ylliX - Online Advertising Network

မြင်းခြံတွင် စစ်တပ် စစ်ကြောင်းထိုးလာ၍ PDF နှင့် တိုက်ပွဲ ပြင်းထန်နေ  – Myanmar Now

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး တော်လှန်ရေးအင်အားစုလှုပ်ရှားသည့် ကျေးရွာများကို နိုဝင်ဘာ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် သီတင်းတစ်ပတ်ကြာ တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံ ခရိုင်တပ်ရင်းများက မြင်းခြံမြို့ကို မြို့အရှေ့တောင်ဘက် ကူရွာ၊ ကွမ်းစိုက်၊ ချေဆေး စသောကျေးရွာများအနီးမှ ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ရေးဗျူဟာကျသည့် မြင်းခြံ-တောင်သာ-မလှိုင်-မိတ္ထီလာလမ်းကို ကြားဖြတ်ပိတ်ဆို့ထားခဲ့သည်။ လက်နက်ကိုင် အင်အားရာဂဏန်းရှိသည့် ထိုစစ်ကြောင်းတွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ်  ပျူစောထီးအဖွဲ့များ ပါဝင်သည်ဟု သိရသည်။  သီတင်းပတ်တစ်ခုကြာပြီဖြစ်သည့် အဆိုပါတိုက်ပွဲများအတွင်း နိုဝင်ဘာ ၁၄ ရက်မှအပ  တိုက်ပွဲပြင်းထန် ခဲ့ကြောင်း၊  ယနေ့ (နိုဝင်ဘာ ၁၈) တွင် စစ်ကောင်စီတပ်က ချေဆေးကျေးရွာအနီး တပ်စွဲနေသလို လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း မြင်းခြံခရိုင် PDF […]

ရက်ပေါင်း ၁၈၀ နေထိုင်နိုင်မည့်ဗီဇာကို တရုတ်နိုင်ငံကထုတ်ပေးမည် – PCT NEWS HOMEPAGE

သတ်မှတ်ချက်နှင့်ကိုက်ညီသော မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် တရုတ်နိုင်ငံတွင် အများဆုံးရက်ပေါင်း ၁၈၀ နေထိုင်ခွင့်ရရှိမည့် ဗီဇာအမျိုးအစားကို မနက်ဖြန်(နိုဝင်ဘာ ၁၈ ရက်)မှ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ၎င်း၏ ဝီချက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါဗီဇာသည် တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) အမျိုးအစားဖြစ်သည်ဟု သိရပြီး အများဆုံးဗီဇာသက်တမ်းငါးနှစ်၊ အများဆုံးနေထိုင်ခွင့်ကာလ ၁၈၀ ရက်ရှိသည့် ဗီဇာအမျိုးအစားဖြစ်သည်ဟုဆိုသည်။ ❝ပြောမယ်ဆိုရင်တော့ အခုလိုလုပ်လိုက်တာ ကောင်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ အရင်ကဆိုရင် တရုတ်ကို တစ်ခေါက်သွားတိုင်း ဗီဇာတစ်ခါယူရတယ်ဗျာ။ အခုက ဗီဇာတစ်ခါလုပ်ထားရင် တရုတ်နိုင်ငံထဲကို ငါးနှစ်အတွင်း ကြိုက်သလိုဝင်ထွက်သွားလာနိုင်မယ်။ ဒါပေမယ့် အဲ့ဒီဗီဇာကိုတော့ လူတိုင်းကိုပေးမှာမဟုတ်ဘူး။ သူတို့သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ကိုက်ညီတဲ့ […]

အကြမ်းဖက်တွေကို လက်မခံတောတဲ့ တောင်တွင်းကြီးသားများ

မကွေးတိုင်း သရက်ခရိုင်အကြမ်းဖက် PDF တပ်ရင်း(၁)ရှိ pdf များမှ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများထံမှ အစားအစာနှင့် ဆေးဝါးများကို အတင်းအဓမ္မ တောင်းခံနေတာကို မခံမရပ်နိုင်ဖြစ်နေတဲ့ တောင်တွင်းကြီးမြို့နယ် လက်ပံကွေ့ကျေးရွာမှ တာဝန်သိရွာသားများ၏ သတင်းပေးပို့ချက်အရ သရက် PDF အဖွဲ့မှ အရာခံ‌ဗိုလ်အဆင့်ရှိ မြတ်သူ ဦးစီးအင်အား (၆) ဦးခန့်ဟာ တောင်တွင်းကြီးမြို့နယ် ဂွေးပင်ရိုးကျေးရွာအနီး ရောက်ရှိနေကြောင်း သတင်းအတိအကျရရှိခဲ့ပါတယ်….. သတင်းရရှိသည်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကအကြမ်းဖက်သမားများ ခိုအောင်း‌ရောက်ရှိ နေသော ဂွေးပင်ရိုးကျေးရွာအနီး သွားရောက်ရှင်းလင်းစဉ် ပြောင်းခင်းများအတွင်း ပုန်းအောင်းနေသော အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ……. သရက် PDF တပ်ရင်း (၁) မှ အရာခံဗိုလ်အဆင့်ရှိသူ မြတ်သူအပါအဝင် အကြမ်းဖက်သမား (၆) ဦးအား လက်ပစ်ဗုံး ၂ လုံး၊ […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

 https://www.youtube.com/watch?v=OH_XgOX4mEo #Daily_NewsPublished 18 November 2024 ၁။ သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ပွဲတွင် အသက်(၁၀၀) ကျော်စာရေးဆရာကြီး(၂)ဦးပါပူဇော်ကန်တော့မည် ၂။ မော်တော်ယာဉ်အားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ထပ်မံအသိပေး ၃။ အခုအပတ်စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းအနည်းငယ်တက်လာ ၄။ ပီရူးနိုင်ငံမှ ချန်ကိုင်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနား တရုတ်နှင့်ပီရူးသမ္မတတို့တက်ရောက်ဖွင့်လှစ် … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link

