ylliX - Online Advertising Network

Work From Home Journey – Spiceworks Myanmar

ကျွန်မကတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်နေသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ကျွန်မအလုပ်လုပ်ကိုင်နေသော ကုမ္ပဏီမှာ ကျွန်မအလုပ်စဝင်သောအချိန်ကတော့ Onsite ပတ်ဝန်းကျင်ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ အခြေအနေတစ်ခုကြောင့် Work from home ခရီးကိုစတင်လျှောက်လှမ်း လာခဲ့ရပါတယ်။ လျှောက်လှမ်းလာသော ခရီးရဲ့ အ‌တွေ့အကြုံများကို မျှဝေတင်ဆက်ပေးချင်ပါတယ်ရှင့်။ ကျွန်မတို့ ကုမ္ပဏီဟာဆိုရင် အခုလက်ရှိအထိ Work from home ခရီးကိုပဲ ဆက်လက်လျှောက်လှမ်းလျက်ရှိပါတယ်။ အရင်ကတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သော ကိုဗစ်-၁၉ ကြောင့် အိမ်မှာနေပြီးအလုပ်လုပ်ကိုင်ရသော အခြေအနေကို ရောက်ရှိခဲ့ရပါတယ်။ Work from home စတုန်းက အခက်အခဲတွေက ဘာတွေလဲ။အလုပ်ကို တစ်ခါမှ အိမ်ကနေ မလုပ်ကိုင်ဖူးတဲ့အတွက် စိုးရိမ်မှုလေးတွေတော့ ရှိပါတယ်။ အဆင်မှပြေပါမလား၊ လုပ်မှလုပ်နိုင်ပါမလားဆိုတဲ့ အတွေးတွေကတော့ ပထမဖြစ်မိတာပေါ့‌နော်။ ဒါပေမယ့်လည်း စတင်ပြီး […]

စိတ်အကြည်ဓာတ်ကို ဘယ်လိုထိန်းမလဲ | HapEye.net

စိတ်အကြည်ဓာတ်ကို Good Vibe လို့ သုံးကြတယ်။ ကိုယ့်ရဲ့စိတ်က ကြည်လင်နေတယ်၊ ရှင်းလင်းနေတယ်၊ အေးချမ်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။ ဒီနေ့ခေတ်မှာ ခေတ်မီတိုးတက်မှုတွေနဲ့အတူ လူတွေရဲ့ လိုအင်ဆန္ဒတွေများလာကြတယ်။ ဘာလုပ်လုပ် အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လုပ်ဖို့ထက် ခပ်လောလော၊ ခပ်ပြာပြာ လုပ်လာကြတယ်။ တစ်ယောက်ကို တစ်ယောက် မေတ္တာထားဖို့ထက် ကိုယ့်ရဲ့ အတ္တတွေကို ရှေ့တန်းတင်လာကြတယ်။ ယှဉ်ပြိုင်မှုတွေဟာ ကောင်းမွန်တဲ့ ယဉ်ပြိုင်ပုံကနေ သူတစ်ပါးကို နင်းချတဲ့ ယှဉ်ပြိုင်ပုံတွေ ပြောင်းလာတယ်။ ဒီလိုနဲ့ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်ဟာ အဆိပ်အတောက်တွေများလာပြီး နေ့စဉ်ဘဝမှာ အကြည်ဓာတ်ကို ထိန်းထားဖို့ ခက်ခဲလာတယ်။ ဒီတော့ အကြည်ဓာတ်ကို ဘယ်လိုထိန်းရမလဲ။ အဖြေကတော့ ကိုယ့်ဆီမှာပဲ ရှိပါတယ်။ တစ်ခြားသူက ကိုယ့်ကို ရန်လိုလာတဲ့အခါ ဒါဟာ ရန်လိုတဲ့ သူရဲ့ စိတ်ထဲက […]

[AGPL does not close deals for you]

