ylliX - Online Advertising Network
“LinkedIn ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့” - AMC HACKS

“LinkedIn ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့” – AMC HACKS


ဒီနေ့တော့ LinkedIn Account ရှိပြီးသားသူတွေရော၊ မရှိသေးတဲ့သူတွေအတွက်ရော LinkedIn ကိုအသုံးချပြီးတော့ အခွင့်အလမ်းကောင်းတွေရှာနိုင်မလဲ၊ ဘယ်လိုအားသာချက်တွေရနိုင်မလဲဆိုတာကိုမျှဝေပေးထားပါတယ်။

▪️အလုပ်ရှာဖို့/ အလုပ်ခန့်အပ်ဖို့
——————————-
အလုပ်အကိုင်ကောင်းတွေရှာဖို့၊ Professional တွေဆီမှာအလုပ်အပ်ဖို့အတွက်ဆိုရင် LinkedIn ပလက်ဖောင်းက အကျိုးရစေမှာအသေအချာပါပဲ။ အလုပ်ရှာဖွေသူဆိုရင်လည်း ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံ၊ ကိုယ့်ရဲ့စကေးတွေကို အပြည့်အစုံဖော်ပြထားနိုင်တာကြောင့် အလုပ်ရှာဖွေရလွယ်ကူနိုင်သလို၊ အလုပ်အပ်သူအနေနဲ့လည်း Professional တွေကို ပရိုဖိုင်တွေကနေနဆင့် အသေးစိတ်လေ့လာနိုင်တာဖြစ်လို့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးစွာအသုံးချနိုင်မှာပါ။

▪️လူမှုကွန်ယက်ချဲ့ဖို့
———————
နိုင်ငံခြားကနေအလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိဖို့အတွက် အသုံးချနိုင်တယ်။ Professional တွေအနေနဲ့ ကိုယ့်ရဲ့ပရိုဖိုင်ကိုသာ သေချာဆောက်ထားမယ်ဆိုရင် ပြည်တွင်းမှာသာမက နိုင်ငံခြားကုမ္ပဏီတွေ၊ အလုပ်ရှင်တွေကနေ အလုပ်ကမ်းလှမ်းတာ‌တွေ ရရှိနိုင်ပါတယ်။

▪️လုပ်ငန်းချဲ့ဖို့/ကြော်ငြာဖို့
—————————
လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကြော်ငြာဖို့၊ လုပ်ငန်းချဲ့ဖို့ရာအတွက်လည်း အသုံးချနိုင်ပါတယ်။ Business Page ထောင်တာ Content marketing လုပ်တာအတွက် အသုံးချနိုင်တယ်။ LinkedIn ပလက်ဖောင်းမှာဆိုရင် Branding ဆောက်ဖို့၊ Networking ဆောက်ဖို့၊ Profession အတွက်သုံးကြတာဖြစ်ဖို့ လုပ်ငန်းကြော်ငြာ ဖို့အတွက်လည်း ထိရောက်စေမှာသေချာပါတယ်။

နောက်ဆုံးပြောရရင်တော့ ကိုယ့်ရဲ့ပရိုဖိုင်ကိုသေချာဆောက်ထားပါ။ နယ်ပယ်တူ ပရော်ဖက်ရှင်နယ်တွေနဲ့ Connect လုပ်ပါ။ Google တို့ Learning Website တို့က သင်တန်းတက်ထားတဲ့ Certificate တွေရှိရင်လည်း ကိုယ့်ရဲ့ပရိုဖိုင်မှာ ဖော်ပြထားပါ။ အကူအညီဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

AMC HACKS



Source link

Leave a Reply

Your email address will not be published. Required fields are marked *