ဒီနေ့တော့ အွန်လိုင်းကနေ ကုန်ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြီးကြော်ငြာတဲ့အခါ ပုံလှလှလေးတွေရရှိဖို့ အသုံးပြုသင့်တဲ့ Tool လေးတခုအကြောင်းပြောပြမယ်။ နာမည်ကတော့ Pixelcut လို့ခေါ်ပါတယ်။ အွန်လိုင်းကနေ ဈေးရောင်းတဲ့သူတွေအတွက် အတော်အတန် အသုံးဝင်မယ့် Tool တခုလည်းဖြစ်ပါတယ်။
Pixelcut ထဲမှာဘာတွေလုပ်လို့ရလဲဆိုရင်
▪️ဓာတ်ပုံတွေရဲ့ နောက်ခံ Background ကိုဖယ်ထုတ်ပေးနိုင်ပြီးတော့ အစားထိုး ပြောင်းထည့်နိုင်ပါတယ်။ မိတ်ဆွေက အွန်လိုင်းကနေ ဖိနပ်ရောင်းတဲ့သူဆိုပါစို့။ ဖိနပ်ပုံတွေကို ရိုက်ပြီးတဲ့အခါ နောက်ခံမှာ မလိုချင်တဲ့အရာတွေကို Pixelcut နဲ့ဖယ်ထုတ်ပေးနိုင်တယ်။ နောက်ခံတခုလုံးကို ဖယ်ပြီးတော့ အစားထိုး အရောင်ကာလာတွေပြောင်းထည့်ပေးနိုင်ပါတယ်။
▪️AI ကိုသုံးပြီးတော့ နောက်ခံတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ပါတယ်။ ဥပမာ – ဖိနပ်ပုံကိုထည့်ပြီးတော့ AI နဲ့ Background ထည့်မယ်ဆိုရင် ဖိနပ်ကိုခုံပေါ်မှာတင်ထားသလိုဖန်တီးပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ထည့်လိုက်တဲ့ ပုံနဲ့လိုက်ဖက်ညီအောင် ပြောင်းပေးနိုင်တယ်။
▪️ဓာတ်ပုံတွေကို ကြည်လင်ပြတ်သားအောင် လုပ်ပေးနိုင်ပါတယ်။ ဖုန်းအမျိုးအစားမကောင်းလို့ ဓာတ်ပုံသိပ်မကောင်းဘူး ဆိုရင်လည်း Quality မကောင်းတဲ့ဓာတ်ပုံတွေ၊ ဝါးနေတာတွေကို ၂ဆ ကြည်လင်ပြတ်သားအောင် လုပ်ပေးနိုင်ပါတယ်။
အခုပြောသွားတဲ့ အချက်တွေအကုန်လုံးကို Pixelcut ထဲမှာ အခမဲ့ဝင်သုံးနိုင်ပါတယ်။ Pro Version ဝယ်သုံးမယ်ဆိုရင်တော့ ပိုကောင်းတဲ့ Custom Background တွေကို ဖန်တီးပေးနိုင်လိမ့်မယ်။
ကုန်ပစ္စည်းပုံတွေကို အချိန်တိုအတွင်းမှာ ကိုယ်တိုင်အလွယ်တကူပြုပြင်ဖို့ အသုံးဝင်မယ့် Tool လေးတခုဖြစ်ပါတယ်။
AMC HACKS