Simple Sharing Page A clean, simple landing page with an embedded HTML5 audio player (and audio cards for Twitter and Facebook). Embeddable Audio Player Paste this code to embed an HTML5 audio player with controls. Download URL Useful if you want to create a direct download link, embed in your own player, post from another […]

ကျန်းမာကြံ့ခိုင်စေဖို့ရာ ကိုယ်လက် လှုပ်ရှားကစားပါ | HapEye.net

”ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဟူသော စကားရပ်၏ တန်ဖိုးသည် နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယ ထူပြောလာချိန်တွင်မှ ပေါ်လွင်လာလေ့ ရှိသည်။ လူအများစုအဖို့ နေထိုင်ကောင်းချိန်၊ ကျန်းမာရေး ကောင်းမွန်လာချိန်တွင် ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို အမှတ်တမဲ့ ဖြစ်နေလေ့ရှိသည်။ ဖျားနာကာ ရောဂါဘယဖြစ်ပွား၍ မထနိုင် မသွားနိုင်၊ မစားနိုင် မသောက်နိုင်ဖြစ်ချိန်မှ ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို သတိရကြသည်။ တစ်နည်းအားဖြင့် လူဖြစ်ရှုံးသွားရနိုင်သည်။ ထို့ကြောင့် ရခဲလှသော လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်ရန်၊ လူဖြစ်မရှုံးစေရန် အခြေခံလိုအပ်ချက်သည် ကျန်းမာရေး ကောင်းမွန်ခြင်း၊ ကြံ့ခိုင်ဖျတ်လတ် သွက်လက်ခြင်းတို့ ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်သည်။ သို့မှသာ အကောင်းဆုံးသော အရာများ၊ အောင်မြင်မှုများကို ရယူဆွတ်ခူးနိုင်ပြီး ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မြန်မာစကားတွင် ”အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်”ဟူ၍ရှိပါသည်။ မိမိအသက်ခန္ဓာ၏ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းအတွက် ဉာဏ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု […]

ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခြင်း | HapEye.net

ဒီမေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိဖူးလား။ ဘာလို့ င့ါဘဝကြီးက အဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရတာလဲ။ မေးဖူးတယ်ဆိုရင် ဒီဆောင်းပါးကသင့်အတွက်ပါ။ ဒီနေ့ခေတ်ဟာ အရင်ခေတ်တွေတုန်းကနဲ့မတူပဲ တိုးတက်မှုတွေ မြန်ဆန်လာပါတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ တစ်ကမ္ဘာလုံးက သူတွေနဲ့ ချိတ်ဆက်လို့ရမယ့် Facebookလိုမျိုး Social Mediaတွေ ပေါ်လာတယ်။ အင်တာနက် ဖွင့်လိုက်ရုံနဲ့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေသမျှ သတင်းတွေကို စက္ကန့်ပိုင်းအတွင်း ကြည့်လို့ရလာတယ်။ နည်းပညာတိုးတက်မှုရဲ့ ကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ အချိန်ကုန်သက်သာပြီး ဘာမဆို မြန်မြန်ရလာတာပါပဲ။ ဒါပေမယ့် အဲ့ဒီရဲ့ အခြားတစ်ဖက်မှာ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေက တွဲပြီးပါလာပါတယ်။ အချိန်နဲ့အမျှ သတင်းတွေ ကြည့်လို့ရနေတယ်။ စက္ကန့်မလပ် လူတိုင်းနဲ့ ဆက်သွယ်လို့ ရလာတယ်။ ဒီအခါ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ပြင်ပက အကြောင်းအရာတွေနဲ့ ပြည့်နှက်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတာအလွန်နည်းပါးလာပါတယ်။ […]

KBZPay Market တွင် “9.9 Super Sale” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ – KBZPay

၁) KBZPay Market တွင် “9.9 Super Sale” Campaign သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့  မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ အထိ ဖြစ်ပါသည်။ “9.9 Super Sale” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။ ၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  […]