RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ “တိုင်းရင်းသားလက်နက်ကိုင်များမပါသော မြေပြန်တိုက်ပွဲများအတွင်း ပုလဲမြို့သိမ်းတိုက်ပွဲသည် အကြီးဆုံးလို့ ပြောရမှာပါ။ အရင်ကတိုက်ပွဲတွေလိုက်ဖူးတယ် ဒီလောက်ဘယ်ကြီးမလဲ ပစ်ပြေးတယ်၊ စခန်းသိမ်းနိုင်တယ်ဆိုလည်း သိမ်းပြီးပြန်ဆုတ်ရတယ်။ အခုဟာက လေကြောင်းတိုက်ခိုက်မှုက တော်တော်ကြမ်းတာ၊ ပြီးတော့ ရက်ကြာတယ်လို့လဲ ပြောရတယ်။ ပုလဲမြို့နယ်ထဲမှာတော့ အကြီးဆုံးတိုက်ပွဲပါ” ဟု ပုလဲမြို့နယ်ဒေသတွင်းမှ ပြည်သူတဦးက ပြောပြထားသည်။ ပုလဲမြို့သိမ်းတိုက်ပွဲ ၄ ရက်အတွင်း […]
RNA_နိုဝင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်မှုကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း သိရသည်။ ပုလဲမြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဥဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရ BNRA ရဲဘော် ၁၀ ဦး၊ GZA မှ ၁ ဦး […]
RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော “နတ်မိကျောင်း စစ်ဆင်ရေး”အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link