ylliX - Online Advertising Network

အကိုကြီးက ဆေးလိပ်ကြိုက်တတ်လို့ နေ့တိုင်း လာပို့နေပါတယ် – Myanmar Now

မြန်မာပြည်အလယ်ပိုင်း၊ အညာဒေသ ရွာလယ်တစ်နေရာမှာ ဒေသခံတွေ ဦးခေါင်းနဲ့ ခြေ၊ လက်တွေ ဖြတ်တောက်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရတာ တစ်လပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ ၁၇ရက်နေ့မှာ ဘုတလင်မြို့နယ်ထဲက အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ စီပါဆိုတဲ့ ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အိမ်ခြေ ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး၊ ဖမ်းဆီး၊ သတ်ဖြတ်ခံရသူ ၆ဦးထဲမှာ စီပါရွာသား ၅ဦး ပါဝင်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ကိုယ်လက်အင်္ဂါတွေ ခုတ်ထစ်ဖြတ်တောက်ခံရပြီး သေဆုံးသွားသူတွေကတော့ စီပါရွာက အသက် ၇၈နှစ်အရွယ် ဦးတင်လှိုင်၊ အသက် ၆၅နှစ်အရွယ် ဦးကြောင်ပို၊ အသက် ၄၂နှစ်အရွယ် ဦးထက်အောင်နဲ့ ဦးလှစိန်၊ ဦးဌေးလွင်တို့ ဖြစ်ကြပါတယ်။ ရက်ရက်စက်စက် အသတ်ခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် […]

တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် မြို့တွင်းတိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ပိတ်မိအရပ်သား အများအပြား ထွက်မရောက်ဖြစ်နေ – Western News

ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် တောင်ကုတ်မြို့အား AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ် AA ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းမှာ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်က AA ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။ “တောင်ကုတ်တက္ကသိုလ်ကို သိမ်းလိုက်တာက ရက်ပိုင်းလောက်ရှိနေပါပြီ။ တိုက်ပွဲက အခု ကိုင်းရှည်ရပ်ကွက်ကျော်ပြီး မြို့လယ်ကို ရောက်သွားပြီ။ တောင်ကုတ်တက္ကသိုလ်ထဲမှာ […]

မဟာအောင်မြေမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

မဟာအောင်မြေမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ | Ministry Of Information Skip to main content Breadcrumb Home  /  မဟာအောင်မြေမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ Source link

(၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနား ကျင်းပ

(၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနား ကျင်းပ | Ministry Of Information Skip to main content Breadcrumb Home  /  (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနား ကျင်းပ Source link

ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် TNLA တပ်တို့ အပြန်အလှန် ကုန်စည်ပိတ်ဆို့ – Myanmar Now

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန်စည်ရှားပါးနေသည့် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် တအာင်းတပ် (TNLA) တို့က နှစ်ဖက်တပ်ထိန်းချုပ်ထားရာဒေသများသို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန် အပြန်အလှန်ပိတ်ဆို့ထားကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်တို့မှ မြန်မာဘက်သို့ တင်သွင်းမည့် သွင်းကုန်များကို ယခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် တရုတ်အစိုးရက ကန့်သတ်ခဲ့ခြင်းကြောင့် တရုတ်ကုန်စည်များရှားပါးလာချိန် ဒေသတွင်းလှုပ်ရှားနေသော စစ်ကောင်စီတပ် နှင့် TNLA တို့က ထိုသို့ အပြန်အလှန်ပိတ်ဆို့မှု ဖြစ်ပေါ်လာသည်။ စစ်ကောင်စီသည် ပြင်ဦးလွင်မြို့မှ ရှမ်းမြောက်ဒေသသို့အထွက်လမ်းနှင့် ရှမ်းတောင်ပိုင်းမှ မြောက်ပိုင်းသို့ ကွေ့ပတ်ဝင်ရောက်နိုင်သည့် လမ်းပိုင်းကိုလည်း ပိတ်ဆို့ထားလိုက်သည်။ စစ်ကောင်စီတပ်၏ ပိတ်ပင်မှုများ ပြုလုပ်လာချိန် တအာင်းတပ်ကလည်း စစ်ကောင်စီ ထိန်းချုပ်သည့် မူဆယ်မြို့သို့ စက်သုံးဆီမဝင်ရန် တန်ပြန်ပိတ်ဆို့ထားခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် […]

ဝန်ကြီးချုပ်ဟောင်းဦးဗဆွေ၏ သားဖြစ်သူ ဦးနေမျိုးဗဆွေကွယ်လွန် – Myanmar Transparency News

