စစ်ကောင်စီခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ထွက်ပေါ်လာပြီး မကြာခင်မှာပဲ စစ်ဘေးဒဏ်ဆိုးရွားစွာခံ စားနေရတဲ့ ဒေသခံပြည်သူတွေကို ငှဲ့ညှာထောက်ထားတဲ့အနေနဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် စစ်ကောင်စီနဲ့ဆွေး နွေးဖို့အသင့်ရှိကြောင်း ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က နိုဝင်ဘာ ၂၅ ရက် မှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကိုပေးပို့တဲ့သဝဏ်လွှာမှာ စစ်ကောင်စီခေါင်းဆောင်က ယနေ့အချိန်ဟာ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမယ့်အချိန်ဖြစ်တယ်လို့ဆိုခဲ့ပြီး တိုင်းရင်းသားအချင်းချင်းကြားမှာ နားလည်မှုလွဲမှားတာနဲ့ ပဋိပက္ခတွေလျှော့ချကာ တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းနိုင်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
The post TNLA တောင်းဆိုချက်ကို စစ်ကောင်စီ လိုက်လျောမှာလား (ဆောင်းပါး) appeared first on BUR.MIZZIMA.COM.