ဒီနေ့တော့ ပြည်ပထွက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတို့အတွက် အမှန်တကယ် အသုံးဝင်မယ့် App လေးတခုနဲ့မိတ်ဆက်ပေးပါမယ်။ အထူးသဖြင့် ထိုင်းရောက်မြန်မာတို့အတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်ဗျ။ နိုင်ငံတော်တော်များများမှာက English Language နဲ့ပဲအဆင်ပြေပြေဆက်သွယ်နိုင်ကြတယ်ဆိုပေမယ့် ထိုင်းမှာတော့ English Language ကိုလည်းသိပ်မသုံးကြဘူးဆိုတော့ တခုခုဆို ဘာသာစကား အခက်အခဲရှိမှာပါပဲ။ ဒီအတွက် Voice Translator (All Languages) ဆိုတဲ့ App လေးကိုသုံးကြည့်ပါ။ ဒီ App လေးထဲမှာ မြန်မာဘာသာစကားအပါအဝင် နိုင်ငံတကာရဲ့ဘာသာစကားအားလုံးကို Voice Translate လုပ်ပေးနိုင်ပါတယ်။ ကိုယ်ပြောမယ့်ဘာသာစကားနဲ့ ပြောင်းချင်တဲ့ဘာသာစကားကိုရွေးချယ်ပြီးတာနဲ့ အလွယ်တကူ Voice Translate လုပ်ပေးနိုင်တယ်။ ဥပမာ မြန်မာလို ထမင်းစားပြီးပြီလား လို့ပြောလိုက်ရင် ထိုင်းဘာသာစကားနဲ့ အသံထွက်ပြီးပြောပေးမှာဖြစ်ပါတယ်။ စကားမပြောချင်လို့ စာရိုက်ပေးလိုက်ရင်လည်း အသံနဲ့ပဲ ပြန်ပြောပေးမှာပါ။ ထိုင်းဘာသာစကားကို အဓိကထားပြီး […]
Project Management ကို ပိုင်ပိုင်နိုင်နိုင် လုပ်ပေးနိုင်တဲ့ ClickUp နဲ့ Notion တို့ကို နှိုင်းယှဉ်ကြည့်လိုက်ရင် တူညီတဲ့အချက်တွေ များစွာရှိပါတယ်။ ဒီ application နှစ်ခုစလုံးက တစ်ဦးတစ်ယောက်ချင်းစီအတွက်ပဲ ဖြစ်စေ အဖွဲ့လိုက်အတွက်ပဲ ဖြစ်စေ productivity တက်စေဖို့ရာအတွက် ရည်ရွယ်ပါတယ်။ နှစ်ခုစလုံးက ပြောင်းလွယ်ပြင်လွယ်ပြီးတော့ ကိုယ့်ရဲ့ workflow နဲ့ ကိုက်ညီဖို့ရာအတွက်လည်း အလွယ်တကူပြုပြင်လို့ ရပါတယ်။ Notion ထက်စာရင် Clickup ကို ရွေးချယ်သင့်တဲ့အချက်တွေက – ClickUp ရဲ့ feature set တွေက Notion ထက် သိသိသာသာပိုမိုကျယ်ပြန့်ပြီးတော့ calendar၊ time tracking၊ screen recording နဲ့ စာတိုအမြန်ပို့ပေးတာတွေ ပါဝင်ပါတယ်။– Clickup က ကိုယ်ပိုင် […]
အင်တာနက်ရဲ့ အရင်က ဘုရင်ဟောင်း Yahoo က AI သတင်းစုစည်းမှုကုမ္ပဏီကို ၀ယ်ယူထားကြောင်း အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။ အဆိုပါကုမ္ပဏီ Artifact ကို Instagram တည်ထောင်သူ Kevin Systrom နဲ့ Mike Krieger တို့မှ စတင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဝယ်ယူမှုဟာ ၎င်းရဲ့ပထမဆုံး AI ဝယ်ယူမှုဖြစ်ကြောင်း Yahoo မှ Quartz သို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်ကအတူနီးနီးကပ်ကပ် ယှဉ်ပြိုင်ခဲ့ကြတဲ့ပြိုင်ဘက် များဖြစ်ကြတဲ့ Google နဲ့ Microsoft တို့ကတော့ AI ကို နှစ်ပေါင်းများစွာ ဝါးမျိုနေခဲ့တာပါ။ Artifact ရဲ့နည်းပညာကို Yahoo ကွန်ရက်တစ်လျှောက် အထူးသဖြင့် Yahoo News မှာ အသုံးပြုမှာဖြစ်ပါတယ်။ သတင်းပလက်ဖောင်းမှာ AI ကိုအသုံးပြုခြင်းဟာ သုံးစွဲသူများရဲ့ နှစ်သက်မှုများအပေါ်အခြေခံပြီး သတင်းများကို […]
