ylliX - Online Advertising Network
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ် - Property News in Myanmar from iMyanmarHouse.com

သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ် – iMyanmarHouse.com


Caitlyn Marie Jenner ၏ မိန်းမဘဝမခံယူစဉ်က သူ့ နာမည်မှာ William Bruce Jenner ဖြစ်သည်။

Caitlyn သည်အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရပြေးခုန်ပစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တတိယနှင့်နောက်ဆုံးသော အိမ်ထောင်ဖက် Kris Kardashian နှင့် လမ်းခွဲခဲ့သည်။ Kris နှင့်လမ်းခွဲခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာတင် Bruce Jenner ဘဝမှ Caitlyn Marie Jenner အဖြစ် ပြောင်းလဲခဲ့ပြီး မိန်းမဘဝကိုတရားဝင်ခံယူခဲ့ပါသည်။

ကမ္ဘာကျော်မော်ဒယ်များဖြစ်ကြတဲ့ Kendall နဲ့ Kylie ညီအစ်မနှစ်ဦးရဲ့အဖေအရင်းဖြစ်တဲ့ Caitlyn ဟာ Keeping Up with the Kardashians အမည်ရ မိသားစု Reality Show တွင်ပါဝင်လာခဲ့ပြီး Social Media နဲ့ အမေရိကန်ရုပ်သံရပ်ဝန်းတွင် တစ်စတစ်စ နာမည်ရလာခဲ့သည်။

Kardashians မိသားစုပိုင်ဆိုင်သော စံအိမ်များမှာများပြားလှသော်လည်း ထိုထဲကမှရင်သပ်ရှုမောဖွယ်ကမ်းခြေမြင်ကွင်းနဲ့ အိမ်ခြံမြေဈေးကွက်ကြားလူကြိုက်များတဲ့ Malibu ကမ်းခြေမှစံအိမ်ကတော့ ထူးခြားလှပါတယ်။

ပစိဖိတ်ပင်လယ်အပြည့်ရှုခင်းကိုလှမ်းမြင်ရတဲ့ ကျယ်ဝန်းလှသော ထမင်းစားခန်း၊ မိသားစုစားဖိုမှူးချက်ပြုတ်ရာကျယ်ဝန်းသောမီးဖိုချောင်၊ ဧည့်ခန်းအတွင်းနွေးထွေးစေဖို့ မီးလှုံရာမီးဖိုပါဝင်ပြီး ပင်လယ်ကမ်းခြေနဲ့ချိတ်ဆက်ထားတဲ့လှေကားငယ်ပါဝင်ပါတယ်။

အခန်းတွင်းကို နွေးထွေးစေသောနို့နှစ်ရောင်ဆေးသုတ်ထားပြီး ဧည့်ခန်း၊ မာစတာအိပ်ခန်းပါဝင်ပြီး ပင်လယ်ရှုခင်းကိုခံစားရမယ့် အပြင်ဘက် dining area ပါဝင်ပါတယ်။

1950 ခုနှစ်ထဲက ဆောက်လုပ်ထားတဲ့ထိုစံအိမ်ကြီးကို ထပ်ခါထပ်ခါပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာတော့ တစ်လကို ဒေါ်လာ တစ်သောင်းခွဲခန့်ဖြင့် အငှားတင်ခဲ့ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com



Source link

Leave a Reply

Your email address will not be published. Required fields are marked *