၂၀. ၁၁. ၂၀၂၄Written by Thettant ဝန်ကြီးချုပ်ဟောင်းဦးဗဆွေရဲ့ သားဖြစ်သူ ဦးနေမျိုးဗဆွေဟာ အသက် ၇၈ နှစ်အရွယ် မနေ့ကည သန်းခေါင်ယံအချိန်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သားဖြစ်သူက အသိပေးထားပါတယ်။ “ဉီးနေမျိုးဗဆွေ အသက်(၇၈)နှစ် ယနေ့ည ၁ နာရီမိနစ် ၃၀ တွင် ကွယ်လွန်အနိစ္စရောက်ပါသည်ခင်ဗျာ။ သောကြာနေ့တွင်ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ပါမည်ခင်ဗျာ။ အားလုံး အသုဘရှူရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။ ကန်လမ်း၊ ကန်ရိပ်မွန်ကွန်ဒိုတွင် ကွယ်လွန်အနိစ္စရောက်ပါသည်ခင်ဗျာ”လို့ သားဖြစ်သူ ကိုနေမျိုးဦးက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ဦးဗဆွေဟာ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ၁၉၅၆ – ၁၉၅၇ ခုနှစ်မှာ တာဝန်ယူခဲ့ဖူးပြီး ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို သားသမီးဆယ်ဦး မွေးဖွားရာမှာ အခုကွယ်လွန်သူ ဦးနေမျိုးဗဆွေဟာ ဒုတိယမြောက်သားဖြစ်ပြီး ဦးဗဆွေရဲ့ နိုင်ငံရေးအမွေဆက်ခံသူအဖြစ်မူ ဦးနေဖူးဗဆွေက လူသိများပါတယ်။ […]

ထိုင်းဘတ်ငွေ သန်း ၁၀၀အပါအဝင် နိုင်ငံခြားငွေကြေးများ ဗဟိုဘဏ်ထပ်မံထုတ်ရောင်း

 https://www.youtube.com/watch?v=TY4vc24FDrs မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့  ထိုင်းဘတ်ငွေ သန်း ၁၀၀ အပါအဝင်  နိုင်ငံခြားငွေကြေးတွေကို ထပ်မံထုတ်ရောင်းလိုက်တယ်လို့ သိရပါတယ်။#Local_NewsPublished 20 November 2024#ထိုင်းဘတ်ငွေ #ဗဟိုဘဏ်#YMG/NN #Yangon_Times Source link

The Dangerous Lives of Altar Boys (2002) – Channel Myanmar

  The Dangerous Lives of Altar Boys (2002) IMDb Rating (6.9) / Rotten Tomatoes (76%)   2002ခုနှစ်က ထွက်ရှိထားတဲ့ လူငယ်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားထဲမှာဆိုရင် ပြီးရင် Autospy of Jane Doe ဇာတ်ကားထဲက မင်းသား Emile Hirsch နဲ့ The Silence of Lambs ဇာတ်ကားထဲမှ မင်းသမီး Jodie Foster တို့ ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်သလစ်ကျောင်းတတ်နေကြတဲ့ ကောင်လေးအုပ်စုဟာ ညစ်ညမ်းတဲ့ ကာတွန်းစာအုပ်တွေဆွဲတာကို ကျောင်းကမိသွားပါတယ်။ အဲ့တာကို သူတို့က ကျောင်းက စစ္စတာကို prank ပြန်လုပ်ကြမှာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်းသား၊ မင်းသမီးတွေရဲ့ […]

နောင်ချိုမြို့တောင်ဘက်သို့ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို TNLA နှင့် MDY-PDF ပူးပေါင်းခုခံနေ – Myanmar Now

စစ်ဗိုလ်ချုပ်ကြီးအချို့နေထိုင်ရာနှင့် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၂၁ မိုင်သာဝေးသည့် ရှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နယ်အတွင်း တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့( နိုဝင်ဘာ ၁၉ ရက်) တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်၏တောင်ဘက် ရေဝင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ရာသို့ ပြင်ဦးလွင်မြို့ပြင်တွင် တပ်စွဲထားသည့် စစ်ကောင်စီပတ်၏ ဝက်ဝံဂိတ်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ “သူတို့(စစ်ကောင်စီ) ထိုးတက်လာလို့ ရေဝင်မှာ တိုက်ပွဲဖြစ်နေတာရှိတယ်။ မနေ့က အချိန်တော်တော်ကြာကြာ တိုက်ပွဲဖြစ်တယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ နိုဝင်ဘာ၁၈ ရက်နှင့် ၁၉ရက် များတွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံအနီးသို့ စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဗုံးကြဲသဖြင့် ရွာခံအမျိုးသားတစ်ဦး […]