ဒီနေ့တော့ AI အကူအညီနဲ့ ဗီဒီယိုတွေဖန်တီးဖို့ရာအတွက် ပေါ်ပြူလာအဖြစ်ဆုံး Tool တွေထဲက Luman5 နဲ့ Invideo ဆိုတဲ့ Tool နှစ်ခုကိုယှဥ်ကြည့်ကြရအောင်..! သူတို့နှစ်ခုလုံးက AI-powered Video Creation Tool တွေဖြစ်ပေမယ့် User တွေရဲ့ အဓိက အသုံးချချင်တဲ့နေရာအပေါ်မူတည်ပြီးတော့မှလည်း ဘယ်ဟာကိုသုံးသင့်တယ်၊ ကိုက်ညီတယ်ဆိုတာကို ရွေးချယ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီအတွက် အဓိကကျတဲ့ အချက် (၃)ချက်နဲ့ ယှဥ်ကြည့်မယ်။ (၁) စွမ်းဆောင်ရည် Luman5 – စာသားတွေကနေ ဗီဒီယိုအဖြစ်အလွယ်တကူပြောင်းပေးနိုင်ပါတယ်။ ဘလော့ပို့စ်တွေ၊ ဆောင်းပါးတွေကို ဗီဒီယိုအဖြစ်ပြောင်းချင်တာမျိုးတွေမှာ သုံးရလွယ်တယ်။ Video editing စကေးတွေ ဘာတွေမလိုဘူး။ Templates, Stock photos, videos, music တွေလည်းပေးထားပါတယ်။ Invideo – Script တွေကို […]
ကိုယ်ပိုင် Facebook Page ရှိတဲ့သူတွေ၊ ကိုယ့် Page ကိုစနစ်တကျ Boost လုပ်ချင်သူတွေ၊ ပုံမှန်အားဖြင့် Page ထဲက Boost ခလုတ်ကိုပဲနှိပ်ပြီးတော့ ကြော်ငြာနေတဲ့သူတွေအနေနဲ့ Boost ခလုတ်အစား Ads Manager App ကိုသုံးပြီးတော့ ကြော်ငြာကြည့်ပါ။ ဒေါ်လာဈေးတွေတက်နေချိန်မှာ ထိရောက်စွာကြော်ငြာနိုင်ဖို့ဖြစ်ပါတယ်။ Facebook မှာ Boost လုပ်ပြီးတော့ကြော်ငြာတယ်ဆိုတာကိုတော့ ကြားဖူးကြမှာပါ။ ကိုယ်ပိုင် ဖေ့ဘုတ်ပေ့ချ်ကို ကိုယ်တိုင် Boost လုပ်နေကြတဲ့သူတွေလည်းရှိပါတယ်။ Ads Manager App မှာတော့ ကြော်ငြာဖို့အတွက် အဆင့်တွေအများကြီးပိုလုပ်ရတယ်၊ ကြော်ငြာရလဒ်တွေကိုလည်း ပိုကောင်းစေပါတယ်။ Ads Manager ထဲမှာဆိုရင် —– ၁။ ကြော်ငြာကမ်ပိန်းတွေကို စနစ်တကျဆောက်လို့ရတယ်။ လူသိများဖို့အတွက်လား၊ ပို့စ်ကို Like, Comment, Share များဖို့အတွက်လား၊ […]
TikTok မှာ Creative ဖြစ်တဲ့ဗီဒီယိုတွေဖန်တီးဖို့အတွက် အခုပြောမယ့် Tool (၃)ခုရှိရင်ရပြီ။ အကုန်လုံး Free သုံးလို့ရတယ်ဆိုတော့ စမ်းကြည့်ကြည့်ပါ။ ၁။ Pinterest (Free Videos/Photos) – ပုံတွေ၊ ဗီဒီယိုကလစ်အတိုလေးတွေလိုချင်ရင် Pinterest ကနေရှာပါ။ ဖေ့ဘုတ်မှာတွေ့နေရတဲ့ ကြောင်ဟာသတွေ၊ အလွဲဗီဒီယိုအတိုလေးတွေ၊ ဇာတ်ကားထဲကဖြတ်ပိုင်းအတိုလေးတွေ စသဖြင့် လိုချင်တာအားလုံးကို Pinterest ထဲမှာရှာလို့ရပါတယ်။ ဇာတ်လမ်းထဲက ဖြတ်ပိုင်းအတိုလေးတွေကအစ ရှာလို့ရတာတော့ အကြိုက်ဆုံးပဲ။ ၂။ Hypic (Photo Template) – ကုန်ပစ္စည်းကြော်ငြာဖို့အတွက်ဖြစ်စေ၊ ပုံလှလှတွေဖန်တီးဖို့ဖြစ်စေ Hypic မှာ Template တွေစုံစုံလင်လင်ရနိုင်ပါတယ်။ လူကြိုက်များ၊ ခေတ်စားတဲ့ Template တွေမို့ အသုံးတည့်ပါလိမ့်မယ်။ ကော်ဖီဆိုင် mini vlog ဖန်တီးချင်တဲ့သူတွေအတွက် အတော်မိုက်မယ်။ ၃။ Capcut […]
