နတ်မောက် ၊ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မိုးစပါး YSR-1 မျိုးစေ့ထုတ် စံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ပ-လက္ခုပ္ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ တောင်သူ ဒေါ်ကြည်ကောင်း ကွင်းအမှတ် (၈၃၆) ဦးပိုင်အမှတ် (၁၂၂) (၀ဒသမ ၁၀) ဧက YSR-1 မိုးစပါးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ မိုးစပါးရာသီတွင် ကျောက်တံခါးတမံဆည်ရေကို အသုံးပြုကာ YSR-1 စပါး မျိုးသစ် (၁၃) ဧက စတင်စိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူများ ဝမ်းစာဖူလုံရေးအတွက် စပါးကို သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးသစ်များတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝင်ငွေများ တိုးပွားလာစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေးကောင်းမွန်ကာ ပြည်ပဈေးကွက်များသို့ တိုးချဲ့လာနိုင်စေရေးအတွက် စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မိုးစပါး YSR-1 မျိုးစေ့ထုတ်စံပြကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မိုးစပါး YSR-1 မျိုးစေ့ထုတ်စံပြကွက် (၀ဒသမ ၁၀) ဧကကို ရိတ်သိမ်းခဲ့ရာ အစိုတင်း (၁၄၀) တင်းထွက်ရှိကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost