ylliX - Online Advertising Network
မောင်တောကို အပြီးအပြတ်သိမ်းမည်ဟု AA ကြွေးကြော်နေသော်လည်း သေဆုံးဒဏ်ရာရသူများလာ၍ နောက် ဆုတ်ထွက်ပြေးဟု ဆို

မောင်တောကို အပြီးအပြတ်သိမ်းမည်ဟု AA ကြွေးကြော်နေသော်လည်း သေဆုံးဒဏ်ရာရသူများလာ၍ နောက် ဆုတ်ထွက်ပြေးဟု ဆို


၁၅.၁၀.၂၀၂၄
Written By Zun

AA က မောင်တောမြို့ကို အပြီးအပြတ်သိမ်းမည်ဟုကြွေးကြော်နေသော်လည်း လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် သေဆုံးဒဏ်ရာရသူများပြားကာ နောက်ပြန်ဆုတ်ထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ထံက သိရသည်။

AA က မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ရင်း-နခခ(၅) ကို ဧတာလျာ၊ ကညင်တန်း၊ ၃ မိုင်၊ ညောင်ချောင်းနှင့် ပန်းတောပြင်ကျေးရွာတို့မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ ဒရုန်းဗုံး ၊ အမြောက်၊ ရှော့တိုက်ဒုံးနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း တပ်မတော် နခခ (၅) က AA ၏ ဒရုန်းများကို ပစ်ချဖျက်စီးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများပြုလုပ်ခဲ့သောကြောင့် ထိုးစစ်ဆင်ခဲ့သည့် AA အဖွဲ့များ သေဆုံးမှုများပြားသည့်အပြင် ဒဏ်ရာများလည်း ရရှိခဲ့သောကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြကြောင်း သိရသည်။

နခခ (၅) သည် မောင်တောခရိုင်တွင် အခိုင်မာဆုံး၊အင်အားအများဆုံး မဆုတ်တမ်းခံတပ် ဖြစ်ကြောင်း လည်း သိရသည်။ ယင်းကို AA က အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ် ဆက်လက်အရှိန်မြှင့်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်နေခြင်းလည်း ဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက် ၆ နာရီခန့်က AA အကြမ်းဖက်သောင်းကျန်းသူများ အထိနာပြီး ဒုတိယအကြိမ် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည့် နောက်ပိုင်းမှစ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခြင်းမရှိ ကြောင်းလည်း တပ်မတော်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များက သိရသည်။

“AA က ၃ ပုံ ၂ ပုံ သေဆုံးဒဏ်ရာ ရရှိခဲ့ပြီး အသက်ရှင်သူတချို့ ပြန်ဆုတ်ခွာသွားရတယ်။ သေဆုံးဒဏ်ရာရသူတွေ နေရာမှာ အင်အားထပ်ဖြည့်တယ်လို့ ကြားရတယ်”ဟုမောင်တောဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

လူမှုကွန်ရက်သတင်းများအရ မြို့သူကြီးတပ်ရင်းအနီးအနားနေရာများအပါအဝင် သုံးမိုင်ပတ်လည်ကို တပ်မတော်က လေကြောင်း တိုက်ခိုက်မှုများပြုလုပ်နေသည့်အပြင် နတ်မြစ်ထဲရှိ တပ်မတော် (ရေ) စစ်သင်္ဘောကြီးများဖြင့်လည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် ရခိုင်ပြည်နယ်၊မောင်တော်မြို့တွင် တပ်မတော်နှင့် AA အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသကဲ့သို့ အမ်းမြို့နှင့် ၅ မိုင်ကျော်အကွာ မီးလောင်ချောင်းရွာအနီးတွင်လည်း AA အဖွဲ့ကို တပ်မတော်စစ်ကြောင်းက ရှင်းလင်းခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ AA အဖွဲ့ နောက်ပြန်ဆုတ်သွား ကြောင်း သိရသည်။

မောင်တောမြို့တွင် AAက အသေအပျောက် အထိအခိုက်များပြား၍ နောက်ဆုတ်ထွက်ပြေးသည့်သတင်းကို AA ဘက်လိုက်မီဒီယာများက ဖော်ပြခြင်း လုံးဝ မတွေ့ရပေ။



Source link

Leave a Reply

Your email address will not be published. Required fields are marked *