ရွှေတိဂုံစေတီတွင် ရွှေစင်ရွှေပြားသင်္ကန်းတော်များစတင် ကပ်လှူပူဇော်၊ ရွှေစင်ရွှေပြား(၄၇၃၉)ချပ်လှူဒါန်းထား

#Local_NewsPublished 18 November 2024 ▪️ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၈)ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ▪️ ရွှေစင်ရွှေပြား သင်္ကန်းတော်များအား ရထားပျံဖြင့်တင်လှူပူဇော်ခြင်း အခမ်းအနားကို ကျင်းပရာဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက ၆ ကျပ်သား ရွှေစင်ပြား ၁ ချပ်နှင့် ၁ ကျပ်သား ရွှေစင်ပြား ၈ ချပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၁ ကျပ်သား ရွှေစင်ပြား ၁ ချပ် ရထားပျံပေါ်သို့ အသီးသီးပင့်ဆောင်၍ အမွှေးနံ့သာများပက်ဖြန်း ပူဇော်ခဲ့သည်။ ▪️ ထို့အပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၁ ကျပ်သား ရွှေစင်ပြား ၂ ချပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ၁ ကျပ်သား […]

Wolverine Imagine – Chapter 1

A/N: Ok, so this is the first story that someone besides one of my friends will read!! I’m sorry if it’s a super crappy story, but please give me feedback, anything is appreciated!! I hope it’s at least somewhat of an enjoyable imagine… ~ ~ ~ ~ Everyone was quiet on the plane, watching Genosha […]

ဖယ်ခုံ စစ်ရှောင်စခန်းကို ဒုတိယအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင် ကူညီနေသူ တစ်ဦးထံမှ သိရသည်။ “ လအိရွာနားဘက်က ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲသွားတာ။ လေယာဉ်နဲ့ ၆ ကြိမ်လာပစ်တယ်။ အရင်က ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခ န်းပဲ။ သူတို့က စစ်ရှောင်တွေကို အဓိက တိုက်ခိုက်နေတာ။ သတိနဲ့ နေကြရင်တော့ အကောင်းဆုံးပေါ့။” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လေကြောင်း […]

ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ  – Myanmar Now

တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။  အသက် ၅၉ နှစ်ခန့်ရှိသူ ဖုန်တာရွှင်သည် MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်ပြီး၊ ၎င်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ လွန်ခဲ့သည့်လကုန်ပိုင်းက ယူနန်ပြည်နယ်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။  ထိုတွေ့ဆုံပွဲပြီးဆုံးချိန်မှစ၍ ၎င်းအားတရုတ်အာဏာပိုင်များက မြန်မာနိုင်ငံဖက်သို့ ပြန်ခွင့်မပေးတော့ပဲ အကျယ်ချုပ်ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံယူနန် ပြည်နယ်ရှိ သတင်းရင်းမြစ်များကဆိုသည်။  ကနဦးသတင်းများအရ ဆွေးနွေးပွဲအပြီး၎င်းမြန်မာနိုင်ငံသို့ ပြန်မလာနိုင်ခြင်းမှာ ယူနန်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရသည်ဟုဆိုခဲ့သော်လည်း ယခုအခါ ၎င်းအား တရုတ်အစိုးရက အကျယ်ချုပ်ချထားသည်။ သို့ရာတွင် ဖုန်တာရွှင်သည် ၎င်း၏ MNDAA တပ်ခေါင်းဆောင်များနှင့်မူ […]

လပြည့်ည လမ်းပေါ်ထွက်သူတချို့ စစ်သားသစ်အဖြစ် စုဆောင်းခံရဟုဆို – Myanmar Now

နိုဝင်ဘာ ၁၅၊  တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းက လမ်းပေါ်ထွက်မိသည့်  နေပြည်တော်ဒေသခံ လူငယ်အချို့ နောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး  စစ်သားသစ်အဖြစ် စုဆောင်းခံနေရသည်ဟု ထိုလူငယ်တို့၏မိသားစုများနှင့် နီးစပ်သူတို့က ပြောသည်။ တန်ဆောင်မုန်း လပြည့်ညက  ပံ့သကူပစ်ထားသည်များကို ကောက်ယူရန်၊ သူခိုးကြီးညအဖြစ် နောက်ပြောင် ပြုမူရန် အပြင်ထွက်ကြရာမှ အဖမ်းခံရခြင်း ဖြစ်သည်ဟု သိရသည်။ နေပြည်တော် ပျဉ်းမနားမြို့နယ်၊  အာဟာရသုခဈေးအနီး သူဌေးကုန်းရွာနေ လူငယ် ၅ ဦးမှာ နေအိမ်တစ်အိမ်မှ ကြက်နှင့် အစားသောက်အချို့ကို ယူဆောင်သွားပုံကို အိမ်ရှင်က လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိတိုင်ကြားရာမှ အဖမ်းခံရသည်ဟု  ဖမ်းဆီးခံမိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ “နောက်မလုပ်အောင် သတိပေးဆုံးမပေးပါဆိုပြီး အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ၊ နောက်နေ့ကျတော့ စစ်ကားတွေနဲ့လာဖမ်းပြီး တပ်ထဲပို့လိုက်တယ်” ဟု သူက ပြောသည်။ အသက် ၂၀မှ […]