ရွက်နိုင်တာတွေရှိသလို အဖွဲ့လိုက်ဆွေးနွေးလုပ်ဆောင်ဖို့ လိုအပ်တာတွေလည်း မဖြစ်မနေရှိပါတယ်။ ဒီအတွက် Remote လုပ်ကိုင်ရာမှာ သေချာပေါက်လိုအပ်မယ့် Tools တွေကိုစုစည်းပေးထားပါတယ်။

၁။ Google Drive

တဦးကနေတဦး စာရွက်စာတမ်းဖိုင်၊ ဗီဒီယိုဖိုင်၊ ဓာတ်ပုံ၊ အသံဖိုင် အစရှိတာတွေအားလုံးကို အလွယ်တကူ လွှဲပြောင်းဆောင်ရွက်တာတွေလုပ်နိုင်ပါတယ်။ အဖွဲ့ဝင်တွေနဲ့ အတူပူပေါင်းလုပ်ဆောင်တာတွေမှာလည်း သေချာပေါက်လိုအပ်မယ့် Tool ဖြစ်ပါတယ်။ အွန်လိုင်းကနေ အချိန်နဲ့တပြေးညီ လုပ်ငန်းဆောင်ရွက်တာ၊ ဆွေးနွေးတိုင်ပင်တာတွေလုပ်ဆောင်နိုင်စေပါတယ်။

၂။ Slack

ချယ်နယ်တွေကို အသုံးပြုပြီးတော့ အဖွဲ့ဝင်တွေနဲ့ အလုပ်တွေကိုစနစ်တကျ စီမံနိုင်မယ့် Tool တခုဖြစ်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်ချက်၊ ဆွေးနွေးခန်းတွေပြုလုပ်နိုင်တယ်။ စာရွက်စာတမ်းဖိုင်တွေ၊ ဗီဒီယို၊ ဓာတ်ပုံတွေကိုမျှဝေဖို့ရာ အသုံးပြုနိုင်ပါတယ်။ Google Drive နဲ့လည်း ချိတ်ဆက်လုပ်ဆောင်နိုင်ပါတယ်။

၃။ Zoom

အွန်လိုင်းပေါ်ကနေ အစည်းအဝေးပြုလုပ်ဖို့အတွက် မဖြစ်မနေလိုအပ်မယ့် Tool တခုဖြစ်ပါတယ်။ Breakout Rooms တွေဖွဲ့ကာ အဖွဲ့လိုက်စကားပြောခန်းပြုလုပ်နိုင်ခြင်း၊ Screen Sharing, Recording တို့ပြုလုပ်နိုင်ခြင်း၊ လူအများကြီးကို တနေရာတည်း တချိန်တည်းမှာ စုစည်းစီမံခန့်ခွဲနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

၄။ LastPass

အလုပ်နဲ့ဆိုင်တဲ့ Account, Passwords တွေကိုတနေရာတည်းမှာ စနစ်တကျသိမ်းဆည်းပေးနိုင်မယ့် Tool တခုဖြစ်ပါတယ်။ မလိုအပ်တဲ့ Password ‌မေ့တဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်း၊ အကောင့်တွေကို အလွယ်တကူ Log in ဝင်နိုင်ခြင်းတို့ကြောင့် မဖြစ်မနေလိုအပ်မယ့် Tool တခုပါပဲ။

၅။ Notion

အဖွဲ့လိုက်ပရောဂျက်တွေကို စီမံခန့်ခွဲဖို့အတွက် ဖြစ်ပါတယ်။ လုပ်ငန်းခွင်တခုလုံးရဲ့ လုပ်ဆောင်ချက်တွေကို Schedule ဆွဲပေးခြင်း၊ Deadline သတ်မှတ်ခြင်း၊ Tasks ‌တွေခွဲဝေပေးခြင်း၊ Online ကနေတဦးချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

၆။ Magical AI

အီးမေးလ်ပို့ရာမှာ ကူညီပေးနိုင်မယ့် Tool တခုဖြစ်ပါတယ်။ အီးမေးလ်ရေးသားတဲ့နေရာမှာ ပိုမိုကောင်းမွန်အောင်၊ ဆီလျော်အောင် ပြင်ဆင်ရေးသားပေးနိုင်ပါတယ်။ အချိန်ကုန်သက်သာအောင် Shortcuts တွေလည်းပြုလုပ်ပေးနိုင်ပါတယ်။

၇။ TeamViewer

နောက်ဆုံးတခုကတော့ အဖွဲ့ဝင်တွေရဲ့ လက်တော့ပ်တွေကိုပါ ဝင်ရောက်စီမံပေးဖို့ အသုံးချနိုင်မယ့် Tool တခုဖြစ်ပါတယ်။ အဝေးက လက်တော့ပ်ထဲက ဖိုင်တွေဝင်ယူဖို့ဖြစ်စေ၊ လုပ်ငန်းဆောင်တာမှာ အဝေးကနေလှမ်းပြီးတော့ ကူညီပေးနိုင်ဖို့ဖြစ်စေ ဒီ Tool လေးကို အသုံးချနိုင်ပါတယ်။

အဆင်ပြေပါစေခင်ဗျာ။

AMC HACKS



Source link

Leave a Reply

Your email address will not be published. Required fields are marked *