Small Business owners, Marketers တွေအတွက် Engaging ဖြစ်တဲ့ Video Content တွေကို အချိန်တိုတွင်းဖန်တီးတတ်ချင်တယ်ဆိုရင် Animoto ဆိုတဲ့ Web-based tool လေးက အကူအညီဖြစ်စေမှာ သေချာပါတယ်။ မိနစ်ပိုင်းအတွင်းမှာ စိတ်ဝင်စားစရာကောင်းမယ့် Product Video တွေကိုဖန်တီးပေးနိုင်မယ့် Tool တခုဖြစ်လို့ စမ်းသုံးကြည့်ဖို့ ညွှန်ပေးလိုက်ပါတယ်။ Animoto ထဲမှာဆိုရင် —– – ကိုယ့်ရဲ့ Product ဓာတ်ပုံတွေနဲ့ လူတွေစိတ်ဝင်စားတဲ့ ဗီဒီယိုတပုဒ်ဖြစ်အောင် အချိန်တိုတွင်းမှာ အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် Publish လုပ်မယ့် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ Ratio တွေနဲ့အညီ ရွေးချယ်ဖန်တီးနိုင်ပါတယ်။ – စိတ်တိုင်းကျ ပြန်လည်ပြုပြင်နိုင်မယ့် Professional Templates တွေကိုအစုံအလင်ပေးထားပါတယ်။ Business အတွက်၊ Marketing […]
ဒီနေ့တော့ LinkedIn Account ရှိပြီးသားသူတွေရော၊ မရှိသေးတဲ့သူတွေအတွက်ရော LinkedIn ကိုအသုံးချပြီးတော့ အခွင့်အလမ်းကောင်းတွေရှာနိုင်မလဲ၊ ဘယ်လိုအားသာချက်တွေရနိုင်မလဲဆိုတာကိုမျှဝေပေးထားပါတယ်။ ▪️အလုပ်ရှာဖို့/ အလုပ်ခန့်အပ်ဖို့——————————-အလုပ်အကိုင်ကောင်းတွေရှာဖို့၊ Professional တွေဆီမှာအလုပ်အပ်ဖို့အတွက်ဆိုရင် LinkedIn ပလက်ဖောင်းက အကျိုးရစေမှာအသေအချာပါပဲ။ အလုပ်ရှာဖွေသူဆိုရင်လည်း ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံ၊ ကိုယ့်ရဲ့စကေးတွေကို အပြည့်အစုံဖော်ပြထားနိုင်တာကြောင့် အလုပ်ရှာဖွေရလွယ်ကူနိုင်သလို၊ အလုပ်အပ်သူအနေနဲ့လည်း Professional တွေကို ပရိုဖိုင်တွေကနေနဆင့် အသေးစိတ်လေ့လာနိုင်တာဖြစ်လို့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးစွာအသုံးချနိုင်မှာပါ။ ▪️လူမှုကွန်ယက်ချဲ့ဖို့———————နိုင်ငံခြားကနေအလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိဖို့အတွက် အသုံးချနိုင်တယ်။ Professional တွေအနေနဲ့ ကိုယ့်ရဲ့ပရိုဖိုင်ကိုသာ သေချာဆောက်ထားမယ်ဆိုရင် ပြည်တွင်းမှာသာမက နိုင်ငံခြားကုမ္ပဏီတွေ၊ အလုပ်ရှင်တွေကနေ အလုပ်ကမ်းလှမ်းတာတွေ ရရှိနိုင်ပါတယ်။ ▪️လုပ်ငန်းချဲ့ဖို့/ကြော်ငြာဖို့—————————လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကြော်ငြာဖို့၊ လုပ်ငန်းချဲ့ဖို့ရာအတွက်လည်း အသုံးချနိုင်ပါတယ်။ Business Page ထောင်တာ Content marketing လုပ်တာအတွက် အသုံးချနိုင်တယ်။ LinkedIn ပလက်ဖောင်းမှာဆိုရင် Branding ဆောက်ဖို့၊ […]
submitted by /u/indig0sixalpha [comments] Source link
The Walking Dead: Daryl Dixon Recap: [Spoiler] Meets a Grisly End — Plus, ‘Paris, We Have a Problem’
The Walking Dead: Daryl Dixon Season 2 Episode 5 Recap: [Spoiler] Dies ad Source link