အိန္ဒိယမှာ Snapdragon 4s Gen 2 ပါတဲ့ ပထမဆုံးဖုန်းကို ကြေညာလိုက်ပါတယ်။ Redmi A4 5G လို့ အမည်ပေးထားပြီး ဒေါ်လာ ၁၂၀ အောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ တန်ဖိုးအနည်းဆုံး 5G စမတ်ဖုန်း ဖြစ်လာပါတယ်။
Redmi A4 5G ရဲ့ ဒီဇိုင်းဟာ Redmi 14R , Redmi 14C နဲ့ တူညီပြီး 50MP Main ကင်မရာ ပါတဲ့ ကြီးမားတဲ့ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပါတယ်။
Xiaomi India ရဲ့ ဥက္ကဌ Muralikrishnan B က “ အိန္ဒိယမှာ စမတ်ဖုန်း ရောင်းချနေတာ ၁၀ နှစ်ပြည့်သွားပြီ ဖြစ်ပြီး Redmi A4 5G ဟာ အိန္ဒိယ နိုင်ငံသားတိုင်းကို အဆင့်မြင့် နည်းပညာ ပေးချင်တဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံအတွက် အထူး ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ဒီဖုန်းဟာ အိန္ဒိယရဲ့ 5G အသွင်ကူးပြောင်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။ စွမ်းရည်နိမ့် တန်ဖိုးနည်းဖုန်းမှာ 5G ဆက်သွယ်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။
Xiaomi က Redmi A4 5G ရဲ့ Specs အပြည့်အစုံကို မပြောသေးပေမယ့် 6.7” LCD HD+ Display နဲ့ 90Hz Refresh Rate ပါလာနိုင်ပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး 18W Charging ပါတဲ့ 5,000mAh Battery ပါလာနိုင်ပါတယ်။
Ref : gsmarena
Share This Story, Choose Your Platform!
Go to Top